Home / 2021 / January / 10

Daily Archives: January 10, 2021

ဇန်နဝါရီလ(၁၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၁၀ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၀-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၇၆)ခု၌ နိုင်ငံသား(၁၅၄၄)ဦး၊ သံသယလူနာ(၈၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၀၅၁)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၂)ခု၌ နိုင်ငံသား(၇၅၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၃)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၅)ခု၌ နိုင်ငံသား(၇၆၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၇၁)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၇၅)ခု၌ နိုင်ငံသား(၁၄၇၈)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၆၆)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၂၈)ခု၌ နိုင်ငံသား(၄၅၅၀)ဦးရှိပြီး သံသယလူနာ(၈၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၅၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ဖိုမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု ကျန်းမာရေး အထောက်အကူပြုပစ္စည်းများလှူဒါန်း

ဇန်နဝါရီ ၁၀ (အုတ်ဖို) ———————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၀)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုး‌ရွှေအောင်၊ အုတ်ဖိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ကျော်ဇင်ဦးတို့နှင့်အတူ အုတ်ဖိုမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့သည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား အုတ်ဖိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်က ဆေးရုံကြီးတွင် COVID-19 ရောဂါ လူနာများ တက်ရောက်ကုသပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကုသရေးအပိုင်း၊ လူနာများထားရှိမှု အပိုင်းများနှင့်ပတ်ငက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအတွက် ကျန်းမာရေး အထောက်အကူပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ၊ လက်သန့်ဆေးရည်ဗူးများ၊ နှာခေါင်းစည်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇော်မောင်ထံသို့လည်းကောင်း၊ မြို့နယ်‌COVD ကော်မတီအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်ကို မြို့နယ်‌COVD ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ဖိုမြို့နယ် တက်ဆွဲအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများနှင့်တွေ့ဆုံ

ဇန်နဝါရီ ၁၀ (အုတ်ဖို) ——————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၀)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်ခန့်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာ နန္ဒာသီရိဘုန်းတော်ကြီးကျောင်း၌ တက်ဆွဲကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရအနေဖြင့် Covid-19 ကာလအတွင်းဖြစ်နေသော်လည်း ဒေသခံပြည်သူများ၏ အခက်အခဲများ၊ မြို့နယ်အလိုက် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ သွားရောက်ကြည့်ရှု ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလည်း အထူးသဖြင့် ကျေးလက်ဒေသများ၏ လမ်း၊ တံတား၊ လျှပ်စစ်မီးများ လိုအပ်ချက်များကို ကွင်းဆင်းကြည့်ရှု၍ ဘဏ္ဍာနှစ်အလိုက် ကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြခဲ့ကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားသို့ …

Read More »

ကြို့ပင်ကောက်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မီးလောင်မှုဖြစ်ပွားရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်ကြည့်ရှု

ဇန်နဝါရီ ၁၀ (ကြို့ပင်ကောက်) ——————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်(၈)နာရီအချိန်က အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးသိန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြို့ပင်ကောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း မီးလောင်သွားမှု အခြေအနေအား သွားရောက်ကြည့်ရှုကြသည်။ ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်(၅.၀၅)မိနစ်အချိန်ခန့်တွင် ကြို့ပင်ကောက်မြို့ အခြေပညာအထက်တန်းကျောင်း ပင်မဆောင် ရွှေညီလာခန်းမအား Quarantine ဝင်နေသည့် သံဃာတစ်ပါးမှ မီးရှို့မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကြို့ပင်ကောက်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ၊ ဇီးကုန်းမြို့နှင့် အုတ်ဖိုမြို့တို့မှ မီးသတ်တပ်ဖွဲ့များ၏ မီးသတ်ယာဉ်များ ဝိုင်းဝန်ငြိမ်းသတ်မှုကြောင့် နံနက် (၅)နာရီ(၃၀)နာရီခန့်တွင် မီးညွှန့်စတင် ထိန်းနိုင်ခဲ့ကြောင်း (၅)နာရီ(၃၈)မိနစ်တွင် မီးငြိမ်းသွားကြောင်း အဆိုပါကျောင်းတွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Quarantine နေထိုင်သူများအရေအတွက် ၅၇ ဦးရှိကြောင်း ယခုစတင်မီးလောင်သည့် ရွှေညီလာခန်းမတွင် သံဃာတော်တစ်ပါး Quarantine ထားရှိကြောင်း သိရသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကြို့ပင်ကောက်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် …

Read More »

မြို့နယ်ချင်းဆက်၊ ကျေးရွာချင်းဆက် မိုးညိုမြို့နယ် ငါးကျီးကွန်ကရစ်တံတားဖွင့်ပွဲ ကျင်းပပြုလုပ်

ဇန်နဝါရီ ၁၀ (မိုးညို) ———————— ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ငါးကြီးကျေးရွာတွင် ဇန်နဝါရီလ(၁၀) ရက်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ချင်းဆက်၊ ကျေးရွာချင်းဆက် ငါးကျီးကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ကျော်လူက တံတားနှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြကာ မိုးညိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက တံတားဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးသိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်းနှင့် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ကျော်လူတို့က ဖဲကြိုးဖြတ်ဖွင့်ပေးကာ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး …

Read More »