နောက်ဆုံးရသတင်းများ

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ  ၁ (ပဲခူး) ============================           (၁.၂.၂၀၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။           အဆိုပါအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ကော်မတီဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။           အစည်းအဝေး၌ ဝန်ကြီးချုပ်က မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် သဘာဝဘေးအန္တရာယ်အား အထိုက်အလျောက် ခံစားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ၎င်းသဘာဝဘေးအန္တရာယ်များ လျော့နည်းစေရေး ကြိုတင်စီမံဆောင်ရွက်ရန်၊ ဖြစ်ပေါ်လာ ပါကလည်း အမြန်ဆုံးနဲ့ အထိရောက်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ကယ်ဆယ်ရေးလုပ်ငန်းနှင့်အတူ ပြန်လည်ထူထောင် ရေးလုပ်ငန်းများလည်း ကြိုတင်စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်းနှင့် တက်ရောက်လာသည့် သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များ မှလည်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များအား တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။           ထို့နောက် ဝန်ကြီး ဦးကျော်မင်းစံက ယနေ့ကမ္ဘာတွင် …

Read More »

ဝန်ကြီး ဦးသန်းဝင်းထံသို့ Smart City Association မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

FI

ဇန်နဝါရီ ၃၁ (ပဲခူး) ============================           (၃၁.၁.၂၀၁၇)ရက်နေ့၊ ည(၁၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်းထံသို့ ကိုးရီးယားနိုင်ငံအခြေစိုက်၊ Smart City Association မှ Director, Mr. Kwon Jun Cheol ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။           အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်း၊ ပဲခူးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပဲခူးတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးမိုးလေဝသနှင့်ဇလဒေသညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။           တွေ့ဆုံပွဲ၌ Mr. Kwon Jun Cheol က ပဲခူးမြို့တော်အား နိုင်ငံတကာအဆင့်မီ Smart City အဖြစ် အဆင့်မြင့်တင်နိုင်ရေးတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အစည်းသည် ၂၀၀၄ …

Read More »

UNDP ကိုယ်စားလှယ်များနှင့် ၂၀၁၇-၂၀၁၈ ခုနှစ်၊ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း အခမ်းအနား ကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၃၁ (ပဲခူး) ============================           (၃၁.၁.၂၀၁၇)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၁၇-၂၀၁၈ ခုနှစ်၊ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။           အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်း ဒေသကြီးလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဌေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်း၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမောင်မောင်လွင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာနှင့် UNDP မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။           အခမ်းအနား၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ နှုတ်ခွန်းဆက်အမှာစကားပြော …

Read More »

ဝန်ကြီးချုပ်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီလ ၂၈(ပဲခူး) =======================                  ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့က  ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျောက်တံခါးမြို့နယ်၊‌ တောကျွဲအင်းမြို့ (၁၆) ကုတင်ဆံ့‌ ဆေးရုံအား ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝန်းသိန်း၊ ပဲခူးတိုင်း‌ဒေသကြီး လွှတ်‌တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊         စီမံကိန်းနှင့် ဘဏ္ဍာ‌ရေးဝန်ကြီးဦးညွှန့်‌ရွှေ၊‌ ကျောက်တံခါးမြို့နယ်အုပ်ချုပ်‌ရေးမှူး၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်များ သွား‌ရောက်စစ်‌ဆေးခဲ့သည်။                       ဆက်လက်၍‌ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောကျွဲအင်းမြို့၊ သစ်ဖြူဆိပ်တံတားနှင့် လမ်းပြင်ဆင်‌နေမှုကို သွား‌ရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းလျာထားချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

Read More »

ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပ

FI

ဇန်နဝါရီ ၂၈(ပဲခူး) =======================                        ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့၊ နံနက်ပိုင်းက ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၌ ကျင်းပပြုလုပ်သော ကရင်အမျိုးသား ရိုးရာနှစ်သစ်ကူးပွဲတော်သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။                   အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး၊ ဗိုလ်မှူးကြီး ခင်မောင်ဌေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်နော်ပွယ်ဆေးနှင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖ စုစုပေါင်းအင်အား(၁၀၀၀)ကျော် တက်ရောက်ခဲ့သည်။

Read More »