နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်များ သို့ သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး စက်တင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြို့အတွင်း အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက် နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်ကြီးစု ရပ်ကွက်၊ အနိမ့်ပိုင်းနေရာများအတွင်းသို့ ပဲခူးမြစ်ရေ ဝင်ရောက်နေမှုအား စက်လှေများဖြင့်လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များအား ထမင်းထုပ်များ၊ ရေသန့်၊ အအေးနှင့် မုန့်များ ပေးအပ်ခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ရေဝင်ရောက်မှု အပေါ် ကူညီဆောင်ရွက်နေကြသည့် တပ်ရင်းတပ်ဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်းလယ်ယာသုံးစက်ကိရိယာနှင့်  MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

တောင်ငူ စက်တင်ဘာ ၃               တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လယ်ယာသုံးစက်ကိရိယာနှင့် MSMEs လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည်။            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်ငူဒေသသည် ရှေးဟောင်း အမွေအနှစ်မြို့တော်တစ်ခုဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက်ပစ္စည်း ကုန်ကြမ်းပစ္စည်းများ ပေါကြွယ်ဝပြီး လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် ဒေသတစ်ခုဖြစ်၍ MSMEကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလားအလာ အကောင်းဆုံး ဒေသတစ်ခုဖြစ်သည့်အပြင် အထူးဖွံ့ဖြိုးရေးဒေသ တစ်ခုအဖြစ် ဖော်ဆောင်ပေးလျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME နှင့် အခြားကဏ္ဍစုံအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ အရည်အသွေးမြင့် ကော်ဖီ၊ သဘာဝမျှစ်နှင့် မှိုထုတ်လုပ်ရေး လုပ်ငန်းများသည် ပြည်ပပို့ကုန်အထိ ထိုးဖောက်နိုင်သည့် အခွင့်အလမ်းကောင်းများရှိသလို ရာသီအလိုက် ထွက်ရှိသည့် …

Read More »

ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၂၆ ခုနှစ်၊ ၂၇ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၃၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၂၆ ခုနှစ်၊ ၂၇ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ကော်မတီဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် ဘာသာရပ်အလိုက် နည်းပြများ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး သတ်မှတ်ရက်အချိန်မီ ရောက်ရှိရေး၊ နေထိုင်စားသောက်ရေး၊ သွားလာရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စ ရပ်များ ဘက်စုံပြည့်စုံမှုရှိစေရေး ကြိုတင်စီစဉ်ပေးထားရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား Clean City, Green City ဖြစ်စေရေး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဩဂုတ် ၃၀           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အား Clean City, Green City ဖြစ်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဈေးရုံ အမှတ်(A) အသစ်တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။၎င်းနောက် ပဲခူး မြို့နယ်၊ ကလိကျေးရွာရှိ ထီးတော်ကျ တံတား ပျက်စီးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ဆုံး သံဘောင်တံတား တစ်စင်း တည်ဆောက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်သို့ ရောက်ရှိခဲ့ပြီး …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး ဩဂုတ် ၂၉           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်နှင့် ရင်ပြင်ပတ်ဝန်းကျင် တို့၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး စေတီတော်မြတ်ကြီး တင့်တယ်သပ်ပယ် ကြည်ညိုဖွယ်ဖြစ်စေရေး၊ ရင်ပြင်တော်ပေါ်၌ သန့်ရှင်းသပ်ရပ်စေရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ အများနှင့်သက်ဆိုင်သည့် ကားလမ်း(ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ …

Read More »