Home / 2021 / January / 17

Daily Archives: January 17, 2021

ဇန်နဝါရီလ(၁၇)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၁၇ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၇-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၆)ခု၌ နိုင်ငံသား(၁၅၉၈)ဦး၊ သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၈၉၉)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၇)ခု၌ နိုင်ငံသား(၇၀၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၆)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၈)ခု၌ နိုင်ငံသား(၈၆၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၉၇)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၇၄)ခု၌ နိုင်ငံသား(၁၅၁၃)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၄၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၁၅)ခု၌ နိုင်ငံသား(၄၆၈၄)ဦးရှိပြီး သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၃၀)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာ(၄)အား လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲကျင်းပပြုလုပ်

ဇန်နဝါရီ ၁၇ (ထန်းတပင်) ————————– ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ မဲဖလံ၊ ယောက်သဝ၊ ညောင်ပင်သာနှင့် မီးချောင်းခေါင်း ကျေးရွာ(၄)တွင် ဇန်နဝါရီ(၁၇)ရက်နေ့ (၁၀)နာရီအချိန်က လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မဲဖလံ၊ ယောက်သဝ၊ ညောင်ပင်သာနှင့် မီးချောင်းခေါင်း ကျေးရွာ(၄)ရွာ မီးလင်းရေးအတွက် ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏ၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးအောင်စံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးတို့က အမှာစကားပြောကြားကြပြီး တောင်ငူခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးအောင်စံက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးပြောကြားကာ လျှပ်စစ်မီးလင်းရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသူများနှင့် အလှူရှင်များအား …

Read More »