Home / 2024 (page 19)

Yearly Archives: 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မီးဘေးသင့်ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ သွားရောက် ကူညီထောက်ပံ့

ပဲခူး ဧပြီ ၃ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့်အတူ ဧပြီလ(၃)ရက်နေ့၊ နံနက်ပိုင်းက ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့သို့ သွားရောက်၍ မီးဘေးသင့်ပြည်သူများအား လိုအပ်သည်များ သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတို့သည် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့သို့ရောက်ရှိခဲ့ပြီး ဧပြီလ(၂)ရက်နေ့၊ ညပိုင်းက မီးလောင်ကျွမ်းခဲ့သည့် ပဲနွယ်ကုန်းဈေးနေရာသို့ ရောက်ရှိခဲ့ပြီး ယာယီဈေးအတွက် စည်ပင်သာယာပန်းခြံမြေနေရာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ပေးသွားမည်ဖြစ်ပြီး နှစ်အလိုက်ဘတ်ဂျက်များ လျာထား၍ ပဲနွယ်ကုန်း ဈေးအား ပြန်လည်တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ ဈေးအဝင်လမ်းအား မီးသတ်ယာဉ်များ အလွယ်တကူ ဝင်/ထွက် သွားလာနိုင်ရေး ဆောင်ရွက်ရန်၊ ဈေးအတွင်း မီးသတ်ရေငုတ်များနှင့် မီးသတ်ရေစင် များ ထည့်သွင်းတည်ဆောက်နိုင်ရေး တင်ပြရန် တာဝန်ရှိသူများအား …

Read More »

ပဲခူးတိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အိပ်ဖွင့်တင်ဒါခေါ်ခြင်း

ပဲခူး ဧပြီ ၃ ပဲခူးတိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အိပ်ဖွင့်တင်ဒါခေါ်နေမှုအား သိရှိနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်- အပြည့်အစုံဖတ်ရှုရန်——————–

Read More »

ပဲခူးတိုင်းဒေသကြီးနွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဧပြီ ၂ ================           ပဲခူးမြို့၊ တိုင်းဒေသကြီးအားကစားခန်းမကြီး၌ ဧပြီလ(၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းပြည်၏အခန်းကဏ္ဍအားလုံး ပုခုံးပြောင်း တာဝန်ထမ်းဆောင်မည့် လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ပြည်စုံကာ အကျင့်စာရိတ္တကောင်းမွန်တဲ့ အသိဉာဏ်ပညာ ဖွံ့ဖြိုးသူများဖြစ်အောင် ယခုအချိန်ကတည်းက စနစ်တကျ ပြုစုပျိုးထောင်ရန် လိုအပ်မှာဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တွင် ပါရှိသည့် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် လုပ်ငန်းစဉ်ကို ဘက်ပေါင်းစုံမှ …

Read More »

အဓိကသီးနှံ(၁၀)မျိုးအနက် ပန်းတိုင်အထွက်နှုန်း(၆)မျိုး ရရှိထားပြီးဖြစ်သော်လည်း ကျန်ရှိသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရန် မျိုး၊ မြေ၊ ရေ၊ နည်း လမ်း(၄)သွယ် ပြည့်စုံကောင်းမွန်စေရေး ဆက်လက် ပံ့ပိုးကူညီဆောင်ရွက်သွားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းမှာကြား

ပဲခူး ဧပြီ ၁ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄)အား ဧပြီလ(၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ် သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြား ချက်များအား ချပြရှင်းလင်းပြောကြားခဲ့သည်။ ယခင်က တောင်သူစိတ်ကြိုက် မိရိုးဖလာနည်းများအတိုင်း စိုက်ပျိုးခဲ့မှုအပေါ် မျိုး၊ မြေ၊ ရေ၊ နည်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ခြင်းများကြောင့် မိုးစပါး(၁၁)တင်း ပိုမို ထွက်ရှိခဲ့သည့်အပြင် ပဲမျိုးစုံ အထွက်နှုန်းတိုးတက်ခဲ့ပြီး တောင်သူများကိုယ်တိုင် စိုက်ပျိုးရေးဝင်ငွေ တိုးတက် ရရှိလာသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့် အလမ်းများ …

Read More »

၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်

ပဲခူး မတ် ၃၁ ===========           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၃၀)ရက်နေ့၊ မွန်းလွဲ ပိုင်းက ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရှေးရိုးရာ အစဉ်အလာမပျက် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့် အလေ့အထကောင်းများအတိုင်း ယခုနှစ်တွင်လည်း မဟာသင်္ကြန် ပွဲတော်ကိုလည်း စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သင်္ကြန်နှင့်ယိမ်း ခွဲခြားလို့ မရသလို ယိမ်းပြိုင်ပွဲများ အတွက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုနှင့် နှစ်သိမ့်ဆုအပါအဝင် စုစုပေါင်း ကျပ်သိန်း (၁၆၀)ဖြင့် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲသူ များ အားလုံးကို …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး မတ် ၃၁ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား မတ်လ(၃၀) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင် တည်းပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် လေးမျက်နှာဘုရား(ကျိုက်ပွန်ဘုရား) အဝင်လမ်းနှင့် ဘုရားပုရဝုဏ်တို့၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုနှင့် ခြင်ဆေးမှုတ်ခြင်း ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဘုရားအဝင်လမ်း လမ်းဘေးဝဲ/ယာ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေးနှင့် စိုက်ပျိုးထားသည့် အရိပ်ရသစ်ပင်များအား ထိန်းသိမ်း စောင့်ရှောက်ရန်၊ ဘုရားတန်ဆောင်များရှိ ဆီဆေး၊ရေဆေးများ ပြန်လည်ဆေးသုတ်ရန်နှင့် သာသနာ့နယ်မြေ အတွင်း ကျူးကျော်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ကားလမ်း(ဝဲ/ယာ)၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး မတ် ၃၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၂၉)ရက်နေ့၊ နံနက် ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စီးပွားရေးလုပ်ငန်း ဆောင်ရွက်နိုင်သည့် နေရာဒေသကျယ်ဝန်းခြင်း၊ လုပ်သားပေါကြွယ်ဝခြင်း၊ တည်ရှိပြီး စက်ရုံ/အလုပ်ရုံများ၌ အလုပ်ရှင် အလုပ်သမားပြဿနာမရှိခြင်းနှင့်အတူ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုများစသည့် အခြေခံ ကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်၍ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများ လာရောက်ဆက်သွယ်ပြောကြား ထားမှုများရှိကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များအားလုံးအတွက်လည်း လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အဘက်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသလို တည်ရှိပြီး လုပ်ငန်းများ ထပ်မံတိုးချဲ့လုပ်ကိုင်လာကြကြောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကို အခြေခံပြီး ပေါင်းဆန်ထုတ်လုပ်သည့် ဆန်စက်ကြီးများ၊ ဆီစက်ကြီးများ၊ သား/ငါး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် ဒေသထွက်ကုန်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး မတ် ၃၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် ဒေသထွက်ကုန် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သဲကုန်းမြို့နယ်၊ ဝက်ပုတ်မြို့၊ ရွှေညောင်ပင် လမ်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော “အမေသီတာ” ပြည်တွင်းထုတ်မြေပဲပေါင်းဆီစက်မှ ဆီထုတ်လုပ်နေမှုနှင့် ပဲကြော်လုပ်ငန်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ပြီး ဒေသထွက် မြေပဲအား ကုန်ကြမ်းအဖြစ် တင်ပို့နေမှုအစား မြေပဲဆီသန့်အား တိုးချဲ့ထုတ်လုပ်တင်ပို့ နိုင်ရေးဆောင်ရွက်ရန်နှင့် ပဲကြော်လုပ်ငန်းများအတွက် ထုတ်ပိုးမှုစနစ် အဆင့်မြှင့်တင်ပေးနိုင်ရေး တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် “ထူးမွန်”  ကျောက်ဖရုံယိုလုပ်ငန်းသို့ သွားရောက်၍ ပိဿာချိန်အလိုက် ကုန်ပစ္စည်းပို့အစား ထုတ်ပိုးမှုဆိုဒ်မျိုးစုံဖြင့် ဈေးကွက်အတွင်း ဖြန့်ဝေသွား ရန်နှင့် ပဲခူးမြို့နှင့် …

Read More »

ပဲခူးမြို့၌ အဂတိလိုက်စားလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်

ပဲခူး မတ် ၂၉ ============           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက အဂတိလိုက်စားလိုက်စားမှု တိုက်ဖျက် ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး အတွင်းရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ အဂတိလိုက်စားမှု မြောက်နိုင်တဲ့ ကိစ္စရပ်တွေကို သိရှိနားလည်နိုင်မှာဖြစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ပြစ်မှုပြစ်ဒဏ်တွေကို သိရှိနားလည်၍အဂတိလိုက်စားမှုဟာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အကောင်အထည်ဖော်ရာမှာ အဟန့်အတား ပြုနိုင်တဲ့ ရောဂါဆိုးတစ်ခုလို့ ဆိုရမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုဟာ လူတစ်ဦးချင်းစီရဲ့ အကျင့်စာရိတ္တ တွေ ပျက်စီးလာပြီး မျှတမှုရှိတဲ့ ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးတွေ ကျဆင်းလာနိုင်ပြီး နိုင်ငံအနေနဲ့ လည်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း၊ ပြည်သူ့ဝန်ဆောင်မှု …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်ထုတ်စွမ်းအား တိုးတက်မြှင့်မားစေရေး ကွင်းဆင်းဆောင် ရွက်ပေးခဲ့

ပြည် မတ် ၂၉ ===========           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်တက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး အစည်းအဝေးခန်းမ၌ ဓာတုဗေဒဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာမြတ်မွန်အေးက ကြံဖတ်နှင့် ပြောင်းဖူးဖတ် တို့မှ လူသုံးကုန်စက္ကူထုတ်လုပ်သည့် အဆင့်ဆင့်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရာသီမရွေး ကုန်ကြမ်းပစ္စည်းလိုသလောက်ရရှိနိုင်သည့် ကောက်ရိုးဖြင့် စက္ကူထုတ်လုပ် နိုင်ရေးနှင့် စက္ကူစက်ရုံများနှင့်ချိတ်ဆက်၍ လိုအပ်သောနည်းပညာများရရှိနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တက္ကသိုလ်ရှိ ဓါတုဗေဒဓါတ်ခွဲခန်းမှ ထုတ်လုပ်ရရှိသည့် ကြံဖတ်နှင့်ပြောင်းဖူးဖတ်တို့မှ ထုတ်လုပ်ထားသည့် စက္ကူများနှင့် အသုံးပြုသည့် ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး နိုင်ငံခြားသုံးငွေ လျော့ချနိုင်ရေးနှင့် …

Read More »