Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ပဲခူးတိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး စက်တင်ဘာ ၉         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၉)ရက်နေ့၊ နံနက် ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်း‌ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်တို့က ပဲခူးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား  ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။         ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် တိုင်းရင်းသားများ၏ …

Read More »

(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေး

ပဲခူး စက်တင်ဘာ ၈           ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ စက်တင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းက (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် ပဲခူးမြို့၊ ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်သို့ ရောက်ရှိခဲ့ပြီး (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး/ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးများရှိ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းတပ်ဖွဲ့ဝင်(၁၅၀)ဦးကျော်မှ စုပေါင်းသွေးလှူဒါန်းနေမှု ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စွက်စာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် လာရောက်သွေးလှူဒါန်းကြသည့် ရဲတပ်ဖွဲ့ဝင်များအား …

Read More »

ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပ

ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “စာတတ်မြောက်ခြင်း” သည်  လူတိုင်းရဲ့ အခြေခံလူ့အခွင့်အရေးဖြစ်ပြီး လူတစ်ဦးချင်းနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သဖြင့် “ဘယ်သူမှ နောက်ချန်မကျန်ရစ်စေရေး”ဆိုတဲ့ မူဝါဒကို အဓိကထား၍ ကျောင်းနေအရွယ်ကလေးတိုင်း အရည်အသွေးရှိတဲ့ အခြေခံပညာရေးရရှိစေရန် ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်ကျောင်းစနစ်အတွင်း မသင်ကြားနိုင်တဲ့ ကျောင်းပြင်ပရောက်ကလေးများအတွက် ကျောင်းပြင်ပပညာရေးနှင့် စဉ်ဆက်မပြတ်သင်ယူခွင့် အခွင့် အလမ်းများကိုလည်း အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသလို ကျောင်းပြင်ပ မူလတန်း၊ အလယ်တန်းပညာရေး အတန်းနေရာချထားစစ်ဆေးမှု Placement Test အထူးအစီအစဉ်ကို လည်း ဖော်ဆောင်ပေးခဲ့ကြောင်း၊ အတတ်ပညာမရှိလျှင် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး စက်တင်ဘာ ၇             ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ စက်တင်ဘာလ ၇ ရက်နေ့၊ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ညောင်လေးပင် ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သံပုရာခုန်ကျေးရွာအုပ်စု၌ ရေဆင်းပေါ်ဆန်း ၂ စပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံ စိုက်ရာသီတွင် ဆီထွက်သီးနှံပဲပုပ်စိုက်ပျိုးနိုင်ရေးနှင့် တန်ဖိုးမြှင့်ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး တိုက်တွန်းပြောကြားခဲ့ပြီး သွင်းအားစုများ ပေးအပ် ခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ညောင်လေးပင်မြို့၊ မြို့မ (၃)ရပ်ကွက်ရှိ လုပ်ငန်းရှင်ဦးရဲဇာနည်၏ “သပြေရိပ်” လယ်ယာသုံးစက်ကိရိယာအလုပ်ရုံမှ ထွန်စက်နောက်တွဲ ဘက်စုံသုံးဆေးဖြန်းစက်နှင့် ထွန်းယက်စက် အမျိုးမျိုးထုတ်လုပ်နေမှုအား …

Read More »

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၈/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ

အုတ်တွင်း စက်တင်ဘာ ၇           နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရန်အတွက် စစ်မှုထမ်းဆောင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။           ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ် စဉ်( ၂၈/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ နယ်မြေခံသင်တန်း ကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ စစ်မှုထမ်းသင်တန်း တက်ရောက်မည့်  သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မား ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား စက်တင်ဘာလ ၅ ရက်နေ့၊ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုကာလသည် မိုးသည်းထန်စွာရွာ သွန်းလျက်ရှိပြီး မိုးစပါးအပါအဝင် အခြားမိုးသီးနှံများ ရိတ်သိမ်းလျက်ရှိသည့် အချိန်အခါဖြစ်၍  လေ့လွင့်မှု နှင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး စီမံဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့် ပေါ်ဆန်းစပါးမျိုးများအပြင် စားသုံးမှုအရည်အသွေးကောင်းမွန်သည့် ဒေသမျိုး တောင်ပျံမွှေး၊ ငကျွဲမွှေးနှင့် ပေါ်ကျွဲမွှေးစပါးမျိုးများကိုလည်း မျိုးသန့်ခြင်း၊ မျိုးပွှားခြင်းများ တိုးချဲ့ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းပြည့်မီသည့် အောင်နိုင်တိုး စပါးမျိုးများ မျိုးသန့်မျိုးပွှားခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်းများ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်များ သို့ သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး စက်တင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြို့အတွင်း အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက် နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်ကြီးစု ရပ်ကွက်၊ အနိမ့်ပိုင်းနေရာများအတွင်းသို့ ပဲခူးမြစ်ရေ ဝင်ရောက်နေမှုအား စက်လှေများဖြင့်လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များအား ထမင်းထုပ်များ၊ ရေသန့်၊ အအေးနှင့် မုန့်များ ပေးအပ်ခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ရေဝင်ရောက်မှု အပေါ် ကူညီဆောင်ရွက်နေကြသည့် တပ်ရင်းတပ်ဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်းလယ်ယာသုံးစက်ကိရိယာနှင့်  MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

တောင်ငူ စက်တင်ဘာ ၃               တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လယ်ယာသုံးစက်ကိရိယာနှင့် MSMEs လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည်။            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်ငူဒေသသည် ရှေးဟောင်း အမွေအနှစ်မြို့တော်တစ်ခုဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက်ပစ္စည်း ကုန်ကြမ်းပစ္စည်းများ ပေါကြွယ်ဝပြီး လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် ဒေသတစ်ခုဖြစ်၍ MSMEကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလားအလာ အကောင်းဆုံး ဒေသတစ်ခုဖြစ်သည့်အပြင် အထူးဖွံ့ဖြိုးရေးဒေသ တစ်ခုအဖြစ် ဖော်ဆောင်ပေးလျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME နှင့် အခြားကဏ္ဍစုံအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ အရည်အသွေးမြင့် ကော်ဖီ၊ သဘာဝမျှစ်နှင့် မှိုထုတ်လုပ်ရေး လုပ်ငန်းများသည် ပြည်ပပို့ကုန်အထိ ထိုးဖောက်နိုင်သည့် အခွင့်အလမ်းကောင်းများရှိသလို ရာသီအလိုက် ထွက်ရှိသည့် …

Read More »

ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၂၆ ခုနှစ်၊ ၂၇ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၃၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၂၆ ခုနှစ်၊ ၂၇ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ကော်မတီဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် ဘာသာရပ်အလိုက် နည်းပြများ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး သတ်မှတ်ရက်အချိန်မီ ရောက်ရှိရေး၊ နေထိုင်စားသောက်ရေး၊ သွားလာရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စ ရပ်များ ဘက်စုံပြည့်စုံမှုရှိစေရေး ကြိုတင်စီစဉ်ပေးထားရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား Clean City, Green City ဖြစ်စေရေး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဩဂုတ် ၃၀           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အား Clean City, Green City ဖြစ်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဈေးရုံ အမှတ်(A) အသစ်တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။၎င်းနောက် ပဲခူး မြို့နယ်၊ ကလိကျေးရွာရှိ ထီးတော်ကျ တံတား ပျက်စီးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ဆုံး သံဘောင်တံတား တစ်စင်း တည်ဆောက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်သို့ ရောက်ရှိခဲ့ပြီး …

Read More »