နောက်ဆုံးရသတင်းများ

မြို့နယ်​အဆင့် သန်းခေါင်​စာရင်​ဆိုင်​ရာ အချက်​အလက်​များ အသိပညာ​ပေးခြင်းလုပ်​ငန်း အလုပ်​ရုံ​ဆွေး​နွေးပွဲ ကျင်းပပြုလုပ်​

FI

ဇွန် ၅ (ပဲခူး) ========================================= ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ဇွန်လ(၅)ရက်နေ့၊ နံက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီမှ ဦးဆောင်၍ မြို့နယ်အဆင့် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ အသိပညာပေးခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်းမှ အမှာစကားပြောကြားပြီး မြို့နယ်အဆင့် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက် စာအုပ်များအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ဌေးမှ ပဲခူးခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဌ ဦးစိုးနိုင်ထံ ပေးအပ်သည်။ လူဦးရေ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ခုနှစ်၊ မတ်လ(၃၀)ရက်နေ့မှ ဧပြီလ(၁၀)ရက်နေ့အထိ ကောက်ယူခဲ့ပြီး (၄)လအကြာ ၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် ရှေ့ပြေးလူဦးရေ စာရင်းထုတ်ပြန်ခဲ့သည်။ ပင်မသန်းခေါင်စာရင်း အစီရင်ခံစားအား ၂၀၁၅ခုနှစ်မေလတွင် ထုတ်ပြန်ကာ ပင်မအစီရင်ခံစာ၏ နောက်ဆက်တွဲ အစီရင်ခံစာများဖြစ်သော အလုပ်အကိုင်နှင့် လုပ်ငန်းအစီရင်ခံစာ၊ …

Read More »

ပဲခူးတိုင်းဒေသကြီးတည်ဆောက်မှုကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ (BRCCA) ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

FI

ဇွန် ၂ (ပဲခူး) ==================================================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇွန်လ(၂)ရက်နေ့၊ မွန်းလွဲ(၂:၃၀)နာရီ အချိန်က Bago Regional Construction Control Authority(BRCCA) ပဲခူးတိုင်း ဒေသကြီးတည်ဆောက်မှုကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားရာ ယနေ့အချိန်အခါသည် ပဲခူး တိုင်းဒေသကြီးအတွက် မင်္ဂလာရှိတဲ့ နေ့တစ်နေ့ဖြစ်ပြီး၊ တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူ ကာ အရည်အသွေးများ ကြီးကြပ်စစ်ဆေးခြင်းအား ဆောင်ရွက်ပေးနိုင်သည့် BRCCA အဖွဲ့ ဖွဲ့စည်းနိုင်တော့မည်ဖြစ်ကြောင်း၊ BRCCA အဖွဲ့၏ လက်အောက်တွင် အရည်အသွေးစစ်ဆေးရေး လုပ်ငန်း(QC)အဖွဲ့များ ရှိမည်ဖြစ်ပြီး၊ လုပ်ငန်းစစ်ဆေးချက် အစီရင်ခံစာများကို စိစစ်ခြင်း၊ လိုအပ် ပါက လုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိ အနေဖြင့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များမှာ ပြင်ပအင်/ဂျင်နီယာပညာရှင်များ၏ လိုလားချက်ဖြင့် ထည့်သွင်းပေးထားခြင်းဖြစ်ကြောင်း၊ …

Read More »

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ နေရပ်ထံ ပြန်လာနိုင်ရေး UNHCR မှ လာရောက်ဆွေးနွေး

FI

ဇွန်လ ၂ (ပဲခူး) ================================================== ဇွန်လ (၂)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ထံသို့ UNHCR မှ Senior Field Corrdinator, Ms.Yuka Hasegawa မှ လာရောက်တွေ့ဆုံခဲ့ သည်။ တွေ့ဆုံပွဲတွင် Ms.Yuka Hasegawa က ထိုင်းနိုင်ငံ၊ ဒုက္ခသည်စခန်းတွင် ပဲခူးတိုင်းဒေသကြီး မှ လာရောက်ခိုလုံသူ (၃၅)ဦးအား နေရပ်ပြန်လာနိုင်ရေးတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးနိုင်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်းနှင့် မိမိတို့ UNHCR မှ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က ထိုင်းနိုင်ငံ၊ ဒုက္ခသည်စခန်းမှ မိမိတို့ တိုင်းဒေသကြီးသို့ ပြန်လည် အခြေချနေထိုင်လိုသူများကို ကြိုဆိုပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးဒေသတွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း၊ စက်ရုံ/အလုပ်ရုံများလည်း ပေါ်ထွန်းလာတော့မည်ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ရှိနေကြောင်းနှင့် လိုအပ်သည့် ထောက်ပံ့မှုများအား …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်

FI

ဇွန်လ ၂ (ပဲခူး) ========================= ဇွန်လ(၂)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်မှ အဖွင့်အမှာစကား ပြောကြားရာ “မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားသို့ တက်လှမ်းရမည်ဆိုသော မြင့်မားသည့်ရည်မှန်းချက် ချမှတ်ကာ အားကစားအဆင့်အတန်း မြှင့်မားရေးလုပ်ငန်းများကို အမျိုးသားရေးအမြင်နှင့် ယှဉ်တွဲပြီး အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နေခြင်းဖြစ်သည်ဆိုသည့် ယုံပြည်ချက်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်” ပြောကြားသည်။ ထို့နောက် အားကစားသမားများမှ အားကစားသစ္စာဓိဌာန်(၄)ချက် ရွတ်ဆိုကာပြိုင်ပွဲအား ယှဉ်ပြိုင်ကစားကြသည်။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး အသက်(၂၅)အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန်လ(၂)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အမျိုးအသင်း(၂၈)သင်း၊ အမျိုးသမီး(၅)သင်း၊ အားကစားသမား(၁၄၀)ဦး ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ …

Read More »

ငါးမွေးမြူရေးလုပ်ငန်းများ စနစ်တကျ ဖြစ်စေရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

ဇွန် ၂ (ပဲခူး) ==================================================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇွန်လ(၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်က ပဲခူး၊ကဝ၊သနပ်ပင်မြို့နယ်များအတွင်း ငါးမွေးမြူရေးကန် တူးဖော်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားရာ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ ခွင့်ပြုချက်မရှိဘဲ ငါးမွေးမြူရေးကန်များ တူးဖော်နေမှုများသည် အနာဂတ် ဖွံ့ဖြိုးရေးစီမံကိန်းများ အတွက် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ငါးကန်တူးဖော်မှုများကို ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ရာတွင် မြေအမျိုးအစားအလိုက် ပြဋ္ဌာန်းထားပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေများလည်း ရှိပြီးဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းဘဲလုပ်လုပ် ဥပဒေနှင့်အညီ လုပ်ဆောင်ကြရန်နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိရန် မှာကြားခဲ့သည်။ ထို့နောက် အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းမှ သက်ဆိုင်ရာ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူး များနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့အနေဖြင့် မိမိတို့မြို့နယ်အတွင်းရှိ ငါးမွေးမြူရေးကန်များအား ကြီး/လတ်/သေး လုပ်ငန်းအမျိုးအစားခွဲခြားပြီး …

Read More »