Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း

(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း

ဧပြီ ၈(ပဲခူး)
================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ဧပြီလ(၈)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး တန်ဖိုးငွေကျပ်(၁၆၂၅၀၀ဝိ/-)တန်ဖိုးရှိ 3M PPE ၀တ်စုံ(၂၀)စုံ၊ Mask (၁၀၀၀)ခု၊ Hand Gel (၅၀)ဘူးတို့အား ဒေါက်တာ ဗိုလ်ဗိုလ်မောင်(စော်ဘွားလေးဗိုလ်ဗိုလ်မောင်)မှ လာရောက်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် ညွှန်ကြားရေးမှူး ဦးအောင်ဟိန်းကျော်တို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။