နောက်ဆုံးရသတင်းများ

ပဲခူးမြို့တွင်(၉၇)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၃ (ပဲခူး) ==================================== တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့ နံက်(၆)နာရီအချိန်က ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ယခင်အမျိုးသားတန်းမြင့်ကျောင်းတွင် (၉၇)နှစ်မြောက် အမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေ့ဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/သူဟောင်းများမှ ဦးဆောင်၍ (၉၇)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေဖြင့် ပဲခူးမြို့တွင်းသို့ ဘင်ခရာနှင့် ပန်းပွားကအဖွဲ့များ၊ လှပြယာဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့်အတူ စီတန်းလှည့်လည်ကြပြီး ဆရာ/မများအား ကျောင်းသား/သူဟောင်းနှင့် မျိုးဆက်သစ်များက ရှိခိုးပူဇော်ကန်တော့ကာ မိတ်ဆုံစားပွဲကျင်းပပြုလုပ်ကြသည်။ (၉၇)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေဖြင့် နိုဝင်ဘာလ(၄)ရက်နေ့မှ စတင်ကာ ကျောင်းသားဟောင်းများ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ အကြီးတန်း/အလတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အကြီးတန်း/အငယ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲစသည့် အားကစားပွဲများအပြင် စာပေဟောပြောပွဲ၊ ကျောင်းသား/သူများ ပဒေသာကပွဲ၊ ဆွမ်းတော်ကြီးတင်လှူဒါန်းပွဲ၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပွဲ၊ အသက်(၈၀)ကျော် ကျောင်းသားဟောင်းကြီးများအား ပူဇော်ပွဲတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြကြောင်း သိရသည်။ အမျိုးသားနေ့အထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်၏ လွတ်လပ်ရေးရှည်ကြာခိုင်မာပြီး အမျိုးသားစိတ်ဓာတ် …

Read More »

ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ ဒေသခံ တောင်သူများနှင့် တွေ့ဆုံ

FI

နိုဝင်ဘာ ၁၂ (ပဲခူး) ===================================== ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တာဝန်ရှိသူများနှင့်အတူ ဖြူးချောင်းရေလှောင်တမံသို့ နိုဝင်ဘာလ (၁၂)ရက်နေ့၊ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ဖြူးချောင်းရေလှောင်တမံ ရှင်းလင်းဆောင်၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် ဝန်ကြီးချုပ်တို့က လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင်ထွန်းက ဖြူးချောင်းရေလှောင်တမံမှ နွေးစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးမှုအခြေအနေကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဖြူးချောင်းရေလှောင်တမံမှ ဆည်ရေသောက်စနစ် အောင်မြင်စွာ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှု အခြေအနေကိုလည်းကောင်း ရှင်းလင်း တင်ပြခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာ၊ ဖြူးချောင်းရေလှောင်တမံ ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိသော ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ မျိုးကောင်းမျိုးသန့်ရရှိနိုင်ရေး၊ စိုက်ပျိုးစရိတ် အချိန်မီ ရရှိနိုင် ရေး၊ သိပ္ပံနည်းကျစနစ်များဖြင့် …

Read More »

(၂၉)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၂ (ပဲခူး) ==================================== ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၂) ရက်နေ့နံက်(၉:၃၀)နာရီအချိန်က (၂၉)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားဖြစ်စဉ်ကို ပြန်လည်လေ့လာရာတွင် ကိုယ်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ရှိစဉ်အခါက တည်းက နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားသည် မှူးကြီးမတ်ရာ၊ သေနာပတိ၊ မြို့စား၊ နယ်စား၊ ရွာစားစသည်တို့ကို မဏ္ဍိုင်ပြု၍ ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ကြောင်း၊ ထို့နောက် ဗြိတိသျှ ကိုလိုနီနယ်ချဲ့တို့မှ မြန်မာနိုင်ငံကို သိမ်းယူခဲ့ပြီး ၄င်းတို့အလိုကျ ကိုလိုနီစနစ်အုပ်ချုပ်ရေးကို သွတ်သွင်းအုပ်ချုပ်ခဲ့ကြောင်း၊ ထိုစဉ်ကပင် အုပ်ချုပ်ရေးယန္တရားအား ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းများကို မဏ္ဍိုင်ပြု၍ လည်ပတ်စေခဲ့ရာ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၊ အခွန်တော်ကောက်ခံရေး၊ စည်ပင်သာယာရေး၊ ဒေသဖွံဖြိုးရေးကိစ္စများကို အစိုးရအဆက်ဆက်က တာဝန်ပေးအပ်သည့် အတိုင်း …

