Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / World Toilet Association မှ Public Toilet ဆောက်လုပ်လှူဒါန်းနိုင်ရန် လာရောက်တွေ့ဆုံ

World Toilet Association မှ Public Toilet ဆောက်လုပ်လှူဒါန်းနိုင်ရန် လာရောက်တွေ့ဆုံ

မတ် ၂၉ (ပဲခူး)
===============

မတ်လ (၂၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများ အစည်းအဝေးခန်းမသို့ World Toilet Association မှ Public Toilet ဆောက်လုပ်လှူဒါန်းနိုင်ရန် လာရောက်တွေ့ဆုံသည်။
ရှေးဦးစွာ Suwon Government မှ Director General of Environment Bureau, Mr Kyo-Won,Kim က မိမိတို့အစိုးရအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုဘဝမြှင့်တင်ရေးလုပ်ငန်းများအား သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ဒေသတွင်း လူမှုရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ World Toilet Association မှ Vice President , Mr. Sim Young chan က ပဲခူးမြို့တွင်းရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီးနှင့် ကမ္ဘောဇသာဒီနန်းတော်ဝန်းအတွင်း နိုင်ငံတကာအဆင့်မီ Public Toilet ဆောက်လုပ်လှူဒါန်းမည့် အခြေအနေများနှင့် နိုင်ငံတကာတွင် ဆောက်ရွက်နေသည့် လူမှုရေး အကျိုးပြုလုပ်ငန်းစဉ်များကိုလည်းကောင်း၊ Sunshine Yangon Co., Ltd မှ Managing Director, Mr. Kim က ပဲခူးမြို့အား Smart City အဆင့်မြှင့်တင်ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်မှုများရှိနေပါကြောင်း၊ လူအများသွားလာပြီး ပြည်ပခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ အဆင်ပြေနိုင်စေရန် World Toilet Association နှင့် ချိတ်ဆက်ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ထပ်မံ၍ ကိုရီးယားနိုင်ငံ လူမှုအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများ ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးသွားမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက မြန်မာ့ဓလေ့ထုံးစံတွင် အိမ်သာအား အိမ်နှင့်အဝေးဆုံးတွင် ဆောက်လုပ်ကြကြောင်း၊ အိမ်သာနေရာသည် လူအများမသွားမဖြစ်မှသာ သွားရောက်ရသည့်နေရာဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် World Toilet Association မှ ဆောက်လုပ်လှူဒါန်းပေးထားသည့် Public Toilet ပုံစံများကို ကြည့်ခြင်းအားဖြင့် အဆင့်မြင့်မားသည်ကို တွေ့ရှိရသဖြင့် ကျေနပ်မှုဖြစ်ရကြောင်း၊ မြန်မာနိုင်ငံအတွင်း ပဲခူးမြို့မှစ၍ အဆင့်မြင့် Public Toilet များ ဆောက်လုပ်မှူဒါန်းပေးမည်ဖြစ်ကြောင်း သိရှိရ၍ ကြိုဆိုပါကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့မှလည်း လိုအပ်သည်ကို ကူညီပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ဥပေဒချုပ် ဦးအုန်းမြင့်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်း၊ World Toilet Association မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။