နောက်ဆုံးရသတင်းများ

သာယာဝတီခရိုင်အတွင်းရှိ ပညာရေးမှုးများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

FI

ဧပြီ ၂၁ (ပဲခူး) ========================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဧပြီလ(၂၁)ရက်နေ့ ညနေ(၄:၃၀) နာရီအချိန်က မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ သာယာဝတီခရိုင်အတွင်းရှိ ပညာရေးမှုးများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားကာ လုပ်ဆောင်ပေး လျှက်ရှိကြောင်း၊ ဌာနဆိုင်ရာများမှလည်း အစိုးရအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား လက်တွဲပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြောင်းလဲလာသည့် ခေတ်စနစ်တွင် ဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်ရေးရာကအစ ပြောင်းလဲကြရမှာဖြစ်ကြောင်း၊ မြို့မိ/မြို့ဖ ဒေသခံများမှလည်း မိမိတို့ဒေသ ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးလာအောင် အစိုးရ၊ ဌာနဆိုင်ရာများအား ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ပြောင်းလဲရာတွင် ပညာရေးကဏ္ဍသည် အဓိကကြကြောင်း၊ သီးခံခြင်းတရား လက်ကိုင်ထားပြီး ပြုပြင်ပြောင်းလဲရေးအတွက် ဘုံရည်မှန်းချက်ထားကာ ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။ ထို့နောက် သာယာဝတီခရိုင်အတွင်းရှိ …

Read More »

လေပြင်းတိုက်က်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော နေအိမ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်

FI

ဧပြီ ၂၀ (ပဲခူး) ========================= ဧပြီလ(၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ အောင်သုခလမ်းတွင် လေတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော နေအိမ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲ ကျင်းပပြုလုပ်သည်။ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပဲခူးတိုင်းဒေသကြီး သစ်တောသယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်မင်းစံ၊ ပဲခူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ရွှေပုံနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်တို့က သစ်သားနေအိမ်တစ်လုံးလျှင် ငွေတစ်သိန်းကျပ်နှုန်း၊ တဲအိမ်တစ်လုံးလျှင် ငွေကျပ်ငါးသောင်း နှုန်းဖြင့် ပြန်လည်တည်ဆောက် ပြုပြင်ခြင်းများပြုလုပ်နိုင်ရန် ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြိုကျပျက်စီးသွားသော နေအိမ်များအား လိုက်လံကြည့်ရှုကာ မိသားစုများအား နှစ်သိမ့် အားပေးစကားများ ပြောကြားခဲ့သည်။ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ အောင်သုခလမ်းတွင် ဧပြီလ(၁၄ရက်နေ့က လေပြင်းတိုက်ခတ် သွားမှုကြောင့် သွပ်မိုးထရံကာပျဉ်ခင်း နေအိမ်(၄)လုံး၊ …

Read More »

International Market Analysis အသုံးပြုပုံ သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

FI

ဧပြီ ၁၉(ပဲခူး) ======================== ဧပြီလ(၁၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့ icon shopping Centar ၏Conference Room ၌ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ International Market Analysis အသုံးပြုပုံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေမှ အမှာစကားပြောကြားရာတွင် “ယခုဖွင့်လှစ်သော သင်တန်းသည် SMEs လုပ်ငန်းရှင်များအတွက် အလွန်အရေးပါသည့် သင်တန်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းစျေးကွက်မှ တစ်ဆင့်နိုင်ငံတကာ စျေးကွက်သို့ ထိုးဖေါက်ဝင်ရောက်သည့်အခါ သိသင့်သော အချက်အလက်များနှင့် အသိပညာ ဗဟုသုတများ ရရှိလာမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် SME လုပ်ငန်းများသည် ၉၀/ရာခိုင်နှုန်းကျော် ပါဝင်နေသည့်အတွက် နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုမှာ SME များသည် အဓိကအသက်သွေးကြော အဖြစ်တည်ရှိနေကြောင်း” ပြောကြားပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန …

Read More »

နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဧပြီ ၁၉ (ပဲခူး) ========================= ဧပြီလ(၁၉)ရက်နေ့၊ နံက်(၉)နာရီအချိန်က ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ကျုံပါကျေးရွာအုပ်စု၊ ကျုံပါချောင်းဝ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ နှစ်ထပ်ကျောင်းဆောင်သစ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။   ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးတို့က အမှာစကားပြောကြားပြီး သနပ်ပင်မြို့နယ် ပညာရေးမှူး ဆရာမကြီးဒေါ်လဲ့လဲ့ဝင်းမှ ကျောင်းဆောင်သစ် ဆောက်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းမှ ကျောင်းသား ကျောင်းသူများအတွက် ပဲနို့ဖျော်စက်လှူဒါန်းပြီး ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် နှစ်ထပ်ကျောင်းဆောင်သစ်အား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမိုးမြင့်အောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကျုံပါချောင်းဝကျေးရွာ စာကြည့်တိုက်တည်ဆောက်ရန် ပန္နက်တင်အခမ်းအနား တက်ရောက်

FI

ဧပြီ ၁၉ (ပဲခူး) ========================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဧပြီလ(၁၉)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့နှင့်အတူ သနပ်ပင်မြို့နယ်၊ ကျုံပါချောင်းဝကျေးရွာ စာကြည့်တိုက်တည်ဆောက်ရန် ပန္နက်တင် အခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ မင်္ဂလာအချိန်တွင် စာကြည့်တိုက်တည်ဆောက်ရန် ပန္နက်တင်အုတ်စီပေးပြီး အဆောက်အဦ ဆောက်လုပ်မည့် မြေနေရာအား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ စာကြည့်တိုက်ကို ကျုံပါချောင်းဝကျေးရွာ အိမ်ထောင်စု(၅၆0)ကျော် လူဦးရေ(၂၅၀၀)ကျော် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် အလှူရှင် ဦးသိန်းမြင့်+ဒေါ်ခင်ခင်ညို မိသားစုတို့မှ အလျား(၃၂)ပေ၊ အနံ(၂၆)ပေ RC တစ်ထပ်အဆောက်အဦအဖြစ် ငွေကျပ်(၈၅)သိန်းကျော် အကုန်ကျခံကာ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပါချောင်းဝကျေးရွာ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်သွားပြီး ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read More »