Home / 2021 / January / 26

Daily Archives: January 26, 2021

ဇန်နဝါရီလ(၂၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၂၆ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၆-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၅၃)ခု၌ နိုင်ငံသား(၁၂၀၁)ဦး၊ သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၆၂၀)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၅)ခု၌ နိုင်ငံသား(၆၆၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၄၅)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၁၉)ခု၌ နိုင်ငံသား(၈၁၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၃၇)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၆၀)ခု၌ နိုင်ငံသား(၁၃၆၇)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၂၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၇၇)ခု၌ နိုင်ငံသား(၄၀၄၃)ဦးရှိပြီး သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၃၀)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ UNHCR မှ လုပ်ငန်းဆောင်ရွက်မှုများ လာရောက်မိတ်ဆက်ရှင်းလင်းတင်ပြ

ဇန်နဝါရီ ၂၆ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမသို့ ဇန်နဝါရီလ(၂၆)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ကုလသမဂ္ဂဒုက္ခသည်များမဟာမင်းကြီးရုံး (UNHCR)မှ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ၊ တာဝန်ခံ Mr. Kannavee Suebsang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ Mr. Kannavee Suebsang က ပဲခူးတိုင်းဒေသကြီးအတွင်း စစ်ဘေးရှောင်စခန်းများ မရှိသော်လည်း စစ်ဘေးရှောင်ပြည်သူများနှင့် နေရပ်ပြန်ပြည်သူများ ရှိနေသည်ကို သိရှိရ၍ အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ကူညီထောက်ပံ့ပေးနိုင်ရေး လာရောက်ရခြင်းဖြစ်ပါကြောင်း၊ အဆိုပါ စစ်ဘေးရှောင်ပြည်သူများနှင့် နေရပ်ပြန် ပြည်သူများအား လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီ အထောက်အပံ့ပေးနိုင်ရေး သတင်းအချက်အလက်များ ရရှိနိုင်ရေးသည်လည်း အရေးကြီးပါကြောင်း၊ ဒါမှသာ ရေတို၊ ရေရှည်စီမံချက်များချမှတ်ရေးဆွဲ၍ စဉ်ဆက်မပြတ် ကူညီထောက်ပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် လူထုအခြေပြု ကာကွယ်စောင့်ရှောက်ရေး စီမံချက်အတိုင်း ဒေသခံပြည်သူကိုယ်တိုင် မိမိတို့၏ ရပ်ရွာအတွက် လိုအပ်ချက်များကို တင်ပြတောင်းဆိုရန် လိုအပ်မည်ဖြစ်ပြီး၊ UNHCR …

Read More »

ပဲခူးတိုင်း‌ဒေသကြီး စာရင်းစစ်ချုပ်နှင့် တိုင်း/ ခရိုင်/ မြို့နယ် စာရင်းစစ်ရုံးဝန်ထမ်းများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရန် အလှူ‌ငွေလှူဒါန်း

ဇန်နဝါရီ ၂၆ (ပဲခူး) ————————— ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ဇန်နဝါရီလ(၂၆)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးတိုင်း‌ဒေသကြီး စာရင်းစစ်ချုပ်နှင့် တိုင်း/ခရိုင်/မြို့နယ် စာရင်းစစ်ရုံးဝန်ထမ်းများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ဝန်ကြီးချုပ်ထံ အလှူ‌ငွေများ လာရောက်လှူဒါန်းပေးကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လှူဒါန်ပေးမှုအပေါ် ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားပြီး ပဲခူးတိုင်း‌ဒေသကြီး စာရင်းစစ်ချုပ်‌ ဒေါ်သန်းသန်းဝင်းနှင့် တိုင်း/ခရိုင်/မြို့နယ် စာရင်းစစ်ရုံးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူ‌ငွေ(၁၇)သိန်းကျပ်အား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်မှ ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးသိန်း၊ ပဲခူးတိုင်း‌ဒေသကြီး စာရင်းစစ်ချုပ်‌ ဒေါ်သန်းသန်းဝင်းနှင့် တိုင်း/ခရိုင်/မြို့နယ် စာရင်းစစ်ရုံးဝန်ထမ်းများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့ သီရိမင်္ဂလာကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရန် အလှူငွေကျပ်သိန်း(၃၀၀)လှူဒါန်း

ဇန်နဝါရီ ၂၆ (ပဲခူး) ————————— ပဲခူးမြို့ သီရိမင်္ဂလာကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရန် အလှူငွေ‌ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီ(၂၆ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးမြို့ သီရိမင်္ဂလာကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယဆရာတော် ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသက ဩဝါဒကထာ မြွက်ကြားသည်။ ထို့နောက် သီရိမင်္ဂလာကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယဆရာတော် ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် အလှူငွေကျပ်သိန်း(၃၀၀)နှင့် ပဲခူးမြို့ အထွေထွေရောဂါကု‌ဆေးရုံကြီးတွင် အရေးပေါ်ဆေးဝါးများ ဝယ်ယူနိုင်ရေးအတွက် အလှူငွေကျပ်သိန်း(၁၀၀)တို့အား ပေးအပ်လှူဒါန်းရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ကာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ကျန်းမာရေး အထောက်အကူပစ္စည်းများအား ဆရာတော်ကြီးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

Read More »