Home / 2021 / January / 24

Daily Archives: January 24, 2021

ဇန်နဝါရီလ(၂၄)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၂၄ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၄-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၅၇)ခု၌ နိုင်ငံသား(၁၃၂၇)ဦး၊ သံသယလူနာ(၇၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၆၉၈)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၈)ခု၌ နိုင်ငံသား(၇၂၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၄၂)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၇)ခု၌ နိုင်ငံသား(၈၈၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၃၄)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၅၇)ခု၌ နိုင်ငံသား(၁၃၉၆)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၃၆)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၈၉)ခု၌ နိုင်ငံသား(၄၃၂၉)ဦးရှိပြီး သံသယလူနာ(၇၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၁၀)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း နွေစပါးစိုက်ဧက(၄၀၀၀၀)ကျော် စိုက်ပျိုးရေပေးလျှက်ရှိသည့် စစ်ပင်ဆိပ် ယာယီမြေသားချောင်းပိတ်တမံ ဆောင်ရွက်ပြီးစီးမှု့အား ကြည့်ရှုစစ်ဆေး

ဇန်နဝါရီ ၂၃ (ပဲခူး) —————————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၂၃)ရက်နေ့ နေ့လည်ပိုင်းအချိန်က ပဲခူးမြို့နယ် စစ်ပင်ဆိပ်ကျေးရွာအနီး ပဲခူးမြစ်ခွဲ စစ်ပင်ဆိပ်ချောင်းပေါ်တွင် ဆောင်ရွက်ထားသော ပဲခူး၊ ဝေါ၊ သနပ်ပင်၊ ကဝမြို့နယ်များသို့ နှစ်စဉ်နွေစပါးစိုက်ပျိုးရေ ပေးဝေရန် ဆောင်ရွက်ထားသည့် စစ်ပင်ဆိပ် နွေစပါးချောင်းပိတ်‌မြေသားတမံ ဆောင်ရွက်ထားရှိမှုနှင့် ရေရှည်အတွက် ရေတံခါး တည်ဆောက်ရန်လျာထားနေရာသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုခန်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးညွှန့်တို့က နွေစပါးချောင်းပိတ်‌မြေသားတမံ ဆောင်ရွက်ထားရှိမှုအ‌ခြေအနေနှင့် မြေသားချောင်းပိတ်တမံနေရာတွင် အခိုင်အမာရေတံခါးတည်ဆောက်ရန် လျာထားမှုအခြေအနေများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ ဦးစီးဌာနအောက်ရှိ ဇလဗေဒ၊ ဘူမိဗေဒ၊ ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲများမှ ပညာရှင်များ၏ ရေတံခါးဆိုင်ရာ စူးစမ်းလေ့လာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့နယ် မြသီတာကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေး

ဇန်နဝါရီ ၂၃ (ပဲခူး) ————————- ပဲခူးမြို့နယ် မဲခုံကျေးရွာအုပ်စု၊ မြသီတာကျေးရွာတွင် ဇန်နဝါရီလ(၂၃) ရက်နေ့ ညနေ(၅)နာရီအချိန်က လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေနှင့် ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဒုတိုင်းလျှပ်စစ်အင်ဂျင်နီယာ ဦးကျော်သစ်ဆန်းတို့က မြသီတာကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ထရန်စဖော်မာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဒုတိုင်းလျှပ်စစ်အင်ဂျင်နီယာ ဦးကျော်သစ်ဆန်းက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ အသိပညာပေးပြောကြားကာ ကျေးရွာနေပြည်သူတစ်ဉီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ပဲခူးမြို့နယ် မဲခုံကျေးရွာအုပ်စု၊ မြသီတာကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် အမျိုးသားလျှပ်စစ်အားရရှိရေးစီမံကိန်း (NEP)ရံပုံငွေဖြင့် ၁၁KVဓာတ်အားလိုင်းနှင့် ၁၁/၀.၄KV ၁၀၀KVA ထရန်စဖော်(၁)လုံး‌ ပံ့ပိုးဆောင်ရွက်ပေးပြီး ကျေးရွာနေပြည်သူများ ၄၀၀ဗို့ဓာတ်အားလိုင်းအား ‌ထည့်ဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပဲခူးမြို့နယ်အတွင်း လျှပ်စစ်မီးလင်းရန်လိုအပ်သည့် ကျေးရွာ(၂၀၃) ရွာရှိရာ …

Read More »