Read More »

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်အား မကြာမီ အရှိန်အဟုန်ဖြင့် ဆောင်ရွက်မည်ဖြစ်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့တွေ့ဆုံ

FI

နိုဝင်ဘာ ၁၀ (ပဲခူး) ===================================== ပဲခူးမြို့၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ရှေးပြေးလုပ်ငန်းများ ဦးစားပေးဆောင်ရွက်နိုင်ရန်တို့အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့သည် နိုဝင်ဘာလ (၁၀)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းရှင်းလင်းဆောင်၌ တွေ့ဆုံသည်။ ရှေးဦးစွာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်မှ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်မှ လေဆိပ်မြေနေရာအား ဌာနပိုင်အမည်ပေါက် ရရှိနိုင်ရေး မြေသိမ်း/မြေလွှဲ ဆောင်ရွက်ထားရှိမှုအခြေအနေအားလည်းကောင်း၊ မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ညွှန်ကြားရေးမှူးက လေဆိပ်တည်ဆောက်ဆဲကာလနှင့် တည်ဆောက်ပြီးစီး မည့်အချိန်များတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ သုံးစွဲနိုင်ရန် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း သွယ်တန်းမည့် စီမံချက်များကိုလည်းကောင်း၊ ဆည်မြောင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်က လေဆိပ်အတွက် လိုအပ်သည့် သောက်သုံးရေအား မဇင်းတမံနှင့် ဇလပ်ထော်တမံ များမှ လုံလောက်စွာ …

Read More »

ရွှေသတ္တုစမ်းသပ်တူးဖော်ရာတွင် ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိအောင် အထူးအလေးထား ဆောင်ရွက်သွားရန် ဝန်ကြီးချုပ်မှာကြား

FI

နိုဝင်ဘာ ၉ (ပဲခူး) ===================================== ပဲခူးဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဧည့်ခန်းမသို့ နိုဝင်ဘာလ (၉) ရက်နေ့၊ မွန်းလွဲ(၃:၃၀) နာရီအချိန်က ရွှေကျင်မြို့နယ်အတွင်း ရွှေသတ္တုစမ်းသပ်ရှာဖွေရေး ရွှေပစ်မှတ်ကုမ္ပဏီမှ လာရောက် တွေ့ဆုံသည်။ ရှေးဦးစွာ ရွှေပစ်မှတ်ကုမ္ပဏီ၊ မန်နေးဂျင်းဒါရိုက်တာ ဦးဖုန်းကျော်စိုးက ရွှေကျင်မြို့နယ် အရှေ့ဘက် (၈) ကီလိုမီတာ (၅)မိုင်ခန့်အကွာ၊ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း မြန်မာနိုင်ငံ၏ ရွှေသတ္တုဖြစ်တည်နိုင်သည့် တည်နေရာတစ်ခု ရှာဖွေတွေ့ရှိခဲ့ပါကြောင်း၊ အဆိုပါတွေ့ရှိမှုသည် ဖြစ်နိုင်ခြေတစ်ခုအဖြစ်သာ သတ်မှတ်ထားပြီး နိုင်ငံတကာ အဆင့်မြင့် စက်ယန္တရားများဖြင့် ရှာဖွေစမ်းသပ်မှု မပြုလုပ်သေးပါကြောင်း၊ ယခုအခါ မိုပိုတိကျသော ရှာဖွေမှု များ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် သတ္တုရှာဖွေတူးဖော်သည့် စက်များဖြင့် ထပ်မံရှာဖွေသွား မည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ရွှေသတ္တုစမ်းသပ်ရှာဖွေမှုသည် မြေအောက်ရွှေရှာဖွေမှုဖြစ်၍ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိနိုင်ပါကြောင်း၊ လက်ရှိအနေဖြင့် ပတ်ဝန်းကျင်မြေဧရိယာများအား ကျွန်းနှင့် ယမနေ ပျိုးပင်များ စိုက်ပျိုးထားရှိပြီး …

Read More »