နောက်ဆုံးရသတင်းများ

၂၀၁၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားသို့ ဝန်ကြီးချုပ် တက်ရောက်

Fi

အောက်တိုဘာလ  ၁၃ (ပဲခူး) ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်က ပဲခူးမြို့၊ ရွှေဝါထွန်းဟိုတယ်၌ ကျင်းပပြုလုပ်သော ၂၀၁၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ဝန်ကြီးချုပ်က  ပြည်သူလူထုများ ဘဝအသက်ရှင် ရပ်တည်နိုင်ဖို့ အတွက် မမျှော်မှန်းနိုင်သည့် အဖျက်စွမ်းအား ကြီးမားလှသော သဘာဝ ဘေးအန္တရာယ်များကို မဖြစ်ပွားအောင် တားဆီးလို့မရသော်လည်း သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းအောင် ပြည်သူလူထု အားလုံး အသိပညာ၊ ဗဟုသုတများဖြင့် ပေါင်းစပ်ညှိနှိုင်းပြီး သဘာဝဘေးအန္တရာယ် ကို ကြံ့ကြံ့ခံနိုင်အောင် ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အစီအမံများ ထည့်သွင်းစဉ်းစားဆောင်ရွက်ရေးကို သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ ကော်မတီများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် မိမိတို့ဌာန/အဖွဲ့အစည်းများရဲ့ နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် …

Read More »

ဝန်ကြီးချုပ်ထံသို့ Global Technology Co., Ltd မှ လာရောက်တွေ့ဆုံ

IMG_3499

အောက်တိုဘာလ   ၁၂ (ပဲခူး)  (၁၂.၁၀.၂၀၁၆)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ Global Technology Co., Ltd မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံခဲ့သည်။           တွေ့ဆုံပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်း၊ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပဲခူးတိုင်းဒေသကြီးမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ တက်ရောက်ခဲ့ကြသည်။           တွေ့ဆုံပွဲ၌ Global Technology Co., Ltd မှ တာဝန်ရှိသူက မြေအောက် Fiber Cable ဆက်ကြောင်းများ တည်ဆောက်မည့် လုပ်ငန်းစီမံကိန်းအား လာရောက်ရှင်းလင်းတင်ပြရခြင်းဖြစ် ပါကြောင်း၊ မိမိတို့ကုမ္ပဏီပိုင် မြေအောက် Fiber Cable ဆက်ကြောင်းများ ရန်ကုန်မြို့မှ ပဲခူးမြို့သို့ လည်းကောင်း၊ နောက်တစ်ဆင့် ပဲခူးမြို့မှ ဘုရားကြီး၊ ဝေါ၊ ရေတာရှည် …

Read More »

ပဲခူးမြို့နယ်၊ ကင်းပိုင်ခြုံကျေးရွာသို့ ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

2

အောက်တိုဘာ ၁၁ (ပဲခူး)       ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပဲခူးမြို့နယ်၊ ကင်းပိုင်ခြုံကျေးရွာအုပ်စု၊ ကင်းပိုင်ခြုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။       အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သယံဇတ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။      အဆိုပါတွေ့ဆုံပွဲ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ယခုလာရောက်ခြင်းသည် ကျေးရွာအတွက် လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပေးနိုင်ရေးအတွက် လာရောက်တွေ့ဆုံခြင်း လည်းဖြစ်သလို၊ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ၊ သောက်သုံးရေရှားပါးသည့် ဖြစ်စဉ်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရသည် ပြည်သူ့အစိုးရဖြစ်၍ ပြည်သူတို့၏ လိုလားချက်များကို ဖြည့်ဆည်းပေးမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ …

Read More »

ဝန်ကြီးချုပ်ထံသို့ Norwegian People’s Aid မှ လာရောက်တွေ့ဆုံ

IMG_3462

အောက်တိုဘာလ   ၁၀ (ပဲခူး)   (၁၀.၁၀.၂၀၁၆)ရက်နေ့၊ မွန်းလွဲ(၁၄:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ Norwegian People’s Aid မှ တာဝန်ရှိသူများ လာရောက် တွေ့ဆုံခဲ့သည်။    တွေ့ဆုံပွဲ၌ Norwegian People’s Aid မှ တာဝန်ရှိသူက ကျေးရွာနေပြည်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေသကဲ့သို့ မိမိတို့ နော်ဝေပြည်သူများ ထောက်ပံ့ ရေးအဖွဲ့(NPA-Norwegian People’s Aid) မှလည်း ငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် တစ်ဘက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ မကြာမီဖွဲ့စည်းတော့မည့် တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရာတွင်လည်း အထောက်အပံ့ ဖြစ်စေမည်ဟု ယုံကြည် ပါကြောင်း ပြောကြားခဲ့သည်။           ထို့နောက် ဝန်ကြီးချုပ်က မိမိတို့အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အထူးပင် အလေးထား ဆောင်ရွက်နေသည်ကို ဧည့်သည်တော်များအနေဖြင့်           …

Read More »

(ACIAR) My Rice Project အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

F I

အောက်တိုဘာ ၁၀ (ပဲခူး)   (၁၀.၁၀.၂၀၁၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော (ACIAR) My Rice Project အလုပ်ရုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင် တက်ရောက်ခဲ့သည်။          အခမ်းအနား၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်က ယနေ့ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲဟာ ယခင်ကတည်းက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစီမံချက်များဖြစ်သော်လည်း ပြည်သူလူထုအတွက် လိုအပ်တဲ့ကိစ္စဆိုရင် အားသွန်ခွန်စိုက် လုပ်ဆောင်ရန်အရေးကြီးကြောင်း၊ အချိန်ဟာ တိုတောင်းပြီး အလွန်တန်ဖိုးရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍမှာ စိုက်ပျိုးရေး ဦးစီးဌာနက နိုးဆော်ဆောင်ရွက်လျက်ရှိသော်လည်း တောင်သူများဘက်က အဆင်မပြေမှုများလည်းရှိကြောင်း၊ တောင်သူများရဲ့ အဆင်မပြေမှုသည် မိမိတို့အစိုးရရဲ့ အဆင်မပြေမှုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရဲ့ လူဦးရေ ၇၀%ဟာ တောင်သူများဖြစ်တဲ့အတွက် တောင်သူများရဲ့ လိုအပ်ချက်များကို ပံ့ပိုးဖြည်းဆည်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့အစိုးရဟာ လုပ်ငန်းများဆောင်ရွက်မှုမှာ …

Read More »