Home / 2021 / January / 22

Daily Archives: January 22, 2021

ဇန်နဝါရီလ(၂၂)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၂၂ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၂-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၅)ခု၌ နိုင်ငံသား(၁၄၃၃)ဦး၊ သံသယလူနာ(၇၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၇၁၆)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၉)ခု၌ နိုင်ငံသား(၇၁၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၅၀)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၃၀)ခု၌ နိုင်ငံသား(၉၃၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၃၃)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၆၄)ခု၌ နိုင်ငံသား(၁၃၈၄)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၅၂)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၀၈)ခု၌ နိုင်ငံသား(၄၄၇၁)ဦးရှိပြီး သံသယလူနာ(၇၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၅၁)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရေးအတွက် ပဲခူးမြို့သူ/သားများ စုပေါင်း၍ (ဒုတိယအကြိမ်) အလှူငွေကျပ်သိန်း(၁၀၀၀)လှူဒါန်း

ဇန်နဝါရီ ၂၂ (ပဲခူး) —————————— ပဲခူးမြို့ သီရိဟံသာခန်းမတွင် ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်က We Love Bago Charity organization မှတဆင့် နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရေးအတွက် ပဲခူးမြို့မှအလှူရှင်များက ဒုတိယအကြိမ်အလှူငွေ ကျပ်သိန်း(၁၀၀၀)လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ We Love Bago Charity organization ၏ ဂုဏ်ထူးဆောင်နာယကကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး We Love Bago Charity organization မှတဆင့် နိုင်ငံတော်၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်းထားသော ပဲခူးမြို့မှ အလှူရှင်များအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေနှင့် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်တို့က ဂုဏ်ပြုလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။ We Love Bago Charity …

Read More »