Home / 2024 (page 8)

Yearly Archives: 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် နိုဝင်ဘာ ၇           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝင် ဝန်ကြီးများနှင့် အတူ နိုဝင်ဘာ(၇)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ နတ္တလင်းကျေးရွာအုပ်စု၌  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်မြို့နယ်အတွင်း မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံ(ရာကာ-၆၆၆)မျိုးအား အစက်ချရေပေးသွင်းနည်းစနစ် (Drip Irrigation)ဖြင့် ရေပေးဝေဆောင်ရွက် ထားသောစံပြစိုက်ခင်း(၁၅)ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဝါသီးနှံသည် ရေပေးသွင်းနိုင်ပါက နောက်တစ်ကြိမ် ပြန်လည်ခူးဆွတ် နိုင်ပြီး ယခုလို စံပြစိုက်ခင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကာ ဒေသခံတောင်သူများကလည်း မိမိတို့၏ ဝင်ငွေများ တိုးတက်လာစေရေးနှင့် စိုက်ပျိုးရေစနစ်တကျသုံးစွဲနိုင်ရေး အစက်ချရေပေးသွင်းနည်းစနစ် (Drip Irrigation) အား လိုက်ပါဆောင်ရွက်နိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပဲခူး နိုဝင်ဘာ ၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်မြို့နယ်၊ ဝဲဝန်းကျေးရွာ အုပ်စု၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခဲ့သည့် တစ်ကွင်းတစ်ဆက်တည်း ဆင်းသုခ မိုးစပါး(၂၅၈) ဧက ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး တစ်နွေစပါး(၂)သီး စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေရှိရေး ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံအား ပေးစကားပြောကြားခဲ့ပြီး တပ်ဖွဲ့ဝင်များအတွက် အခြေခံစားသုံးကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဒိုက်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဖအောင်ဝဲလမ်းရှိ …

Read More »

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေဖြင့် အသေးစားနှင့် အလတ်စား မိရိုးဖလာ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ၏ အရည်အသွေး အာမခံချက်စနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(Phase II) စီမံကိန်းအပြီးသတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး အောက်တိုဘာ ၃၁           ပဲခူးမြို့၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေဖြင့် အသေးစားနှင့် အလတ်စား မိရိုးဖလာ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ၏ အရည်အသွေး အာမခံချက်စနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(Phase II) စီမံကိန်းအပြီးသတ် အခမ်း အနားအား အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ အထူးရန်ပုံငွေဖြင့် အသေးစားနှင့် အလတ်စား မိရိုးဖလာ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း များ၏ အရည်အသွေး အာမခံချက်စနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(Phase II)အရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ သင်တန်းများပို့ချပေးခြင်း၊ အထောက်အကူပြုပစ္စည်း များ ပေးအပ်ခြင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့်

ပဲခူး အောက်တိုဘာ ၃၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၃၁) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့် အခမ်း အနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းသား/သူများသည် နိုင်ငံတော် အစိုးရမှ အလေးထားဆောင်ရွက်လျက်ရှိသော နိုင်ငံအတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် …

Read More »

“ရာဂီ”မုန်တိုင်းသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြားဌာနနှင့် အဖွဲ့အစည်း များ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၃၀           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ “ရာဂီ”မုန်တိုင်းသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အခြားဌာနနှင့် အဖွဲ့အစည်းများ ဂုဏ်ပြုပွဲအခမ်းအနားအား အောက်တိုဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ရာဂီ”မုန်တိုင်းအရှိန်ကြောင့် စစ်တောင်း မြစ်ရေ မြင့်တက်ခဲ့ပြီး စက်တင်ဘာလ(၁၁)ရက်နေ့တွင် ရေတာရှည်၊ ရေနီနှင့် သာဂရမြို့တို့တွင် စတင်ရေ ဝင်ရောက်ခဲ့ရာမှ တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုစတင်ဖြစ်ပွားခဲ့ကြောင်း၊ ရေကြီးရေလျှံမှုစတင်မဖြစ် ပွားမီအချိန်ကပင် ကြိုတင်ပြောင်းရွေ့နိုင်ရေး စီမံဆောင်ရွက်ခဲ့ခြင်းကြောင့် အသင့်စုဖွဲ့ထားသည့် တပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် လူမှုကယ်ဆယ်စောင့်ရှောက်ရေးအသင်းများ စုပေါင်းအားဖြင့် ပြည်သူများဘေးလွတ်ရာသို့ သက်စွန့်ကြိုးပမ်း ရွေ့ပြောင်းပေးနိုင်ခဲ့သည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ …

