နောက်ဆုံးရသတင်းများ

သတ်မှတ်ကာလအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘတ်ဂျက်ငွေများ အလေအလွင့်မရှိ စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန် ဝန်ကြီးချုပ်မှာကြား

FI

နိုဝင်ဘာ ၁၅ (ပဲခူး) ===================================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တောဝင်ဟံသာခန်းမ၌ နိုဝင်ဘာလ (၁၅)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး စီမံကိန်းကော်မရှင် (၃/၂၀၁၇)အစည်းအဝေး ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ဘတ်ဂျက်ကာလများ ပြောင်းလဲပြင်ဆင်လိုက်ပြီဖြစ်၍ ပထမ(၆)လ အတွင်း စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု စာရင်းအား ဌာနအလိုက် ပြုစုတင်ပြပေးရန်၊ ဒါမှသာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များအား ချိန်ထိုးညှိနှိုင်း ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊ ယခုကာလသည် ၂၀၁၇- ၂၀၁၈ ခု ဘဏ္ဍာရေးနှစ်၏ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကာလများဖြစ်ကြောင်း၊ တင်ဒါလုပ်ငန်းများကို တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ မြန်မြန် ဆန်ဆန်ဆောင်ရွက်သွားရန်၊ တစ်ချိန်တည်မှာပဲ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလ (၆)လ အတွင်း ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ ရေးဆွဲတင်ပြရာတွင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ …

Read More »

ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၇)ဖွင့်ပွဲကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၅ (ပဲခူး) ================================== နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ပဲခူးတိုင်းဒေသကြီးအဆင့် ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၇)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း၊ ကျောင်းအခြေပြုလုပ်ငန်းစဉ် (၂၀၁၇)အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းနှင့် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်သန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ဝန်ကြီးချုပ်မှ နိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံရန် အကျုံးဝင်သည့် ကလေးများအားလုံး ရာနှုန်းပြည့် အန္တရာယ်ကင်းစွာဖြင့် ကာကွယ်ဆေးထိုးနှံရန်အတွက် တက်ညီလက်ညီ ဆက်စပ်ဌာန၊ အဖွဲ့အစည်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးက ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဝန်ကြီးချုပ်နှင့် …

Read More »

ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်

FI

နိုဝင်ဘာ ၁၄ (ပဲခူး) =================================== နိုဝင်ဘာလ(၁၄)ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် အားကစားကွင်း၌ ၂၀၁၇ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးခရိုင်အသင်းနှင့် ပြည်ခရိုင်အသင်းတို့ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရာ ပဲခူးခရိုင်အသင်းက (၅:၀)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ ထို့နောက် တတိယရရှိသော သာယာဝတီခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပဲခူးတိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီ ဦးတင်မြင့်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပဲခူးခရိုင်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်စိုးကလည်းကောင်း၊ ပထမဆုရရှိသော ပဲခူးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာကြီးဦးအောင်မင်းကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် ဂိုး၊ အနောက်တန်း၊ အလယ်တန်း၊ အရှေ့တန်း အကောင်းဆုံး အားကစားဆုရရှိသူများကို တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ …

Read More »

ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ ဝန်ကြီးဦးမောင်မောင်လွင် တက်ရောက်

FI

နိုဝင်ဘာ ၂၄ (ပဲခူး) ================================ ပဲခူးတိုင်းဒေသကြီး ၊ဝေါမြို့နယ်၊ ဖိုးဦးစိန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ နိုဝင်ဘာလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဂျပန်နိုင်ငံ Grant Assistance for Grass-Roots Human Security Projects(GGP) မှဆောက်လုပ်လှူဒါန်းသော ပေ ၁၈၀’ ၃၀’ RCC တစ်ထပ်ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲနှင့်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ အလှူရှင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဒုတိယအတွင်းဝန် Mr.Kazuyushi ကူဇူယိုရှီးစူဇူကီး၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးဆရာမကြီးဒေါ်မြင့်မြင့်သန်း၊ ဝေါမြို့နယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ကျောင်းဆောင်သစ် ကဗ္ပည်းကျောက်စာတိုင်အား အမွေးနံ့သာဖျန်းပက်ကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများမှ မြန်မာ့ကျောင်းသားသီချင်းဖြင့် ဖွင့်လှစ်ကာ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်မှ အမှာစကားပြောကြားပြီးမြန်မာနိုင်ငံဆိုင်ရာ …

Read More »

စားနပ်ရိက္ခာဖူလုံမှု၊ အာဟာရရရှိမှု၊ မြေယာနှင့်အသက်မွေးဝမ်းကြောင်းမှု လုပ်ငန်းများဆိုင်ရာ ဝန်ကြီးဌာနများအကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၄ (ပဲခူး) ================================= ပဲခူးမြို့၊ ရွှေဝါထွန်းဟိုတယ်၌ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က စားနပ်ရိက္ခာဖူလုံမှု၊ အာဟာရရရှိမှု၊ မြေယာနှင့် အသက်မွေးကြောင်းမှု လုပ်ငန်းများဆိုင်ရာ ဝန်ကြီးဌာနများအကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက တိုင်းဒေသကြီးအတွင်းရှိ ဒေသအသီးသီးတွင် မြို့ပြဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြခြင်းကြောင့် လယ်ယာမြေအသုံးချမှုများအပေါ် အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည့်အတွက် မြေယာအသုံးချမှုဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ စီမံဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ့်နှံမည့်သူများနှင့် တောင်သူလယ်သမားများအတွက် မြေယာလုပ်ပိုင်ခွင့် ခိုင်မာလာအောင် ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း၊ လယ်ယာ၊ သားငါးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက်စိုက်ပျိုးမွေးမြူရေးအထူးဇုန်များကိုနယ်မြေသတ်မှတ်ပြီးယင်းတို့၏ထုတ်လုပ်မှုလုပ်ငန်းများဖော်ထုတ်လုပ်ကိုင်နိုင်ရေးအားပေးဆောင်ရွက်ရမှာဖြစ်သလိုလက်ရှိလုပ်ပိုင်ခွင့်ရရှိပြီးသောစိုက်ပျိုးမြေများ၊မွေးမြူရေးဇုန်နေရာများကိုလည်းလက်တွေ့အကျိုးရှိစွာအသုံးချရေးဦးစားပေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ပြည်သူ့လိုအပ်ချက်ကိုတိုက်ရိုက်ဖြည့်သွင်းပေးနိုင်သည့်ဖွံ့ဖြိုးမှုမူဝါဒနှင့်နည်းဗျူဟာများရေးဆွဲရာမှာဒေသရဲ့သဘောထားအမြင်များကိုဆွေးနွေးရယူမှုများပါဝင်ရေးဆွဲနိုင်အောင်ဆောင်ရွက်ကြဖို့လိုကြောင်းပြောကြားသည်။ ထို့နောက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ ဥရောပသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ဆွေးနွေးပွဲပြုလုပ်ရခြင်း၊ မြန်မာနိုင်ငံ၏ အာဟာရချို့တဲ့မှုနှင့် မူဘောင်ကိုခြုံငုံတင်ပြခြင်း၊ အစားအစာများ စားသောက်အသုံးပြုခြင်းနှင့် အာဟာရဆိုင်ရာ သဘောတရားများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲတွင် စိုက်ပျိုးထုတ်လုပ်မှုများမှတဆင့် ရရှိနိုင်သည့်အခွင့်အလမ်းများ၊ သီးနှံအမယ်စုံ …

Read More »