နောက်ဆုံးရသတင်းများ

၁၃၇၈ ခုနှစ်၊ သံဃမဟာပဝါရဏာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

IMG_3644

အောက်တိုဘာလ ၁၆ (ပဲခူး) (၁၆.၁၀.၂၀၁၆)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)အချိန်တွင် ၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ သံဃမဟာပဝါရဏာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားအား ပဲခူးမြို့၊ မဟာသီဝလိသိမ်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်း မိသားစုများ၏ သံဃမဟာပဝါရဏာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား၌  တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် ဇနီးဒေါ်စန်းစန်းမိုးတို့မှ ဦးဆောင်၍  သံဃာအပါး (၂၅၅၄)ပါး အတွက် စုစုပေါင်း တန်ဖိုးငွေကျပ် (၁၄,၂၇,၅၉ဝိ/-) တန်ဖိုးရှိ ကြာဇံထုပ်၊ မျက်နှာသုတ်ပဝါနှင့် ဆေး(၃)မျိုးတို့အား စေတနာထက်သန်စွာ လောင်းလှူခဲ့သည်။

Read More »

၁၃၇၈ ခုနှစ်၊ သံဃမဟာပဝါရဏာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

IMG_3630

အောက်တိုဘာလ  ၁၆ (ပဲခူး) (၁၆.၁၀.၂၀၁၆)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)အချိန်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ သံဃမဟာပဝါရဏာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားအား ပဲခူးမြို့၊ မဟာသီဝလိသိမ်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များတို့၏ လှူဖွယ်ဝတ္တုပစ္စည်းများအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆွမ်းဆန်တော်လောင်းလှူပွဲမဏ္ဍပ်၌ သံဃာအပါး (၂၅၅၄)ပါးအတွက် ဆန်(၁၀၆)အိတ်၊ ဝတ္ထုငွေကျပ်(၁၂,၇၇,၀၀ဝိ/-)တို့အား စေတနာထက်သန်စွာ လောင်းလှူခဲ့သည်။

Read More »

၂၀၁၆ ခုနှစ်၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်အဖွဲ့အား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကျင်းပ

0-02-06-54404888fa3472af487fb5e21773d8ed7683459f8d11c61ceed83d1ff3571908_full

အောက်တိုဘာလ  ၁၆ (ပဲခူး)   (၁၆.၁၀.၂၀၁၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၁၆ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး (၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ အခမ်းအနား၌ ဝန်ကြီးချုပ်က မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို (၁၉၉၃)ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ရာ ယခုအကြိမ်နှင့်ဆိုလျှင် (၂၂)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုဟာ လူတိုင်းမြတ်နိုး တွယ်တာထိန်းသိမ်းအပ်တဲ့ ရတနာတစ်ပါးပဲဖြစ်ကြောင်း၊ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည်ဟူသော စကားရှိသကဲ့သို့ မြန်မာတိုင်းရင်းသားတို့၏ အသက်၊ နှလုံးသည်းပွက်ဖြစ်တဲ့ မြန်မာတိုင်းရင်းသားတို့၏ယဉ်ကျေးမှုကို မပျောက်ပျက်ဘဲ အရှည်တည်တံ့ခိုင်မြဲအောင် ယခုကဲ့သို့ပြိုင်ပွဲများ ကျင်းပပေးနေရခြင်းဖြစ်ကြောင်း၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာလောကဟာ အတုယူစရာ၊ အသိအမြင်ဗဟုသုတများ ပွားများရာဖြစ်ပြီး …

Read More »

