နောက်ဆုံးရသတင်းများ

ငါးကဏ္ဍလုပ်ငန်းအကောင်အထည်ဖော်ရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

0-02-03-5824c6c3192622ade10949a6ae46ec8d31d12c3b873680b1d04f62ea49e7ba92_full

စက်တင်ဘာ ၂၉ (ပဲခူး) (၂၉.၉.၂၀၁၆)ရက်နေ့ နံနက်(၀၉:၀၀)အချိန်က ပဲခူးတိုင်း ဒေသကြီးငါးလုပ်ငန်းဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် ငါးကဏ္ဍလုပ်ငန်း အကောင်အထည်ဖော်ရန် အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်ဇော်နိုင်ကရေလုပ်ငန်းဆိုင်ရာနည်းပညာရှင် များ မွေးထုတ်ရေး၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး တက်ရောက်လာကြသည့် ပညာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များစသည့် အလွှာအသီးသီးအနေဖြင့် မိမိတို့၏ အမြင်များကို နှစ်ဖက်ပွင့်လင်းစွာ ရှုမြင် သုံးသပ်ပြီး ပွတ်တိုက်မှုအနည်းဆုံးနှင့် ကိုယ်ချင်းစာစိတ် အပြန်အလှန်အလေးထားပြီး ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးမှာ အထောက်အပံ့ဖြစ်စေမည့် ဆွေးနွေးပွဲရလဒ်များ ပေါ်ထွန်းလာစေရေးကို ဦးတည်ဆွေးနွေးပေးကြရန် အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က ငါးကဏ္ဍတွင် ငါးဖမ်းဆီးရေး …

Read More »

ဝန်ကြီးချုပ်ထံသို့ WELLWORTH ASSETS SDN BHD မှလာရောက်တွေ့ဆုံ

IMG_3376

စက်တင်ဘာလ   ၂၈ (ပဲခူး)    (၂၈.၉.၂၀၁၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်က ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ မလေးရှားနိုင်ငံ အခြေစိုက်၊      WELLWORTH ASSETS SDN BHD မှ ဒါရိုက်တာနှင့် ပါမောက္ခချုပ်တို့ လာရောက်တွေ့ဆုံခဲ့သည်။           တွေ့ဆုံပွဲ၌ WELLWORTH ASSETS SDN BHD ဒါရိုက်တာက ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပဲခူးမြို့သည် အလွန်အရေးပါသောမြို့တစ်မြို့ဖြစ်ခြင်းကြောင့် လာရောက်တွေ့ဆုံ ခြင်းဖြစ်ကြောင်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ် အကောင်အထည်ဖော် တော့မည်ဖြစ်၍ ပဲခူးမြို့သည် နိုင်ငံတကာသို့ သွားလာနိုင်သည့် ဝင်ပေါက်/ ထွက်ပေါက်ဖြစ်ကြောင်း၊ နောင်အနာဂတ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် စက်မှုလုပ်ငန်းများ တိုးတက်များပြားလာမည်ဖြစ်၍ အရည်အချင်းပြည့်ဝသော အခြေခံလုပ်သားမှအစပြု၍ပညာရှင်အဆင့်ထိ မွေးထုတ်ပေးနိုင် မည့် သင်တန်းကျောင်းများ လိုအပ်မည်ဖြစ်သဖြင့် လာရောက် တွေ့ဆုံရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။           ထို့နောက် ဝန်ကြီးချုပ်က ပဲခူးမြို့တွင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး တည်ဆောက် မည်ဖြစ်ကြောင်း၊ …

Read More »

ဝန်ကြီးချုပ်ထံသို့ Trimble Solutions Corporation မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံ

IMG_3371

စက်တင်ဘာလ ၂၇ (ပဲခူး)     (၂၇.၉.၂၀၁၆)ရက်နေ့၊ မွန်းလွဲ(၁၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ထံသို့ ဖင်လန်နိုင်ငံ အခြေစိုက်၊  Trimble Solutions Corporation မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံခဲ့သည်။           တွေ့ဆုံပွဲ၌ Trimble Solutions Corporation ၏ ကိုယ်စားလှယ်မှ မြန်မာနိုင်ငံအတွင်း၌ Network စနစ်ဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေး၊ သုံးစွဲသည့်ဓါတ်အား အပြည့်အဝရရှိရေး၊ ဓါတ်အားအလေအလွင့် ဆုံးရှုံးမှုမဖြစ်စေရေး၊ ဓါတ်အားပြတ်တောက်မှု မရှိစေရေးတို့အတွက် ဆောင်ရွက်မည့် နည်းလမ်းများအား  Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။           ထို့နောက် ဝန်ကြီးချုပ်က Trimble Solutions Corporation ၏ တင်ပြသည့် အချက်အလက်များသည် နောင်အနာဂတ်အတွက် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့ ပဲခူးမြို့တွင်လည်း ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး အကောင်အထည်ဖော်တော့မည်ဖြစ်၍ ယခုတင်ပြသည့် စီမံကိန်းဟာလည်း လိုအပ်ကြောင်း၊ လေဆိပ်အတွက်သာမက လေဆိပ်ပတ်ဝန်းကျင် …

Read More »

ဝန်ကြီးချုပ်ထံသို့ UNDP မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံ

IMG_3354

စက်တင်ဘာ ၂၇ (ပဲခူး) (၂၇.၉.၂၀၁၆)ရက်နေ့၊ နံနက်(၁၁:၁၅)အချိန်က ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ထံသို့ UNDP မှ ကိုယ်စားလှယ်များ လာရောက် တွေ့ဆုံခဲ့သည်။           တွေ့ဆုံပွဲ၌ UNDP၏ ကိုယ်စားလှယ် Mr. Noel Matthews မှ မြန်မာနိုင်ငံ ပြည်သူ့ရေးရာ တာဝန်ယူမှု/ တာဝန်ခံမှု မူဘောင်(MYSAF)တစ်ခုစီသို့ ခေါင်းစဉ်ဖြင့် ဒီမိုကရေစီနှင့်ဆိုင်သော တာဝန်ယူမှု/ တာဝန်ခံမှု၊ နိုင်ငံရေး နှင့်ဆိုင်သော တာဝန်ယူမှု/တာဝန်ခံမှု၊ ပြည်သူ့ရေးရာ တာဝန်ယူမှု/ တာဝန်ခံမှုတို့အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။    ထို့နောက် ဝန်ကြီးချုပ်က မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သောအစိုးရကို စတင်အကောင် အထည်ဖော်ဆောင်ရွက် နေဆဲကာလဖြစ်ကြောင်း၊ ဘယ်အရာမဆို အစိုးရတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရကြောင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ အောင်မြင်မှုများ ရရှိနိုင်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း အစိုးရအပေါ်တွင် ပူးပေါင်းပါဝင်လာအောင် UNDP …

Read More »

ဝန်ကြီးချုပ်ထံသို့ Green A Consultants Pte Ltd မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံ

IMG_3329

စက်တင်ဘာ ၂၇ (ပဲခူး) (၂၇.၉.၂၀၁၆)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်က ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ စင်္ကာပူနိုင်ငံ အခြေစိုက်၊  Green A Consultants Pte Ltd မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံခဲ့သည်။           တွေ့ဆုံပွဲ၌ Green A Consultants Pte Ltd၏ ကိုယ်စားလှယ်မှ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်စေမည့် မြို့ပြစီမံကိန်းတစ်ခုအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ၎င်းစီမံကိန်းအကောင်အထည် ဖော်ခြင်းအားဖြင့် ရာသီဥတု ဖောက်ပြန်မှု၊ ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ ယာဉ်ကြောပိတ်ဆို့မှုစသည်တို့ လျော့ချပေးနိုင်ပြီး၊ ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားနိုင်မည်ဖြစ်ကြောင်း တင်ပြခဲ့သည်။           ထို့နောက် ဝန်ကြီးချုပ်က ပဲခူးမြို့တွင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး တည်ဆောက် မည်ဖြစ်၍ အဆင့်မြင့်အိမ်ရာအဆောက်အဦများ လိုအပ်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မည်ကိုလည်း မလိုလားကြောင်း၊ ယခု တင်ပြတဲ့ စီမံကိန်းဟာ မိမိတို့ မျှော်လင့်ထားတဲ့ …

Read More »