Home / 2021 / January / 16

Daily Archives: January 16, 2021

ဇန်နဝါရီလ(၁၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၁၆ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၆-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၉)ခု၌ နိုင်ငံသား(၁၅၉၇)ဦး၊ သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၈၉၀)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၀)ခု၌ နိုင်ငံသား(၇၀၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၆)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၄)ခု၌ နိုင်ငံသား(၈၅၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၉၅)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၇၈)ခု၌ နိုင်ငံသား(၁၅၅၆)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၅၅)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၂၁)ခု၌ နိုင်ငံသား(၄၇၁၃)ဦးရှိပြီး သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၂၆)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

COVID-19 ကာကွယ်ဆေးဝယ်ယူရန် အုတ်တွင်းမြို့ ကြယ်နီဆေးပေါ့လိပ်မိသားမှ အလှူငွေကျပ်သိန်း(၅၀၀) လှူဒါန်း

ဇန်နဝါရီ ၁၆ (အုတ်တွင်း) ————————- ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမတွင် ဇန်နဝါရီလ(၁၆)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကြယ်နီဆေးပေါ့လိပ်မိသားစုမှ COVID-19 ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး ဦးခင်မောင်ဝင်း ဇနီး ဒေါ်သီရိသုဓမ္မသိင်္ဂီ ဒေါ်သန်းသန်းနွဲ့ (ကြယ်နီဆေးပေါ့လိပ်မိသားစု)မှ COVID-19 ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူငွေကျပ်သိန်း(၅၀၀) ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက အုတ်မြို့တွင်းမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ COVID-19 ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးတို့က လက်ခံရယူပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဦး‌ဆောင်၍ ပဲခူးမြို့တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အမူအကျင့်ပြောင်းလဲရေးဆိုင်ရာ လူထုလှုပ်ရှားမှုပြုလုပ်

ဇန်နဝါရီ ၁၆ (ပဲခူး) —————————— ပဲခူးဒေသခံများအတွင်း အမူအကျင့်ပြောင်းလဲခြင်းဆိုင်ရာ သင်င်္ကေတများ (Stop Covid Sign) အသုံးပြု၍ ဆောင်ရွက်မည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အမူအကျင့် ပြောင်းလဲရေးဆိုင်ရာ လူထုလှုပ်ရှားမှုကို ဇန်နဝါရီလ(၁၆) ရက်နေ့ နံနက် (၉)နာရီအချိန်က ပဲခူးမြို့၊ သနပ်ပင်လမ်းမတန်း လိပ်ပြာကန်ရှေ့၌ ကျင်းပပြုလုပ်သည်။ အဆိုပါလူထုလှုပ်ရှားမှုအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရေးလုပ်ငန်းများတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတ လူမှုရေးအဖွဲ့များ၊ ဒေသခံပြည်သူများ အားလုံး ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်လာစေရေးရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ We Love Bago အဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ …

Read More »

ပဲခူးမြို့ (၆)ထပ်စုပေါင်းတွင် မြေငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်‌လေ့ကျင့် သရုပ်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်

ဇန်နဝါရီ ၁၆ (ပဲခူး) —————————- ပဲခူးမြို့၊ ဥဿာမြို့သစ်၊(၇)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ (၆)ထပ်စုပေါင်းရုံးတွင် ဇန်နဝါရီလ(၁၆) ရက်နေ့ နံနက်(၈)နာရီအချိန်က သဘာဝဘေးအန္တရာယ်ဖြစ်သည့် မြေငလျင်ဘေးအန္တရာယ် ကြုံတွေ့လာပါက အရေးပေါ်ရှာ‌ဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင် မီးသတ်တပ်ဖွဲ့ဝင်များက တပ်ခွဲအဆင့် မြေငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်‌လေ့ကျင့် သရုပ်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ အစိုးရအဖွဲ့အတွင်း‌ရေးမှူး ဦးစိုးသိန်းနှင့် ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ ဒုတိုင်းဦးစီးမှူး ဦးကျော်ကျော်၊ ပဲခူးခရိုင်မီးသတ်ဦးစီးမှူး ဦးဟိန်းသူဟန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးဖြစ်သည့် အင်အားပြင်းထန်သော ငလျင်ဘေးအန္တရာယ် ဖြစ်ပွားလာပါက သတင်းရလျှင်ရခြင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မီးငြိမ်းသတ်နိုင်ရေးနှင့် ရှာဖွကယ်ဆယ်ရေးအထူးတပ်ဖွဲ့က အမြန်ဆုံးထွက်ခွာပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်‌ဆောင်မှု၊ မီးငြိမ်းသတ်မှု၊ ဓာတ်ငွေ့ယိုစိမ့်မှုရှိ/မရှိ …

Read More »