Home / 2021 / January / 25

Daily Archives: January 25, 2021

ဇန်နဝါရီလ(၂၅)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၂၅ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၅-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၅၅)ခု၌ နိုင်ငံသား(၁၂၄၃)ဦး၊ သံသယလူနာ(၇၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၆၇၅)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၈)ခု၌ နိုင်ငံသား(၇၀၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၃၄)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၁၇)ခု၌ နိုင်ငံသား(၈၃၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၃၇)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၆၂)ခု၌ နိုင်ငံသား(၁၃၇၈)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၃၃)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၈၂)ခု၌ နိုင်ငံသား(၄၁၆၇)ဦးရှိပြီး သံသယလူနာ(၇၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၇၉)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

ဇန်နဝါရီ ၂၅ (တောင်ငူ) ================== ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်း(၂)၊ တောင်ငူမြို့မှ ရေတံခါးပြုပြင်ရာတွင် လိုအပ်သော ပစ္စည်းများဝယ်ယူနိုင်ရေး အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါ သည်——— အပြည့်အစုံကြည့်ရှုရန်——————-

Read More »

ပဲခူးတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဇန်နဝါရီ ၂၅ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ(၂၅)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ရောဂါ တွေ့ရှိမှု လျော့နည်းကျဆင်းလာမှုသည် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မကြာမီ Covid-19 ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးတော့မည်ဖြစ်သော်လည်း ပြည်သူများအနေဖြင့် တစ်ဦးချင်း ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့်သာ ဆက်လက်နေရဦးမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် အပြင်တွင် အလုပ်လုပ်ကိုင်နေသည့် အခြေခံလူတန်းစားများကို ဦးစားပေးအနေဖြင့် ထိုးနှံပေးစေလိုကြောင်း၊ စက်ရုံ၊ အလုပ်ရုံရှိ ဝန်ထမ်းများ လကုန်ပြီး(၄)(၅)ရက်တွင် လစာများအား တစ်နေရာတည်း လူစုလူဝေးဖြင့် လစာထုတ်ယူနေမှုများလည်း ကြားသိနေရပြီး သက်ဆိုင်ရာဘဏ်များမှ ATM စက်များ …

Read More »

JICA ၏ အစီအစဉ်ဖြင့်ရေးဆွဲသည့် ပဲခူးမြို့၊ မြို့ပြစီမံကိန်း (၂၀၄၀)ဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနား

ဇန်နဝါရီ ၂၅ (ပဲခူး) ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ(၂၅)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က JICA ၏ အစီအစဉ်ဖြင့်ရေးဆွဲသည့် ပဲခူးမြို့၊ မြို့ပြစီမံကိန်း (၂၀၄၀)ဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့ပြစီမံကိန်းများအား ရေးဆွဲရာတွင် မြို့နယ်တစ်ခု၏ လူဦးရေတိုးတက်မှု၊ စက်မှု/လက်မှု ဖွံ့ဖြိုးတိုးတက်မှု၊ ဝင်ငွေလည်ပတ်မှု၊ ဝင်ရောက်လာမည့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စီမံကိန်းများအပေါ် မူတည်၍ စနစ်ကျသော၊ နေပျော်ဖွယ်ကောင်းသော မြို့ပြတစ်ခုဖြစ်စေရေး ကြိုတင်ရေးဆွဲထားရခြင်းဖြစ်ပြီး အနာဂတ်တွင် စီပွားရေးအရ အလားအလာကောင်းသည့် ပဲခူးမြို့အတွက် (၂၀၄၀)တွင် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပေါ် မျှော်မှန်းပြီး JICA အဖွဲ့မှ ကဏ္ဍအလိုက် မြို့ပြစီမံကိန်းများ ရေးဆွဲထားပေးမှုကို ဝမ်းမြောက်စွာကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် JICA Myanmar Office မှ ဌာနေကိုယ်စားလှယ် …

Read More »