နောက်ဆုံးရသတင်းများ

ရွှေတောင်မြို့၊ အမှတ်(၁)အထည်စက်ရုံသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

0-02-01-a1c858cb7fba2c6d40a59325140c2144b3afa51eedcf0af03c2a856cea503438_full

စက်တင်ဘာ ၁၄ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အမှတ်(၁) အထည်စက်ရုံ(ရွှေတောင်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)၊ ဒုတိယစက်ရုံမှူး ဒေါ်ကြူကြူမှ အထည်စက်ရုံအတွင်း ထုတ်လုပ်နေသည့် အထည်အမျိုးအစား၊ ကုန်ကြမ်း ရရှိမှု၊ ကုန်ချောထုတ်လုပ်နေမှုတို့အား အဆင့်အလိုက် ရှင်းလင်းတင်ပြ ခဲ့သည်။ ထို့နောက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ထုတ်လုပ်ရရှိသည့် အထည်အမျိုးအစားအလိုက် နိုင်ငံတကာ အဆင့်မီစေရေး ရည်မှန်းချက်ထားဆောင်ရွက်သွားရန်၊ စက်ရုံ၏ လိုအပ်ချက်များကို မေးမြန်းခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

Read More »

ရွှေတောင်မြို့နယ်၊ မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ သွားရောက်ကြည့်ရှု

0-02-01-b9a9d05a40f230a5dc448c3d8c3a8f05d337fa0587450b831bae63b9a4aed8c5_full

စက်တင်ဘာလ ၁၄ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စုရှိ မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း သို့ သွားရောက်ကြည့်ရှုခဲ့သည်။ အဆိုပါစိုက်ခင်းအတွင်း စိုက်ပျိုးထားရှိမှုအခြေအနေ နှင့်ပိုးပွားရောဂါကျရောက်ခြင်းမရှိအောင်တည်ထောင် ထားရှိမှုတို့အား စိုက်ခင်းတာဝန်ခံမှ ရှင်းလင်းတင်ပြ ခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ စိုက်ပျိုးရေးနည်းပညာများအား တောင်သူများသိရှိ နိုင်ရေး၊ သိပ္ပံနည်းကျ စိုက်ပျိုးနိုင်ရေး၊ တစ်ဧကစပါး အထွက်နှုန်း တိုးတက်နိုင်ရေးတို့အား အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။

Read More »

ပေါင်းတည်မြို့ဗုဒ္ဓမြတ်စွယ်တော်ရတနာ(၁၁၆)ကြိမ်မြောက်အပူဇော်ခံပွဲကြီးအား ဝန်ကြီးချုပ်မှ တက်ရောက်ကြည်ညို

IMG_3081

စက်တင်ဘာ ၁၃ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊ ညနေ(၀၄:၀၀)နာရီတွင် ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော်ရတနာ(၁၁၆)ကြိမ်မြောက် အပူဇော်ခံပွဲကြီးအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါအခမ်းအနား၌ တစ်နှစ်တာကိန်းဝပ်စံပါယ်တော်မူသည့် ဂန္ဓကုဋိတိုက်တော်မှ အပူဇော်ခံရာ ရွှေကျောင်းဆောင်ရွှေပလ္လင်တော်ပေါ်သို့ ဗုဒ္ဓမြတ်စွယ်တော်ရတနာအား အခမ်းအနားဖြင့် ပင့်ဆောင်ပူဇော်ခဲ့ပြီး၊ အခမ်းအနားတက်ရောက်လာကြသူများမှ သီလဆောက်တည်ခြင်း  နှင့် ဗုဒ္ဓမြတ်စွယ်တော်အား မင်္ဂလာရတုကဗျာတေးထပ်များဖြင့် ပူဇော်ခဲ့ကြသည်။

Read More »

အစိုးရစက်မှုလက်မှုသိပ္ပံ(လက်ပံတန်း)သို့ ဝန်ကြီးချုပ်သွားရောက်

IMG_3083

စက်တင်ဘာ ၁၃ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊ နံနက်(၁၀)အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်တို့သည် လက်ပံတန်းမြို့၊ အစိုးရစက်မှုလက်မှု သိပ္ပံသို့ သွားရောက်ကြည့်ရှုခဲ့သည်။ အစိုးရစက်မှုလက်မှုသိပ္ပံ(လက်ပံတန်း)ကျောင်း၊ တာဝန်ရှိသူတစ်ဦးမှ ကျောင်း၏ဖွဲ့စည်း ထားရှိမှု၊ သင်ကြားနေမှု၊ သင်ယူနေမှုတို့အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ လိုအပ်သည်များ ပြန်လည်ဖြည့်စွက်မှာကြားခဲ့ပါသည်။

Read More »

(၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

IMG_2960

စက်တင်ဘာလ(၁၂)ရက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ (၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဆိုင်ရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ သည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမောင်မောင်လွင်၊ ပဲခူတိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်ဇော်နိုင်၊ ပဲခူး တိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊  ခရိုင်အုပ်ချုပ်ရေးမှူးများ၊ သဘင်၊ ဂီတ အစည်းအရုံးမှ ပညာရှင်များ၊ အကဲဖြတ်ဒိုင်အဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမောင်မောင်လွင် က ယခုအခမ်းအနား ကျင်းပရခြင်းသည် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အနုပညာများ မတိမ်ကော စေရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ အရည်အချင်းရှိသူများကိုသာ …

Read More »