နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

သဘာဝသယံဇာတ ထုတ်ယူမှုနောက်ကွယ်မှ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုအား အထူးလေးထား ထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီးကြောင်း ဝန်ကြီးချုပ် ပြောကြား

FI

ဒီဇင်ဘာ ၂၇ (ပဲခူး) ==================================        ဒီဇင်ဘာလ(၂၇)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ကညောထူးဒိုစိုးကုမ္ပဏီလီမိတက်မှ ဒေါက်တာသီဟစိုးနှင့် ဦးနိုင်ညီဝင်းတို့မှ ရွှေကျင် မြို့နယ်အတွင်း ရွှေသတ္တုတူးဖော်နိုင်ရေး လာရောက်တွေ့ဆုံသည်။           ရှေးဦးစွာ ဒေါက်တာသီဟစိုးက ရွှေကျင်မြို့နယ်၊ အင်္ဂနီကျေးရွာအုပ်စု၊ အရှေ့မြောက်ဘက် (၁၆)ကီလိုမီတာအကွာ ခူလာတောင်ပတ်ဝန်းကျင်ရှိ ဘုရားဒကာလုပ်ကွက် မြေဧရိယာ(၂၀)ဧကတွင် ရွှေသတ္တုတူးဖော်နိုင်ရေးအတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ မြေပြင်တွင် (၄)ပေ ပတ်လည် ကျင်း(၂)ကျင်း တူးဖော်ပြီး မြေအောက်လှိုင်ခေါင်းစနစ်ဖြင့် တူးဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ကျွန်းပင်များ ပြန်လည်စိုက်ပျိုးပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့လုပ်ကွက်၏ (၂)ကီလိုမီတာပတ်လည်အတွင်း ကျေးရွာများ၊ စိုက်ပျိုးမြေများ၊ ရှေးဟောင်း ယဉ်ကျေးမှု အဆော်အဦများမရှိပါကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။          ထို့နောက် ဝန်ကြီးချုပ်က သဘာဝသယံဇာတ ထုတ်ယူမှုနောက်ကွယ်မှ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုအား အထူးလေးထား ထိန်းသိမ်းစောင့်ရှောက်ရန် …

Read More »

ပဲခူးမြို့နယ်၊ လှော်ကားကျေးရွာအုပ်စု ပဲခူးတိုင်းဒေသကြီး မြေလွပ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုအဖွဲ့ ကွင်းဆင်းဆောင်ရွက်

FI

 ဒီဇင်ဘာ ၂၇ (ပဲခူး) – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – ဒီဇင်ဘာလ(၂၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မြေယာအငြင်းပွားမှုကိစ္စနှင့်ပတ်သက်ပြီး မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ရေးကော်မတီအဖွဲ့ဝင်များသည် ပဲခူးမြို့နယ်၊ လှော်ကားကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနော်ပွယ်စေးမှ အမှာစကားပြောကြားပြီး တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုင်းကျော်မြင့်က မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုအဖွဲ့ကွင်းဆင်းခြင်းအကြောင်းအား ရှင်းလင်းတင်ပြသည်။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ …

Read More »

ပဲခူးမြို့တွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂၇ (ပဲခူး) ================================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၂၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်သည့်အခါ တရားဥပဒေစိုးမိုးရမယ်၊ စီးပွားရေးတိုးတက်ရမယ်၊ လူတစ်ဦးချင်း အသိပညာမြင့်မားရမယ်ဆိုသည့် အချက်များသည်အရေးကြီးသော အချက်တွေဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှ တည်ငြိမ်အေးချမ်းမယ်၊ တည်ငြိမ်အေးချမ်းမှ ဝပြောသာယာလှပမှာဖြစ်ကြောင်း၊ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိရင်မတည်ငြိမ်နိုင်သလို ပြည်သူ့ဘဝတွေလည်း မလုံခြုံတော့ကြောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက် စီးပွားရေးဆိုတာလည်း လုပ်လို့ရမှာမဟုတ်ကြောင်း၊ ပြည်သူတွေ မိမိတို့အိုးအိမ်တွေမှာ လုံလုံခြုံခြုံ ချမ်းချမ်းသာသာနဲ့ နေထိုင်နိုင်ဖို့အရေးကြီးကြောင်း၊ တရားဥပဒေစိုးမိုးရေးဌာန ဖွဲ့စည်းထားခြင်းသည် ပြည့်သူ့ဘဝလုံခြုံမှုရှိအောင် ဝန်ဆောင်မှုကို တိုးမြှင့်ထားခြင်းဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တရားရေးဌာန၊ ရဲတပ်ဖွဲ့နဲ့ ဥပဒေရုံးအသီးသီးတို့သည် တရားဥပဒေစိုးမိုးရေးအတွက် အဓိကကျသော တာဝန်များကို ထမ်းဆောင်ရသည့် ဌာနများဖြစ်သောကြောင့် တာဝန်ထမ်းနေသည့် ပုဂ္ဂိုလ်များအနေဖြင့် …

