Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး အလှူငွေလာရောက်လှူဒါန်း

(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး အလှူငွေလာရောက်လှူဒါန်း

ဧပြီ ၇ (ပဲခူး)

================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမသို့ ဧပြီလ(၇)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးလုပ်ငန်းများတွင် လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် ကွန်ခိုရာဖောင်ဒေးရှင်းမှ အလှူငွေ လာရောက်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ကွန်းခိုရာဖောင်ဒေရှင်း(Haven Foundation)၊ မြို့လှသကြားစက်၊ ရေတာရှည်မြို့နယ်မှ ဦးအောင်မြင့်(ဒါရိုက်တာ)၊ ဦးနေလင်းအောင်(လက်ထောက်မန်နေဂျာ) ရန်ကုန်မြို့တို့မှ အလှူငွေကျပ် သိန်း(၃၀၀)အား ပေးအပ်လှူဒါန်းရာ ဗိုလ်မှူးကြီးလှမျိုးရွှေ၊ ဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေတို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။