Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / “e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်”

“e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်”

နိုဝင်ဘာ ၁၉ (ပဲခူး)
==========================

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၁၉)ရက်နေ့တွင် e-Government အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာစောညိုဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေနှင့် e-Government ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေး၌ e- Government ဦးဆောင်ကော်မတီ နာယက၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတတို့၏ လမ်းညွှန်မှုများနှင့်အညီ e-Government စနစ်ကို ပိုမိုထိထိရောက်ရောက် တိုးတက်လာစေရေးနှင့် ထိထိမိမိ အသုံးပြုလာနိုင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်အတွက် အမှန်တကယ် တိုးတက် စေနိုင်မည့် လုပ်ငန်းစီမံကိန်းများကို လျင်မြန်မှန်ကန်စွာ၊ အကျိုးရှိစွာဖြင့် အကောင်အထည်ဖော်‌ နိုင်ရန် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းများ၊ Cyber Security Policy & Strategies ထုတ်ပြန်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။