Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးသုံးပစ္စည်းများ လာရောက်လှူဒါန်း

COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးသုံးပစ္စည်းများ လာရောက်လှူဒါန်း

ဇွန် ၃၀ (ပဲခူး)
===================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ရုံးခန်းသို့ ဇွန်လ(၃၀)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က မေတ္တာပျိုးခင်း ပရဟိတဖောင်ဒေးရှင်းမှ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးသုံးပစ္စည်းများ လာရောက်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ မေတ္တာပျိုးခင်း ပရဟိတဖောင်ဒေးရှင်းမှ အသင်းဝင် မခင်မျိုးထွန်းက လာရောက်လှူဒါန်းရခြင်းအား ရှင်းလင်းတင်ပြခဲ့ပြီး Mask(၂၀၀၀၀)ခု၊ အပူချိန်တိုင်းစက်(၁၀)လုံးနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဝယ်ယူရန် အလှူငွေကျပ် သိန်း(၂၀)တို့အား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ မေတ္တာပျိုးခင်း ပရဟိတဖောင်ဒေးရှင်းမှ ဒေါ်ခင်မျိုးထွန်း၊ ဦးကျော်ဝင်းနိုင်နှင့် ဦးမြဝင်းတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။