နောက်ဆုံးရသတင်းများ

ဝန်ကြီးချုပ်ထံသို့ TCP Asia Pacific Co., Ltd ၏ CEO, Dr.Dietmar Gnez ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

1

ဇန်နဝါရီ ၂၃ (ပဲခူး) ============================           (၂၃.၁.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ TCP Asia Pacific Co., Ltd ၏ CEO, Dr.Dietmar Gnez ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။           တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။           အဆိုပါတွေ့ဆုံပွဲ၌ Dr.Dietmar Gnez က ပဲခူးတိုင်းဒေသကြီးသည် ကြီးမားကျယ်ပြန့်ခြင်း နှင့် လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်မှုရှိပါကြောင်း၊ လက်ရှိမိမိတို့ကုမ္ပဏီသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင်လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၌လည်းကောင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် Solar System ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စီမံကိန်းများ လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမြေအဖြစ် အသုံးပြု၍မရသော မြေနေရာများ …

Read More »

ပဲခူးတိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ အစည်းအဝေးကျင်းပ

FI

ဇန်နဝါရီ ၂၃ (ပဲခူး) ============================           (၂၃.၁.၂၀၁၇)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ အစည်းအဝေး ကျင်းပသည်။           အဆိုပါအစည်းအဝေး၌ ဝန်ကြီးချုပ်က ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှုသည် အရေးကြီးကြောင်း၊ ယာဉ်အန္တရာယ်တစ်ခုဖြစ်ပွားပါက ၎င်းနှင့်ဆက်စပ်သည့် မိသားစုများလည်း ဒုက္ခရောက်ရကြောင်း၊ ယာဉ်အန္တရာယ်ဖြစ်ပွားမှုများသည့် ဒေသသည် ဖွံ့ဖြိုးတိုးတက်မှုလည်း နောက်ကျကြောင်း၊ လမ်းမဘေးရှိ အဆောက်အဦများအား ခွင့်ပြုချက်ပေးရာတွင် သက်ဆိုင်ရာလမ်းမကြီးဥပဒေရလည်းကောင်း၊ စည်ပင်သာယာရေးဥပဒေ အရလည်းကောင်း သေချာစိစစ် ဆောင်ရွက်သွားရန်နှင့် ယင်းအဆောက်အဦတွင် ယာဉ်/ဆိုင်ကယ် ရပ်နားစခန်းများလည်း ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊ မကြာမီ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးကို အမှီပြု၍ ထပ်မံဖွံ့ဖြိုးတိုးတက်လာမည့် လူဦးရေ၊ အဆောက်အဦများ၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ စသည့်တို့အတွက် ယခုအချိန်တည်းက လမ်းများချဲ့ထွင်ခြင်း၊ လမ်းသစ်များဖောက်လုပ်ခြင်း၊ လမ်းဟောင်း များအား စည်းကမ်းတကျဖြစ်အောင် ပြန်လည်အဆင့်မြင့်တင် မွန်းမံခြင်းတို့ …

Read More »

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့ ကွင်းဆင်းကြည့်ရှု

2

ဇန်နဝါရီ ၂၂(ပဲခူး) =======================         (၂၂.၁.၂၀၁၇)ရက်‌နေ့၊ နံနက်(၀၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး နှင့်အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းရုံးသို့ ရောက်ရှိခဲ့သည်။         ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းတာဝန်ခံမှ လေဆိပ်ဧရိယာ(၉၆၉၀.၄)ဧကပတ်လည်အား အကျယ်(၃၀)ပေ တောရှင်းခြင်း၊ နယ်နိမိတ် ကျောက်တိုင်များ ပေ(၅၀၀)ခြားစိုက်ထူခြင်း၊ (၂၀×၁၅)ပေ သံကူကွန်ကရစ် လုံခြုံရေး ဘန်ကာ(၁၀)လုံး တည်ဆောက်ခြင်းနှင့် လေဆိပ်ဧရိယာ အရှေ့ဘက်မျက်နှာစာ အတွင်းခြံစည်းရိုးအဖြစ် အရှည်(၃၀၀၀)ပေ ချိန်းလင့် ခြံစည်းရိုး ကာရံထားမှုအခြေအနေများအားလည်းကောင်း၊ လအလိုက်၊ နှစ်အလိုက် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများအားလည်းကောင်း၊ လေဆိပ်ဧရိယာအတွင်း ကျူးကျော်နေထိုင်သူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု ဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြ ခဲ့သည်။        ယင်းနောက် ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဟံသာဝတီလေဆိပ်သည် …

Read More »

