Home / 2021 / January / 14

Daily Archives: January 14, 2021

ဇန်နဝါရီလ(၁၄)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၁၄ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၄-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၈)ခု၌ နိုင်ငံသား(၁၆၃၄)ဦး၊ သံသယလူနာ(၇၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၂၂)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၇)ခု၌ နိုင်ငံသား(၇၁၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၁)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၈)ခု၌ နိုင်ငံသား(၈၈၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၈၉)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၈၂)ခု၌ နိုင်ငံသား(၁၅၈၇)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၄၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၂၅)ခု၌ နိုင်ငံသား(၄၈၂၃)ဦးရှိပြီး သံသယလူနာ(၇၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၃၀)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »