နောက်ဆုံးရသတင်းများ

ပဲခူးမြို့၊ ရှင်စောပုဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုနှင့် တက္ကသိုလ်ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

FI

 နိုဝင်ဘာ ၂၂ (ပဲခူး) ===================================      ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ(၂၂)ရက်နေ့၊ မွန်းလွဲ(၁:၃၀)နာရီအချိန်က ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအတွင်းရှိ ရှင်စောပုဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။        ရှေးဦးစွာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးက ရှင်စောပုအိမ်ရာဝန်းအတွင်း ဆောက်လုပ်နေသော (၄)ခန်းတွဲ (၅)ထပ် ဝန်အိမ်ရာ(၆)လုံးနှင့် (၄)ခန်းတွဲ (၄)ထပ် အရာထမ်းအိမ်ယာ(၁)လုံး တည်ဆောက်နေမှုနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသရာ ဝန်ကြီးချုပ်မှ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ကြရန်နှင့် အရည်အသွေးမီ ခိုင်ခန့်သေချာမှုရှိအောင် စစ်ဆေးကြီးကြပ်သည့်အဖွဲ့မှ ဂရုတစ်စိုက် အမြဲမပြတ် စစ်ဆေးကြပ်မတ်သွားကြရန်၊ တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် စေတနာထားလုပ်ဆောင်ပေးကြရန်မှာ ကြားခဲ့သည်။       ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ ဂျာမနီနိုင်ငံ၊ ဥပဒေဆိုင်ရာဝန်ကြီးဟောင်း Mrs. Herta Daubler Gmelin လာရောက်တွေ့ဆုံ

FI

နိုဝင်ဘာ ၂၂ (ပဲခူး) ============================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ခန်းမ၌ နိုဝင်ဘာလ (၂၂)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးနှင့် ဥပဒေဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် ဂျာမနီနိုင်ငံ ဥပဒေဆိုင်ရာဝန်ကြီးဟောင်း Mrs. Herta  Daubler Gmelin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ Mrs. Herta  Daubler Gmelin က မိမိတို့အဖွဲ့အနေဖြင့် ၂၀၁၆ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်၏ ပြည်သူ့ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုတစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုတစ်ကြိမ် ထပ်မံလာရောက်ခြင်းသည် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ဂျာမနီနိုင်ငံရှိ ပြည်နယ်အစိုးရများနှင့် စီးပွားရေးနှင့် ဥပဒေပြုရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ရခြင်းဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အနာဂတ်စီးမံကိန်းလုပ်ငန်းများလည်း သိရှိလိုပါကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်တည်ဆောက်ရေးအတွက် အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါ သလား၊ …

Read More »

ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ အချိန်ရာသီမရွေး အသုံးပြုနိုင်ရန် ကြီးကြပ်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ်မှာကြား

FI

နိုဝင်ဘာ ၂၁ (ပဲခူး) ============================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ နိုဝင်ဘာလ (၂၁)ရက်နေ့၊ မွန်းလွဲ (၁)နာရီအချိန်က ကန်တော်ကြီးဆည်မှ မြို့တွင်းရပ်ကွက်များ ရေပေးဝေနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ကန်တော်ကြီးမြို့ရေပေးဝေရေးလုပ်ငန်းအား မြန်မာအစိုးရနှင့် JICA အဖွဲ့တို့ ပူပေါင်းပြီး နှစ်ရှည်ချေးငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ကြောင်း၊ ပဲခူးမြို့တွင်း ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများအား တက်ရောက်လာသည့် JICA အဖွဲ့၊ ကုမ္ပဏီနှင့် စည်ပင်သာယာရေးကော်မတီတို့မှ တင်ပြပေးစေလိုကြောင်း၊ မြို့ရေပေးဝေရေး လုပ်ငန်းသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး အလေးအနက်ထား ဆောင်ရွက်ကြစေလို ကြောင်း၊ သန့်ရှင်းသော သောက်သုံးရေအား အချိန်ရာသီမရွေး အသုံးပြုနိုင်အောင် စီစစ်ဆောင်ရွက် ပေးစေလိုကြောင်း၊ လုပ်ငန်းများအားလုံးကိုလည်း စာချုပ်ပါစည်းကမ်းချက်နှင့်အညီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစည်ပင်သယာရေးအဖွဲ့၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးသိန်းလှိုင်က ပဲခူးမြို့ ရေပေးဝေရေးလုပ်ငန်းများနှင့်ပတ်သက်၍ …