အ‌သေးစားအရင်းအနှီး‌ချေး‌ငွေနှင့် လယ်ယာသုံးစက်ကိရိယာများ‌ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၂၁ (ပဲခူး) =============================       ဇန်နဝါရီလ(၂၁)ရက်‌နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်း‌ဒေသကြီးသမဝါယမအသင်းစုချုပ်ရုံး၊ ရှင်‌စောပုခန်းမ၌ တိုင်း‌ဒေသကြီးအတွင်း စိုက်ပျိုး‌ရေးလုပ်ငန်း‌ဆောင်ရွက်‌နေ‌သော သမဝါယမအသင်းသားများသို့ အ‌သေးစားအရင်းအနှီး‌ချေး‌ငွေနှင့် လယ်ယာသုံးစက်ကိရိယာများ‌ ပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။ ‌ရှေးဦးစွာ ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် စိုက်ပျိုး‌ရေး၊‌မွေးမြူ‌ရေးနှင့်ဆည်‌မြောင်းဝန်ကြီးဌာန ပြည်‌ထောင်စုဒုတိယဝန်ကြီးဦးလှ‌ကျော်တို့က အဖွင့်အမှာစကား‌ပြောကြားကြပြီး၊ ပဲခူးခရိုင်၊‌ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီ ခရိုင်တို့မှ သမဝါယမအသင်းသားများအား အ‌သေးစား‌ချေး‌ငွေများ‌ ပေးအပ်သည်။ ထို့‌နောက် ဗဟိုသမဝါယမအသင်းဥက္ကဌ ဦးခင်‌မောင်‌အေးမှ ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ သမဝါယမအသင်းသားများထံ လယ်ယာသုံးစက်ကိရိယာများ‌ပေးအပ်ပြီး၊ အသင်းသားတစ်ဦးမှ‌ ကျေးဇူးတင်စကားပြန်လည်‌ပြောကြားကာ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ က ခင်းကျင်းပြသထား‌သော လယ်ယာသုံးစက်ကိရိယာများအား လှည့်လည်ကြည့်ရှုကြသည်။ ယ‌နေ့အခမ်းအနားတွင် ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ သမဝါယမအသင်းများနှင့် အသင်းများအတွက် စိုက်ပျိုးထုတ်လုပ်‌ရေးလုပ်ငန်း၌ လိုအပ်သည့် စိုက်ပျိုးစရိတ်‌ချေး‌ငွေကျပ်သန်း(၈၅၄၄၈.၆၃၂)ကို သမဝါယမအသင်း(၆၀၄၃)သင်းမှ အသင်းသားလယ်သမား(၄၂၂၄၀၈)ဦး တို့အတွက်‌ ပေးအပ်ခြင်းနှင့်အတူ လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြုနိုင်ရန် လယ်ယာသုံးစက်ကိရိယာမျိုးစုံ(၁၆၆)စီးကိုလည်း အသင်းသားပြည်သူ(၁၆၆)ဦးအား‌ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ …

Read More »

ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်မှ ပထမအကြိမ် ဒီပလိုမာအောင်လက်မှတ် ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကျင်းပ

FI

ဇန်နဝါရီ ၂၁ (ပဲခူး) ==========================                     ၁၃၇၈ ခုနှစ်၊ ပြာသိုလပြည့်ကျော်(၉)ရက်၊ (၂၁.၁.၂၀၁၇)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်က ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်၊ ရွှေရတု ဗိမာန် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သော ပထမအကြိမ် ဒီပလိုမာအောင်လက်မှတ် ချီးမြှင့်အပ်နှင်းပွဲနှင့် ၂၀၁၇ ပညာသင်နှစ် သင်တန်းသားသစ်ကြိုဆိုပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့ တက်ရောက်ခဲ့သည်။                      ရှေးဦးစွာ န‌မောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်‌တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး၊ အမျိုးသားလွှတ်‌တော် ဥက္ကဋ္ဌနှင့် ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်အမှူးပြု‌သော ဧည့်ပရိတ်သတ်များက‌ ရွှေကျင်ဂိုဏ်း အကျိုး‌တော်‌ဆောင်ဆရာ‌တော် အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တအဂ္ဂဉာဏာဘိဝံသထံမှ ငါးပါးသီလခံယူ‌ဆောက်တည်ကာ နိုင်ငံ‌တော်သံဃနာယအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသုမင်္ဂလာ ဘိဝံသထံမှ ဩဝါဒကထာနာယူကြသည်။ ထို့နောက် အမျိုးသားလွှတ်‌တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၊ ပဲခူးတိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် သာသနာ‌ရေး   နှင့်ယဉ်‌ကျေးမှုဝန်ကြီးဌာန၊ သာသနာ‌ရေးဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးစိုးမင်းထွန်းတို့မှ သာသနာ‌ရေးဆိုင်ရာများ‌ လျှောက်ထားပြီး ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်ပါ‌မောက္ခချုပ်ဆရာ‌တော် ဓမ္မဒူတ‌ဒေါက်တာအရှင်ပညိဿရာဘိဝံသမှ သင်တန်းသားသံဃာတော် …

Read More »