Home / ပဲခူးမြို့နယ် / Jotun Myanmar သင်္ဘောဆေးစက်ရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

Jotun Myanmar သင်္ဘောဆေးစက်ရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

နိုဝင်ဘာ ၉ (ပဲခူး)

=====================================

ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေ၊ မြေကွက်အမှတ်(၁၃၊၃၂၊၃၄)၌ နိုဝင်ဘာလ(၉)ရက်နေ့၊ မွန်းလွဲ(၁၂:၃၀)အချိန်က Jotun Myanmar သင်္ဘောဆေးစက်ရုံ ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်သည်။

အခမ်းအနားအား Jotun Myanmar Co ၏ လာဘ်ကောင် ပင်ကွင်းငှက်နှင့်ပတ်သက်၍ သမိုင်းကြောင်း ဗီဒီယိုဖြင့်  စတင်ဖွင့်လှစ်ခဲ့ပြီး၊ Jotun Mynmar Co မှ တာဝန်ရှိသူများမှ မိတ်ဆက်ခြင်း၊ စက်ရုံဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က ချစ်ခင်လေးစားရသော နော်ဝေးနိုင်ငံမှ မင်းသမီး Martha Louise၊ မြန်မာနိုင်ငံ နော်ဝေးသံအမတ်ကြီးနှင့် တက်ရောက်လာသည့် ဧည့်သည်တော်များအားလုံး ကျေးဇူးတင်ရှိကြောင်း၊ Jotun Myanmar စက်ရုံတည်ဆောက်ရန် အတွက် ၂၀၁၃ ခုနှစ်ကတည်းက စတင်ဆောင်ရွက်မည်ကို သိရှိခဲ့ရသည့်အတွက် မိမိတို့ဘက်မှ နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း၊ နော်ဝေးနိုင်ငံသည် မိမိတို့တိုင်းပြည်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပံ့ပိုးကူညီရန်နှင့် ဆန့်ကျင်ပိတ်ဆို့မှုများ ဖြေလျော့ပေးသည့် ပထမဦးဆုံး အနောက်တိုင်း နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ပဲခူးဒေသအတွင်း ဆောက်လုပ်ရေး၊ စက်မှုလုပ်ငန်းများ၊ ပြည်ပပို့ကုန်များ တင်ပို့နိုင်သည့် နိုင်ငံတကာအဆင့်မီ စက်ရုံတစ်ခုရှိလာခြင်းဖြင့် ဒေသခံပြည်သူများ၏ လုပ်ငန်းစွမ်းရည် ပိုမိုမြင့်မား လာကြောင်း၊ Jotun Myanmar စက်ရုံသည် ကုန်ထုတ်စွမ်းအား မြင့်မား လာသလို ဝန်ထမ်း လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထား ဆောင်ရွက် နေသည်ကိုလည်း သိရှိရကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွက် နည်းပညာနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးစေရန် လာရောက် ရင်းနှီးမြှုပ်နှံမှုအပေါ် ကြိုဆိုပါကြောင်း၊ အဆွေတော်တို့ စက်ရုံမှ ထုတ်လုပ်သည့် ထုတ်ကုန် ပစ္စည်းများ အရည်အသွေး မြင့်မားပြီး အဘက်ဘက်မှ စီမံခန့်ခွဲမှုကောင်းမွန်မှုတို့ကြောင့် အောင်မြင် သော စက်ရုံတစ်ခုဖြစ်လာမည်ကို မိမိအနေဖြင့် ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ နော်ဝေးသံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ နော်ဝေးသံအမတ်ကြီးနှင့် Jotun Myanmar Co မှ တာဝန်ရှိသူများမှ စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ်၊ နော်ဝေးနိုင်ငံမင်းသမီး၊ မြန်မာနိုင်ငံ နော်ဝေး သံအမတ်ကြီး၊ ဥပဒေချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စက်ရုံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။