Read More »

အမှိုက်ကင်းစင်ပြီး နေပျော်ဖွယ်မြို့တော်တစ်ခုဖြစ်ရန် စည်ပင်ကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် ဝန်ကြီးချုပ်မှာကြား

FI

ဒီဇင်ဘာ ၂၆ (ပဲခူး) ==================================        ဒီဇင်ဘာလ(၂၆)ရက်နေ့ မွန်းလွဲ(၂)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ စွန့်ပစ်အမှိုက်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က မြို့သန့်ရှင်းသာယာလှပရေးနှင့်ပတ်သက်၍ စည်ပင်ကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ အောက်ခြေအထိ စနစ်တကျ ကွင်းဆင်းဆောင်ရွက်ရန်လိုကြောင်း၊ စည်ပင်သာယာရေးအဖွဲ့သည် ရရှိသည့် ဘတ်ဂျက်၊ ဝန်ထမ်းအင်အား၊ စက်၊ ယာဉ်၊ ယန္တရားတို့ ရရှိမှုအပေါ် မူတည်၍ မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ အမှိုက်သိမ်း စနစ်ကို ကန်ထရိုက်စနစ် (သို့မဟုတ်)စီးပွားရေးအမှိုက်ခွန်စနစ်ဖြင့် ဆောင်ရွက်ရန် လိုအပ်ပါက ဆောင်ရွက်သွားရန်၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အလိုက် ထွက်ရှိသည့် အမှိုက်တန်ချိန်၊ ရရှိသည့် အမှိုက်အခွန်အခ ငွေ၊ စီးပွားရေးအမှိုက်ထွက်ရှိမှု၊ အမှိုက်ကားအရေအတွက် စသည်တို့ကို စာရင်းပြုစုတင်ပြပေးရန်၊ မကြာမီ ပဲခူးမြို့တွင် အမှိုက်ခြေဖျက်စက် တည်ဆောက်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြားမြို့ကြီးများတွင်လည်း ထပ်မံတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ပဲခူးမြို့သည် အရှေ့တောင်အာရှတွင် …

Read More »

ကျေးရွာနေ တောင်သူများအား ချေးငွေရရှိအောင် အစိုးရမှ ဆောင်ရွက်ပေးရသလို စနစ်တကျ ပြန်လည်သုံးစွဲနိုင်ရေး အသိပညာပေးရန်လိုကြောင်း ဝန်ကြီးချုပ်မှာကြား

FI

ဒီဇင်ဘာ ၂၆ (ပဲခူး) ==================================        ဒီဇင်ဘာလ(၂၆)ရက်နေ့ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ခုနှစ် မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းကျေးရွာများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ (၇၀%)နှုန်းသော တောင်သူလယ်သမားများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ခေတ်အဆက်ဆက် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေးတစ်ခုတည်း အောင်မြင်ရန် ဆောင်ရွက်၍မရကြောင်း၊ တည်ငြိမ် အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခင်အချိန်အခါက ငါးသယံဇာတသည် လယ်မြေနှင့် ချောင်းများအတွင်း စဉ်ဆက်မပြတ် တည်ရှိနေ၍ ဒေသခံများအတွက် ငါးစားသုံးမှု အဆင်ပြေနိုင်ကြောင်း၊ ယခုအခါ သုံးစွဲရသည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကြောင့်  ငါးသယံဇာတများ ပြုန်းတီးလာပြီဖြစ်ပြီး အင်းများ၊ ချောင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်နေရကြောင်း၊ ဒေသအတွင်း ငါးသယံဇာတပြုန်းတီးလာမှုကြောင့် အောက်ခြေ တောင်သူများ စီးပွားရေးအခက်အခဲများ …

Read More »