Read More »

ဒိုက်ဦး၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေး

ဒိုက်ဦး အောက်တိုဘာ ၂၉           ဒိုက်ဦးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား အောက်တိုဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ဒိုက်ဦးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြ သည်။           ထို့နောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား အောင်ရတနာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ်(၁)အခြေခံပညာအထက်တန်းမှာ ကျောင်းသား /ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ ကြသည်။           …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၈) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးနှင့် အောင်မြင်မှုများရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စခန်းသွင်းလေ့ကျင့် လျက်ရှိသည့် အားကစားနည်းအလိုက် တာဝန်ခွဲဝေပေးထားသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများက အလှည့်ကျသွားရောက် ကြီးကြပ်ခြင်း၊ လိုအပ်ချက်များ ဖြည့်ဆည်းပေး ခြင်း၊ အားပေးစကားပြောခြင်းတို့ကို ဆောင်ရွက်ပေးရန်လိုအပ်သလို အားကစားသမားတိုင်း မိမိတို့ ယှဉ်ပြိုင်မည့် အားကစားနည်း အလိုက်အမြင့်ဆုံးရည်မှန်းချက်၊ ယုံကြည်မှုအပြည့်ဖြင့် ပဲခူးတိုင်းဒေသကြီး အား အကောင်းဆုံးအဆင့် တစ်ခုထိရောက်ရှိအောင် ကြိုးစားယှဉ်ပြိုင်သွားရန်နှင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးမှ အောင်မြင်မှုများရရှိနိုင်ရေး အားလုံး …

Read More »

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်အားပေးထောက်ပံ့

ပဲခူး အောက်တိုဘာ ၂၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်း ဒေသကြီး ကိုယ်စားပြု အားကစားသမားများ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့၊ အားကစားဥယျာဉ်၌ အမျိုးသား/အမျိုးသမီးဖူဆယ်အားကစားနည်း စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အောက်တိုဘာလအတွင်း ရန်ကုန်မြို့၌ ကြီးမှူးကျင်းပခဲ့သည့် အသက်(၁၉)နှစ်အောက် Royal D Cup ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား ပထမဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ်သိန်း(၂၀)အား ထောက်ပံ့ ပေးအပ်ခဲ့သည်။ ၎င်းနောက် မြန်မာ့သိုင်း၊ ဗိုဗီနမ်နှင့် လက်ဝှေ့အားကစားနည်းအလိုက် စခန်းသွင်း လေ့ကျင့်နေမှုလည်းကောင်း၊ ပဲခူးတက္ကသိုလ်၌ အမျိုးသား/အမျိုးသမီး ဘောလီဘောအားကစားနည်း စခန်းသွင်းလေ့ကျင့်နေမှုအားလည်းကောင်း အသီးသီး သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမား …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် မြို့/ရွာ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး အောက်တိုဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား အောက်တိုဘာလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတက္ကသိုလ်၌ ကျောင်းဖွင့်ချိန်အမှီ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအားလှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တက္ကသိုလ်အတွင်းအစဉ်အမြဲ သန့်ရှင်းသပ်ရပ် စေရေး၊ စိမ်းလန်းစိုပြေစေရေး၊ ပန်းပေါင်းစုံဖူးပွင့်ဝေဆာစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက် သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ကားလမ်း (ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်အတွင်းလမ်း(ဝဲ/ယာ)၊ အများနှင့် သက်ဆိုင်သောပန်းခြံများနှင့် သောက်သုံးရေကန်များတို့တွင် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၅) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၄) ကျင်းပပြုလုပ်သည်၊ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသ ကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ်၍ စိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုအားထည့်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဧကများအတွက် ပြန်လည်ကုစား နိုင်ရေး ဆောင်းသီးနှံနှင့် နွေစပါးရာသီတွင် ပြန်လည်တိုးချဲ့စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ သီးထပ်စွမ်းအား တိုးတက်ရေးအတွက် စိုက်ပျိုးရေရရှိရေးကို နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီပေးသွားမှာဖြစ်၍ ရရှိနိုင်သည့် ရေအရင်းအမြစ်များ ဖော်ထုတ်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၁၀)မျိုးအား စံပြစိုက်ကွက်(၃၆၉၁၁)ဧက ဖော်ထုတ်သွားမည်ဖြစ်၍ ယခုအချိန်ကတည်းက ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်သွားရမှာဖြစ်သည့်အပြင် …

Read More »