Home / 2021 / January / 08

Daily Archives: January 8, 2021

ဇန်နဝါရီလ(၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၈ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၈-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၇၇)ခု၌ နိုင်ငံသား(၁၅၁၅)ဦး၊ သံသယလူနာ(၈၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၉၉)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၈)ခု၌ နိုင်ငံသား(၈၀၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၆)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၂)ခု၌ နိုင်ငံသား(၇၃၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၆၃)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၀၇)ခု၌ နိုင်ငံသား(၁၃၆၄)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၇၇)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၆၄)ခု၌ နိုင်ငံသား(၄၄၁၅)ဦးရှိပြီး သံသယလူနာ(၈၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၀၅)ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

Read More »

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ဇန်နဝါရီ ၈ (နေပြည်တော်) ====================== အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ဇန်နဝါရီလ(၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်က Video Conferencing System ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ခရီးသွားလုပ်ငန်းများ ဟန်ချက်ညီညီ ရေရှည်တည်တံ့ခိုင်မြဲနိုင်ရေးအတွက် Covid-19 ကာလအတွင်း ပြန်လည်ကုစားရေးလုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းများ လုံခြုံစိတ်ချဘေးကင်းစွာ သွားလာနိုင်ရေး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ လူထုအခြေပြုခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာနိုင်စေရေး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းများများမှ ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူက အမှာစကားပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ဝန်ကြီးဌာနအလိုက် Covid-19 ကာလအတွင်းနှင့် Covid-19 ကာလအလွန်တွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရေရှည်ရပ်တည်နိုင်ရေး …

Read More »