Home / 2021 / January / 09

Daily Archives: January 9, 2021

ဇန်နဝါရီလ(၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၉ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၉-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၉)ခု၌ နိုင်ငံသား(၁၅၆၀)ဦး၊ သံသယလူနာ(၈၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၀၂၆)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၅)ခု၌ နိုင်ငံသား(၇၉၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၆)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၉)ခု၌ နိုင်ငံသား(၇၆၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၆၅)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၇၃)ခု၌ နိုင်ငံသား(၁၄၂၇)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၇၄)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၂၆)ခု၌ နိုင်ငံသား(၄၅၄၉)ဦးရှိပြီး သံသယလူနာ(၈၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၃၁)ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဇီးကုန်းမြိုနယ် တောင်ရေကန်ကျေးရွာနှင့် နတ္တလင်းမြို့နယ် တောင်ယာတောကျေးရွာသို့ ဆက်သွယ်သွားလာနိုင်မည့် မြေသားလမ်းဖေါက်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှု

ဇန်နဝါရီ ၉ (ဇီးကုန်း) ———————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၉)ရက်နေ့ မွန်းလွှဲပိုင်းအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သာယာဝတီခရိုင် ဇီးကုန်းမြိုနယ် စံပါယ်မြှောင်ကျေးရွာအုပ်စု တောင်ရေကန်ကျေးရွာနှင့် နတ္တလင်းမြို့နယ် တောင်ယာတောကျေးရွာအုပ်စု၊ တောင်ယာတောကျေးရွာသို့ ဆက်သွယ်သွားလာနိုင်မည့် မြေသားလမ်း ဖေါက်လုပ်နိုင်ရေး မြေပြင်အခြေအနေအား ကွင်းဆင်းကြည့်ရှုကြသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်လူက ဇီးကုန်းမြိုနယ် တောင်ရေကန်ကျေးရွာနှင့် နတ္တလင်းမြို့နယ် တောင်ယာတောကျေးရွာသို့ ဆက်သွယ်သွားလာနိုင်မည့် မြေသားလမ်းဖေါက်လုပ်နိုင်ရေး ဆောင်ရွက်ထားရှိသည့် အခြေအနေများအား ရုပ်ပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန် လမ်းပန်းဆက်သွယ်ရေး ကောင်မွန်မှုသည် အဓိကကြကြောင်း၊ အဆိုပါကျေးရွာချင်းဆက် လမ်းကြီးပေါ်ပေါက်လာပါက ဒေသနေပြည်သူများ များစွာအကျိုးရရှိလာမည်ဖြစ်သည့်အတွက် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ ဇီးကုန်းမြိုနယ် တောင်ရေကန်ကျေးရွာနှင့် နတ္တလင်းမြို့နယ် တောင်ယာတောကျေးရွာသို့ ဆက်သွယ်သွားလာနိုင်မည့် မြေသားလမ်းဖေါက်လုပ်မည်ဆိုပါက လမ်းအရှည်(၃/၃.၂)မိုင်ရှိပြီး ယင်းလမ်းပေါ်တွင် …

Read More »

ပဲခူးတိုင်းဒေသကြီး‌ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ (ပဲခူး-အနောက်) လေ့ကျင့်ရေးအစီအစဉ် ဆင့်ပွားသင်တန်းဖွင့်လှစ်

ဇန်နဝါရီ ၉ (ဇီးကုန်း) ———————- ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့ စည်ပင်သာယာခန်းမတွင် ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၁၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး‌ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ (ပဲခူး-အနောက်) လေ့ကျင့်ရေးအစီအစဉ် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ COVID-19 ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင်၊ ပဲခူးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့၊ ဥက္ကဌ ဦးသိန်းဒန်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးဝင်းသိန်းတို့က အမှာစကားပြောကြားကြသည်။ ထို့နောက် ရွေးကောက်ပွဲကြေညာစာတမ်းနှင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ဗဟိုကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးကလည်းကောင်း၊ လွှတ်တော်တွင်း မေးခွန်း၊ အဆိုတင်သွင်းခြင်းနှင့် ဥပဒေပြုခြင်းဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်က လည်းကောင်း၊ စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်း၊ အခွန်အကောက်ဆိုင်ရာနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဇီးကုန်းမြို့နယ် မြောက်လုပ်ကုန်းကျေးရွာတွင် ဆောင်ရွက်နေ့သည့် နေဗီယာမြက် စိုက်ပျိုးသရုပ်ပြခြံ ကွင်းဆင်းကြည့်ရှု

ဇန်နဝါရီ ၉ (ဇီးကုန်း) —————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၉)နာရီအချိန်က အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးသိန်း၊ တိုင်း၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇီးကုန်းမြို့နယ် နွားတဲကုန်းကျေးရွာအုပ်စု၊ မြောက်လုပ်ကုန်းကျေးရွာတွင် ဆောင်ရွက်နေသည့် နေဗီယာမြက် စိုက်ပျိုးသရုပ်ပြခြံအား ကွင်းဆင်းကြည့်ရှုကြသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင့်သူနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းဦးတို့က နေဗီယာမြက် စိုက်ပျိုးထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က နေဗီယာမြက် စိုက်ခင်းအတွင်း ပေါင်း၊ မြက်များမရှိစေရေးအတွက် အခြားစားသုံးသီးနှံပင်များ စိုက်ပျိုးထားရှိရန်နှင့် ပတ်ဝန်းကျင်ကျေးရွာအသီးသီးမှ ပြည်သူများ လာရောက်လေ့လာကြည့်ရှုနိုင်အောင် စံပြကွက်ဖြစ်စေရန် ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ပြီး နေဗီယာမြက်စိုက်ပျိုးထားရှိမှုကြည့်ရှုကာ အမှတ်တရအထိမ်းအမှတ်အဖြစ် သပြေဘူတအရိပ်ရပန်းမန်ပင်အား စိုက်ပျိုးပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈) နယ်မြို့နယ်တွင် နေဗီယာမြက်စိုက်ခင်းများအား နွေရာသီအစာရှားပါးချိန်တွင် သိုလှောင်ကျွေးမွေးနိုင်ရန်၊ အာဟာရပြည့်ဝသော အဆင့်မြင့်စားကျက်များ စိုက်ပျိုးနိုင်ရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေရန်နှင့် တိရစ္ဆာန်များ …

Read More »