ဇန်နဝါရီ ၇ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၇-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၈၇)ခု၌ နိုင်ငံသား(၁၅၁၈)ဦး၊ သံသယလူနာ(၇၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၅၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆၃)ခု၌ နိုင်ငံသား(၈၉၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၄)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၀၆)ခု၌ နိုင်ငံသား(၆၈၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၆၃)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၀၀)ခု၌ နိုင်ငံသား(၁၃၄၃)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၇၀)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၅၆)ခု၌ နိုင်ငံသား(၄၄၄၂)ဦးရှိပြီး သံသယလူနာ(၇၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၅၁)ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်းရရှိသည်။
Read More »