Home / 2021 / January / 19

Daily Archives: January 19, 2021

ဇန်နဝါရီလ(၁၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၁၉ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၉-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၄)ခု၌ နိုင်ငံသား(၁၅၄၉)ဦး၊ သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၇၉၆)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၀)ခု၌ နိုင်ငံသား(၇၅၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၆)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၃၂)ခု၌ နိုင်ငံသား(၉၃၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၀၈)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၅၉)ခု၌ နိုင်ငံသား(၁၄၀၄)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၄၃)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၀၅)ခု၌ နိုင်ငံသား(၄၆၃၈)ဦးရှိပြီး သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၁၂၃)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း UNDP ၏ အကူအညီဖြင့် မြို့နယ်(၅)မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး

ဇန်နဝါရီ ၁၉ (ပဲခူး) ————————- ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ (၁၉) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က UNDP ၏ အကူအညီဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၅)မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခြင်းအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် UNDP မြို့နယ်ဖွံ့ဖြိုးမှု အထောက်အပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ လူဦးရေအပေါ် မူတည်ပြီးရရှိသည့် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အလိုက် ၁/၂၀၁၇ တင်ဒါစည်းကမ်းများနှင့်အညီ စိစစ်ရွေးချယ်ထားပြီးလည်းဖြစ်ကြောင်း၊ လုပ်ငန်းတစ်ခုချင်းအလိုက် တင်ဒါပိုလျှံငွေများကိုလည်း ၎င်းလုပ်ငန်းနှင့်ဆက်စပ်သည့် လုပ်ငန်းများတွင် စနစ်တကျသုံးစွဲနိုင်ရေး UNDP နှင့်ပူးပေါင်း၍ စီမံချက်များ ရေးဆွဲထားရန်လိုအပ်ကြောင်း၊ ငွေကြေးသုံးစွဲရာတွင် လိုက်နာရမည့် …

Read More »

ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ Online Booking စနစ်ဖြင့် ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အစီအစဉ် သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၁၉ (ပဲခူး) =================== ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် Corona Virus Disease 2019(COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ခွင့်ပြုချက်အရ မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊လူစီးသုံးဘီးမော်တော်ယာဉ်နှင့် ထရော်လာဂျီယာဉ်များ၏ ကနဦးမှတ်ပုံတင် ခြင်းလုပ်ငန်းများကို ရုံးများအားလုံးတွင်(၂၀.၁.၂၀၂၁)ရက်(ဗုဒ္ဓဟူးနေ့)မှ စတင်၍ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ Online အသုံးပြုရန် အသေးစိတ်အချက်အလက်များအား www.motc.gov.mm, www.myanmarrtad.com, www.rtad.gov.mm Website များနှင့် RTAD HQ Facebook တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်၊ Onile Booking လျှောက်ထားသည့် Appointment Letter ၌ ကြိုတင် ဖော်ပြထားသည့် COVIDE-19 ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များအား သေချာစွာဖတ်ရှု၍ တိကျစွာအလေးထားလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါသည်၊ မရှင်းလင်းသည် များရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်- တိုင်းဒေသကြီးဦးစီးမှူးရုံး(ပဲခူး) – ၀၅၂-၂၂၃၀၀၄၆ ၀၉-၈၈၉၀၀၄၄၂၂ အပြည့်အစုံ ဖတ်ရှုရန်—————————

Read More »

နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရေးရန်ပုံငွေအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အလှူငွေကျပ်သိန်း(၄၀၀)လှူဒါန်း

ဇန်နဝါရီ ၁၉ (ပဲခူး) ————————- နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အလှူရှင်မိသားစုမှ အလှူငွေလာရောက်လှူဒါန်းခြင်း အခမ်းအ‌နားကို ဇန်နဝါရီလ(၁၉) ရက်နေ့ နံနက်(၁၀)နာရီအချိန်က အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ကျင်းပပြုလုပ်သည်။ လှူဒါန်းပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးညွန့်ရွှေ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးသိန်းနှင့် အလှူရှင်မိသားစုများ တက်ရောက်ကြပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လှူဒါန်းမှုအပေါ် ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။ ထို့နောက် အလှူရှင် ပဲခူးမြို့ ဥဿာမြို့သစ်၊(၇)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းနေ ဦးသိန်းအောင်+ဒေါ်အေးညွန့် သမီးမသူဇာအောင် မိသားစုမှ အလှူငွေကျပ်သိန်း(၄၀၀)အား ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »