ဇန်နဝါရီ ၁၂ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၂-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၇၃)ခု၌ နိုင်ငံသား(၁၅၆၅)ဦး၊ သံသယလူနာ(၈၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၇၀)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၆)ခု၌ နိုင်ငံသား(၇၂၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၃)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၁)ခု၌ နိုင်ငံသား(၈၁၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၇၇)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၇၈)ခု၌ နိုင်ငံသား(၁၄၉၉)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၆၁)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၁၈)ခု၌ နိုင်ငံသား(၄၆၁၀)ဦးရှိပြီး သံသယလူနာ(၈၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၉၁)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။
Read More »Daily Archives: January 12, 2021
ပဲခူးတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ဇန်နဝါရီ ၁၂ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ(၁၂)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအတွင်း Covid-19 ရောဂါ ကူးစက်မှု တတိယအများဆုံးဖြစ်နေကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော ပဲခူးမြို့တွင် ကူးစက်မှုအများဆုံးဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ လူဦးရေထူထပ်ခြင်း၊ ကုန်စည်သယ်ယူပို့ဆောင်ခြင်း၊ စက်ရုံ/အလုပ်များ တည်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်း ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာမှုများရှိသလို မလိုက်နာမှုများလည်းရှိကြောင်း၊ Covid-19 ရောဂါ ပိုးသစ်များ အရှေ့တောင်အာရှ အချို့နိုင်ငံများ၌ တွေ့ရှိနေပြီဖြစ်၍ မဖြစ်မနေ လူတစ်ဦးချင်း ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေးအသိ၊သတိများထားရှိရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အနောက်တံခါး ခိုးဝင်လာသူများမှ မြန်မာနိုင်ငံအတွင်း Covid-19 …
Read More »