Home / 2021 / January / 18

Daily Archives: January 18, 2021

ဇန်နဝါရီလ(၁၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၁၈ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၈-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၃)ခု၌ နိုင်ငံသား(၁၅၈၉)ဦး၊ သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၈၁၃)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၉)ခု၌ နိုင်ငံသား(၇၄၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၇)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၃၃)ခု၌ နိုင်ငံသား(၉၁၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၀၃)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၇၅)ခု၌ နိုင်ငံသား(၁၅၂၂)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၄၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၂၀)ခု၌ နိုင်ငံသား(၄၇၆၈)ဦးရှိပြီး သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၁၅၁)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

စမိုးချောင်း‌ဟောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းတွင် ပါသွားသည့် လယ်ယာမြေများအတွက် မြေယာလျော်ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ဇန်နဝါရီ ၁၈ (ရေတာရှည်) ————————– ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်က ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော စမိုးချောင်းဟောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းတွင် ပါသွားသည့် လယ်ယာမြေမျာအတွက် မြေယာလျော်ကြေးပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို စောင့်ရှောက်ပေးရခြင်းသည် အစိုးရတစ်ရပ်၏ တာဝန်တစ်ခုပင်ဖြစ်ကြောင်း၊ မြစ်ချောင်းများ၊ တိမ်ကောခြင်း၊ မြစ်/ချောင်းကွေ့ များပြားခြင်းများကြောင့် မလိုလားအပ်သော ချောင်းကမ်းပါးပြိုကျခြင်း၊ ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခြင်းတို့ကြောင့် လယ်ယာမြေများ၊ နေအိမ်များနှင့် ပြည်သူများ၏ အသက်များပင် ဆုံးရှုံးခဲ့ရသည့် သာဓကများပင်ရှိကြောင်း၊ ဒီအခြေအနေများကို ကြိုတင်ရှောင်လွှဲနိုင်ရန်အတွက် မြစ်/ချောင်းကွေ့များရှိ သဲသောင်များ ပြန်လည်တူးဖော်ခြင်း၊ မြစ်/ချောင်း ဖြောင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မြစ်ချောင်းများနှင့်ပတ်သက်၍ ရေတိုကာကွယ်ရေး ရေထိန်းနံရံဆောင်ရွက်ခြင်း၊ …

Read More »