ပဲခူး အောက်တိုဘာ ၁၇ ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာလ (၁၇)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရား တောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်၊ ကြခတ်ဝိုင်းကျောင်းတိုက်သိမ်တော်၊ မဟာကလျာဏီသိမ်တော်နှင့် ကမ္မဌာန်းကျောင်းတိုက်သိမ်တော်စသည့်နေရာများတွင် သံဃဂိုဏ်းအလိုက် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော် ကြည်ညိုခဲ့ကြသည်။ သံဃမဟာပဝါရဏာပွဲတော်အား ရွှေမော်ဓောဘုရားတောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်ကြီး၌ ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဆောင်၍ သုဓမ္မာဂိုဏ်းဝင်ကျောင်းပေါင်း(၃၆၅)ကျောင်းမှ သံဃာတော်(၂၉၆၇)ပါးတို့မှ (၁၀၃၃)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကြခတ်ဝိုင်း ကျောင်းတိုက်သိမ်တော်ကြီးတွင် ကြခတ်ဝိုင်းကျောင်းတိုက် ဆရာတော်ကြီးမှဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၂၀၅)သံဃာတော်အပါး(၁၃၂၉)ပါးမှ (၁၆၁)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ မဟာကလျာဏီသိမ်တော်ကြီးတွင် သာသနာ့မဏ္ဍိုင်ပါဌိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ကြီးမှ ဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၃၈)ကျောင်းမှ သံဃာတော်(၄၄၁)ပါးတို့မှ (၁၄၃)ကြိမ် မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကမ္မဌာန်းကျောင်းတိုက်သိမ်တော်ကြီးတွင် ကမ္မဌာန်းကျောင်း တိုက် ဆရာတော်ကြီးမှ …
Read More »Yearly Archives: 2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ ပထမဆုံးအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့
ပဲခူး အောက်တိုဘာ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပထမဆုံးအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ် မီးမျှောပူဇော် ပွဲတော်အား အောက်တိုဘာလ (၁၅)ရက်နေ့၊ ညပိုင်းက ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၊ ပဲခူးမြစ်၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပထမဆုံးအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ် မီးမျှောပူဇော်ပွဲတော်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ စီးပွားရေး ရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများမှ မြတ်ဗုဒ္ဓထံရည်မှန်း၍ မီးကြာခွက်(၂၀၀၀)အား မီးမျှောပူဇော်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ညစဉ်ဆီမီး(၇၀၀၀) ကပ်လှူပွဲသို့ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် MSME စျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အောက်တိုဘာလ(၁၅)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် MSME စျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ သတင်းကျွတ်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် မြို့မိ/မြို့ဖ(၂)ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနဗင့် ၎င်းတို့၏ ဇနီးများတို့သည် သီတင်းကျွတ် မီးထွန်းပွဲတော်ကျင်းပရာ ရွှေမော်ဓောဘုရားလမ်းတစ်လျှောက်ရှိ ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများမှ ကျွေးမွေးလှူဒါန်းနေသည့် နိဗ္ဗာန်ဈေးတန်းများ၊ မီးအလှဆင်ရုပ်ပုံ များနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်လျက်ရှိ သည့် အသေးစား၊ အငယ်စားနှင့် …
Read More »ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးအန္တရာယ် ဖြစ်ပေါ် စေနိုင်သည့် အကြောင်းအရင်းများကို စနစ်တကျဖြင့် ဝိုင်းဝန်းကိုင်တွယ်ဖြေရှင်းခြင်း၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းနှင့် ကာကွယ်ခြင်းတို့သည် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေနိုင်မှာဖြစ် ကြောင်း၊ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အဓိကလူ့စွမ်းအားအရင်း အမြစ်ဖြစ် သည့် ကလေးငယ်များ၊ မျိုးဆက်သစ်လူငယ်များကို လက်ရုံးရည်သာမက နှလုံးရည်မြင့်မားအောင်၊ သဘာဝဘေးအသိပညာနှင့် တုံ့ပြန်ဆောင်ရွက်ရေး စွမ်းရည်မြင့်မားအောင် လေ့ကျင့်မွေးထုတ်ကြရမှာဖြစ် ကြောင်း၊ အနာဂတ်ကာလတွင် မညီမျှမှုများ၊ ကွာဟမှုများ၊ လျော့နည်းပပျောက်ပြီး သဘာဝဘေးဒဏ် ခံနိုင်စွမ်းမြင့်မားသည့် လူမှုပတ်ဝန်းကျင်နှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော အခြေခံအဆောက်အအုံများ ဖြင့် မျှော်မှန်းထားသော သဘာဝဘေးထိခိုက်မှု လျော့ပါးရေးရည်မှန်းချက်ကို …
Read More »၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များမှ အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်
ပဲခူး အောက်တိုဘာ ၁၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများအား ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များမှ အဆိုအကများဖြင့် ဧည့်ခံ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ရှေးဦးစွာ မဟာဇနကဇာတ်တော်ကြီး ဝင်ရောက်ယှဉ်ပြိုင်မည့် “ရွှေမင်းသားလေး ကောင်းစစ်ဟိန်း” အဖွဲ့မှ “ရွှေဆုတွေဝိုင်း ရွှေပဲခူးတိုင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးခြင်းသည် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြသော ပညာ၊ သမ္ဘာနှင့် အတွေ့အကြုံရင့်ကျက်သည့် ပညာရှင်များ၏ …
