Home / 2021 / January / 23

Daily Archives: January 23, 2021

ဇန်နဝါရီလ(၂၃)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၂၃ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၃-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၈)ခု၌ နိုင်ငံသား(၁၃၈၄)ဦး၊ သံသယလူနာ(၇၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၇၁၉)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၈)ခု၌ နိုင်ငံသား(၇၀၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၄၇)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၆)ခု၌ နိုင်ငံသား(၉၃၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၃၁)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၆၂)ခု၌ နိုင်ငံသား(၁၃၉၅)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၅၂)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၀၄)ခု၌ နိုင်ငံသား(၄၄၂၆)ဦးရှိပြီး သံသယလူနာ(၇၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၄၉)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့(၁၀)မိုင်ကုန်း ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်ဆရာတော်နှင့် တပည့်များမှ နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရေးအတွက် အလှူငွေလှူဒါန်း

ဇန်နဝါရီ ၂၃ (ပဲခူး) —————————— ပဲခူးမြို့ (၁၀)မိုင်ကုန်း ဓမ္မဒူတတောရသာသနာ့ရိပ်သာနှင့် ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်‌ကျောင်းတိုက်တွင် ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်(၁၁) နာရီအချိန်က နိုင်ငံတော်၏ ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးဝယ်ယူရေးအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး (၁၀)မိုင်ကုန်း ဓမ္မဒူတတောရသာသနာ့ရိပ်သာနှင့် ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်‌ ကျောင်းတိုက်ဆရာ‌တော် ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရာဘိဝံသက ဩဝါဒကထာမြွက်ကြားသည်။ ထို့နောက် ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ပညိဿရာဘိဝံသနှင့် တပည့်ဒါယကာ၊ ဒါယိကာမများ ကိုယ်စား တပည့်ဒါယကာတစ်ဦးက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ နိုင်ငံတော်၏ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးဝယ်ယူရေးအတွက် အလှူငွေကျပ်(၂၃၁)သိန်းအား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေတို့က အလှူငွေကျပ်(၅)သိန်းနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကိုလည်းကောင်း၊ …

Read More »