နောက်ဆုံးရသတင်းများ

ပဲခူးတိုင်ဒေသကြီးအတွင်းရှိ မြို့နယ်များ စည်ပင်သာယာရေးလုပ်ငန်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် စက်ယန္တရားများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ပြီးဖြစ်

FI

ဧပြီ ၁၁ (ပဲခူး) ==============           ပဲခူးတိုင်းဒေသကြီးသည် ခရိုင်(၄)ခု၊ မြို့နယ်(၂၈)မြို့နယ်ရှိရာ၊ မြို့နယ်တိုင်း မြို့သန့်ရှင်းသာယာလှပစေရေး၊ မြို့အင်္ဂါရပ်နှင့် ညီညွှတ်စေရန်အတွက် ပဲခူးတိုင်းဒေသကြီ အစိုးရအဖွဲ့မှ အဓိကဦးစားပေး လုပ်ငန်းတစ်ခုအဖြစ် နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။           ၂၀၁၇-၂၀၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် (5) Ton Back Hoe (အလတ်) (၂၈)စီး၊ အမှိုက်ကား Dump Truck(SKAT) (၉၆)စီး၊ အမှိုက်သိမ်းယာဉ် Hydraulic Garbage Truck (၁၄)စီး၊ အမှိုက်ကွန်တိန်နာပုံး (၄၀)လုံး၊ (၆၆၀)လီတာဆံ့ အမှိုက်ပုံး (၁၈၀)လုံးတို့အား ဝယ်ယူခဲ့သည်။           အဆိုပါဝယ်ယူခဲ့သည့် စက်/ယာဉ်/ယန္တရားများနှင့်ပတ်သက်၍ (5)Ton Back Hoe ယာဉ်အား မြို့နယ်(၁)ခုလျှင် (၁)စီးနှုန်းဖြင့်လည်းကောင်း၊ အမှိုက်ကား Dump Truck (SKAT) ယာဉ်အား ကျောက်တံခါး၊ ညောင်လေးပင်၊ တောင်ငူ၊ …

Read More »

ပဲခူးမြို့တွင်းပတ်လမ်းများ လမ်းထပ်မံတိုးချဲ့နိုင်ရန် ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

FI

ဧပြီ ၁၁ (ပဲခူး) =============           ဧပြီလ (၁၁)ရက်နေ့၊ နံနက် (၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးများ၊ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာများ လိုက်ပါလျက် ပဲခူးမြို့တွင်းပတ်လမ်းများ လမ်းထပ်မံတိုးချဲ့နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ တပင်ရွှေထီးလမ်းအား တိုးချဲ့ရန်နှင့် တပင်ရွှေထီးလမ်းနှင့် မဟာဗန္ဓုလလမ်း အဝင်တံတားများ ချဲ့သွားရန်၊ ကျောက်တွင်းကုန်းလမ်းဆုံမှ ကျောက်ကြီးစုရပ်ကွက် အဝင်လမ်းအား တိုးချဲ့ရန်၊ လမ်းချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ရေစီးရေလာ ကောင်းမွန်စေရေး အထူးအလေးထား ဆောင်ရွက်ရန်၊ လမ်းညွှန်အမှတ်အသားများ အထင်အရှား ပါရှိစေရန်နှင့် လိုအပ်သည့်နေရာများ တွင် လူကူးမျဉ်းကြားများ ပြန်လည်ရေးဆွဲရန်၊ ခရီးသည်တင်ကားများ စနစ်တကျ ရပ်/တင်/ချ ဆောင်ရွက်နိုင်ရန် ဘတ်(စ်)ကားမှတ်တိုင်များ စီစဉ်ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။           …

Read More »

ပဲခူးမြို့ ရှမ်းတန်း(၆)လမ်း ကွန်ကရစ်လမ်းသစ်အား ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

FI

ဧပြီ ၁၁ (ပဲခူး) =============================         ဧပြီလ(၁၁)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးမြို့၊ မြို့သစ် (ဂ)ရပ်ကွက်ရှိ ရှမ်းတန်း(၆)လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ မြို့သစ်(ဂ)ရပ်ကွက် သံဃနာယကအဖွဲ့ဥက္ကဌ၊ ပုညကာရီဆုတောင်းပြည့်ကျောင်း ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပုညာနန္ဒမှ သြဝါဒကထာ မြွက်ကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကား ပြောကြားသည်။         ထို့နောက် ပုညကာရီ ဆုတောင်းပြည့်ကျောင်းဆရာတော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွတ်တော်ဥက္ကဋ္ဌတို့က ရှမ်းတန်း(၆)လမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုကာဖြတ်သန်း လျှောက်လှမ်းကြသည်။        ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့် ဆရာတော်၊ သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်လှူ ဒါန်းခြင်း၊ ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးခြင်း၊ သီလရှင်ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်းစသည့် ကုသိုလ်ကောင်းမှုများ စုပေါင်းပြုလုပ်ကြကြောင်း သိရသည်။          အဆိုပါကွန်ကရစ်လမ်းသည် …

Read More »

တည်ငြိမ်၍ ပြည့်ဝသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

FI

ဧပြီ ၉ (ရွှေကျင်) ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဧပြီလ (၉)ရက်နေ့၊ ညနေ(၄)နာရီအချိန်က ရွှေကျင်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊  ရွှေကျင်မြို့နယ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ အင်ဂျင်နီယာမှူးကြီး ဦးကျော်သူနိုင်က ရွှေကျင်ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ အချက်အလက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လျှပ်စစ် ဓာတ်အားသုံးစွဲမှုသည် မြင့်တက်လာကြောင်း၊ လိုအပ်သည့် ပမာဏကို ထုတ်လုပ်ပေး နိုင်ရုံမျှမက တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားဖြစ်ရန် လိုအပ်ကြောင်းနှင့် မိုးရာသီမတိုင်မီ တမံများ၏ ကြံ့ခိုင်မှုကို စစ်ဆေးရန် မှာကြားခဲ့သည်။           ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တမံနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။           အဆိုပါ …

Read More »