Read More »ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းမှ (၄၃)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပြည် အောက်တိုဘာ ၁၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ ရှေးဟောင်းသမိုင်းဝင် လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးရှိ ပုညကရဏလေးထပ် ဓမ္မာရုံ တော်ကြီး၌ ကျင်းပပြုလုပ်သော ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းမှ (၄၃)ကြိမ် မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လောင်းလှူခဲ့သည်။ ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမော တဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ ရတနာမာရ်အောင် တောရကျောင်းတိုက်၊ ဦးစီးပဓာနနာယက၊ ပြည်တောင်တန်းတောရကျောင်းများ ဆန်လှူအသင်းကြီး၏ ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းတို့က (၅)ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး အောက်တိုဘာ ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နှစ်စဉ် ဧရာဝတီမြစ်ရေကျော်သည့်နေရာ ပန်းတောင်း – ဒေါင်းမြတ်နားလမ်း ရေကျော်ပျက်စီးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပိုင်း အလိုက် ရေထွက်ပေါက်များ ကောင်းမွန်မှုရှိစေရေး စစ်ဆေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့၊ ဝန်သိုရပ်ကွက်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား သွားရောက်ကြည့်ရှုအားပေး ခဲ့သည်။ ၎င်းနောက် ဦးစိုးမင်း၏ “သဘာဝအရသာ” သစ်သီးယိုမျိုးစုံ ထုတ်လုပ်ရောင်းချနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်သွားရန်၊ သဘာဝသစ်သီးအရသာ …
Read More »ပန်းတောင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန် ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်
ပန်းတောင်း အောက်တိုဘာ ၁၁ ပန်းတောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ်(၃) အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဇူလိုင်လနှင့် ဩဂုတ်လအတွင်း မိုးသည်ထန်စွာ ရွာသွန်းခဲ့မှုကြောင့် အာဆီယံအပေါင်းသုံး အရေးပေါ်အရန်ဆန်ရိက္ခာ (APTERR) အစီအစဉ် အရ ပန်းတောင်းမြို့နယ်မှ ရပ်ကွက်(၄)ခု၊ ကျေးရွာအုပ်စု(၆)စုရှိ အိမ်ထောင်စု(၁၀၄၂)၊ လူဦးရေ(၃၇၀၃)ဦး အတွက် ဆန်အိတ် ပေါင်း(၃၃၈)အိတ်အား သိုလှောင်ဆန်များအား အကူအညီအထောက်အပံ့အဖြစ် ဖြန့်ဝေခြင်း အစီအစဉ်အရ လာရောက်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တရားမဝင် ထုတ်ပြန်သည့် သတင်းအချက် အလက်များအား မယုံကြည်ကြရန်နှင့် …
Read More »ရွှေတောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန် ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်
ရွှေတောင် အောက်တိုဘာ ၁၀ ရွှေတောင်မြို့၊ မြို့နယ်ခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ် (၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသောဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှန်တကယ်ဆန်ရိက္ခာလိုအပ်နေသော ပြည်သူများထံသို့ အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ဖြန့်ဝေနိုင်အောင် ကူညီဖြည့်ဆည်းဆောင်ရွက် ပေးသည့် အာဆီယံအပေါင်းသုံး အရေးပေါ် အရန်ဆန်ရိက္ခာ (APTERR) အစီအစဉ်သည် ရေဘေးသင့် ပြည်သူများကို တိုက်ရိုက်အကျိုးပြုသော အစီအစဉ်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့်အတွက် ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးသည်ထန်စွာရွာသွန်းခဲ့၍ ရေဘေး သင့်ခဲ့သည့် ရွှေတောင်မြို့နယ်မှ ရပ်ကွက်(၃)ခု၊ ကျေးရွာအုပ်စု(၁၁)စုရှိ အိမ်ထောင်စု(၁၀၅၈)၊ လူဦးရေ(၃၅၂၂)ဦးအတွက် ဆန်အိတ်ပေါင်း(၃၂၁)အိတ်အား သိုလှောင်ဆန်များအား အကူအညီအထောက် …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်တွင်း စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေး
ရွှေတောင် အောက်တိုဘာ ၁၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ အောက်တိုဘာလ(၉)ရက်နေ့၊ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း ရွှေတောင်မြို့နယ်တွင်း စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ မဲတောကျေးရွာအုပ်စု ၌ တောင်သူ ဦးစိုးအောင်၏ ဗီယက်နမ်မျိုး မိုးစပါးရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ်(၂)သီး စိုက်ပျိုးနေရာမှ သီးထပ်စွမ်းအား တိုးတက်စေရေး တစ်နှစ်(၃)သီးစိုက်ပျိုးရန် လိုအပ်သည့် စိုက်ပျိုးရေရှိ ရေး၊ နွေနှမ်းအား ဘောင်ကြီးတင်စနစ်စိုက်ပျိုးနိုင်ရေး၊ အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် အစိုတင်း(၁၆၃)တင်း ထွက်ရှိကြောင်း သိရှိရသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် …
Read More »