Read More »

ပဲခူးမြို့တွင် သနပ်ပင်လမ်း တိုးချဲ့ခြင်းနှင့် ကမ္ဘောဇသာဒီနန်းတော် ပြန်လည်ပြုပြင်မွန်းမံနိုင်ရေး ဝန်ကြီးချုပ် ဦးဝင်းသိန်း ကြည့်ရှုစစ်ဆေး

FI

နိုဝင်ဘာ ၂၁ (ပဲခူး) ============================ ပဲခူးမြို့အတွင်း လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော သနပ်ပင်လမ်း နာရီစင် မီးပွိုင့်မှ စိန်သာလျောင်းဘုရားရှေ့ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကမ္ဘောဇသာဒီနန်းတော် ပြန်လည်ပြုပြင်မွန်းမံဆောင်ရွက်နိုင်ရန် နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက် (၉)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သယံဇာတ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ပဲခူးမြို့အတွင်း လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော သနပ်ပင်လမ်း နာရီစင် မီးပွိုင့်မှ စိန်သာလျောင်းဘုရားရှေ့ထိ ၄၈ ပေအကျယ် ကတ္တရာကွန်ကရစ်(၄)လမ်းသွား တိုးချဲ့ဆောင်ရွက်နေမှုအား ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းက လည်းကောင်း၊ လမ်းဘေးဝဲယာ ရေနုတ်မြောင်း၊ ပလပ်ဖောင်းတည်ဆောက်သွားမည့် လုပ်ငန်းအား ပဲခူး တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကလည်းကောင်း၊ လမ်းဘေး လျှပ်စစ်ဓာတ်တိုင်များ ပြန်လည်အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည့်လုပ်ငန်းအား တိုင်းလျှပ်စစ်အင်ဂျင်နီယာ ဦးလှထွန်းကလည်းကောင်း၊ လမ်းဘေးဝဲယာရှိ တယ်လီဖုန်းတိုင်များ၊ …

Read More »

(၂၈)နှစ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂသဘောတူစာချုပ်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၂၀ (ပဲခူး) ================================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး (၂၈)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်မှ ကလေးသူငယ်များ၏ ရပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်မြှင့်တင်ခြင်းသည် နိုင်ငံ၏အနာဂါတ်အတွက် ရင်းနှီးမြှုပ့်နှံခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၂)မူလတန်းကြိုကျောင်းမှ သားငယ်/သမီးငယ်လေးများက မူကြိုကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က “ကလေးသူငယ်များ၏ ရပိုင်ခွင့်ကိုကာကွယ်စောင့်ရှောက် မြှင့်တင်ခြင်းသည် နိုင်ငံ၏အနာဂါတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ကြောင်း၊ အရည်အသွေးနှင့် ပြည့်ဝသော နိုင်ငံသူ/သားအရင်းအမြစ်သည် သဘာဝသယံဇာတများထက်ပင် ပိုမိုအရေးကြီးသော သယံဇာတ အရင်းအမြစ်များဖြစ်ကြောင်း၊ ကလေးသူငယ် အခွင့်အရေးများကို ကလေးများနှင့်အတူ မိဘ/အုပ်ထိန်းသူနှင့် ရပ်ရွာပြည်သူလူထုတို့ သိရှိအောင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ ဂသဘောတူစာချုပ်ပါ ကလေးသူငယ်များ၏ အဓိကအခွင့်အရေး(၄)ရပ်အား …

Read More »