နိုင်ငံတကာအဆင့်မီဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

1

အောက်တိုဘာလ ၁၄ (ပဲခူး) ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှဦး‌ဆောင်၍‌ အောက်တိုဘာလ(၁၄)ရက်‌နေ့ နံနက် (၉)နာရီ အချိန်က ပဲခူးမြို့၊ မြို့‌တော်ခန်းမ၌နိုင်ငံတကာအဆင့်မီ‌ ဆောက်လုပ်‌ရေး လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပက်သက်သည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ‌ရှေးဦးစွာ ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား‌ပြောကြားရာတွင် “အကျိုးအမြတ်တစ်ခုတည်းကိုသာကြည့်ပြီး အထိန်းအကွပ်မဲ့ လုပ်ကိုင်လာသည့်အတွက် နှစ်‌ပေါင်းများစွာ ပျက်စီးယိုယွင်း‌နေ‌သော တည်‌ဆောက်‌ရေးလုပ်ငန်းများကို စနစ်တကျ ပြန်လည်တည့်မတ်‌ပေးရန်၊ အမှား‌တွေ လုပ်တာများပြီး အမှားကိုအမှန်ထင်‌နေသည့်ကိစ္စများကို အလင်းပြ‌ပေးဖို့အတွက် ကျင်းပခြင်းဖြစ်‌ကြောင်း၊ လုပ်ငန်းအပ်နှံသူ ဘက်ကလည်း အလုပ်တစ်ခုအပ်‌တော့မည်ဆိုလျှင် ဘယ်လိုအချက်‌တွေကို ထည့်သွင်းစဉ်းစားရမယ်၊ ဘာ‌တွေကို‌တောင်းဆို တတ်ရ မယ်၊ ဘယ်လိုလုပ်ငန်း လုပ်‌ဆောင်သူမျိုးကို စီစစ်‌ရွေးချယ်သင့်တယ်၊ လုပ်ငန်းပြီးဆုံးသွားသည့်အခါမှာလည်း ဘယ်လိုစီစစ် လက်ခံရမယ်၊ လုပ်ငန်းလုပ်ကိုင်သူဘက်ကလည်း ဘယ်လိုစည်းမျဉ်းစည်းကမ်း‌တွေလိုက်နာရမယ်၊ ဘယ်လိုအရည်အ‌သွေးမျိုးကို ပြည့်မီ‌အောင်‌ ဆောင်ရွက်‌ပေးရမယ် စသည်တို့ကို ပညာရှင်များမှ‌ ဆွေး‌နွေးရှင်းလင်းသွားမှာဖြစ်‌ကြောင်း …

Read More »

၂၀၁၆ ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အခမ်းအနားသို့ ဝန်ကြီးချုပ် တက်ရောက်

Fi

အောက်တိုဘာလ ၁၃ (ပဲခူး)   (၁၃.၁၀.၂၀၁၆)ရကနေ့၊ နံနက်(၀၉:၀၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည့် “၂၀၁၆ ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် မျက်စိဝေဒနာရှင်များ တက်ရောက်ခဲ့သည်။ အခမ်းအနား၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် ၁၉၉၉ ခုနှစ်မှာပဲ နှစ်စဉ် အောက်တိုဘာလ ဒုတိယပတ် ကြာသပတေးနေ့ကို ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပဖို့ ကြေငြာခဲ့ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံတိုင်းက ဒီနေ့မှာ ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလျက်ရှိကြောင်း၊ ဒီလိုကျင်းပတဲ့ ရည်ရွယ်ချက်ကတော့ မျက်စိကွယ်ခြင်းနှင့် အမြင်အာရုံချို့တဲ့ခြင်းများသည် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ကြောင်း ပြည်သူတစ်ရပ်လုံး သိရှိနားလည်စေရန်၊ နိုင်ငံတော်အစိုးရအနေဖြင့် မျက်မပြင်ကာကွယ်ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် မျက်စိကုသရေးဌာနများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ မျက်စိအထူးကုဆရာဝန်/ဆရာမများ ထပ်မံလေ့ကျင့်မွေးထုတ်ပေးခြင်း၊ လိုအပ်သော စက်ကိရိယာများ၊ ခွဲစိတ်ကုသရေးပစ္စည်းများ ဝယ်ယူထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသာမက …

Read More »