နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပပြုလုပ်

အောက်တိုဘာ ၁ (ပဲခူး) =================================== ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ အောက်တိုဘာလ(၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၁၇ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “လူ့အဖွဲ့အစည်းအတွင်းက သက်ကြီးရွယ်အိုများရဲ့ အခန်းကဏ္ဍနှင့် အခွင့်အရေးတွေ ပိုမိုခိုင်မာအောင်ဆောင်ရွက်ရာမှာ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာ့ရေမြေသဘာဝနဲ့ လိုက်လျောညီထွေဖြစ်စေမည့် ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှု၊ မိမိကိုယ်မိမိစောင့်ရှောက်မှု၊ မိသားစုစောင့်ရှောက်မှုနှင့် အိမ်အခြေပြု၊ ရပ်ရွာစောင့်ရှောက်မှုအားလုံး လုံလောက်စွာရရှိအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ မိမိတို့အစိုးရအနေဖြင့် လည်းသက်ကြီးရွယ်အိုများ ကျန်းမာတက်ကြွပြီး ဂုဏ်သိက္ခာရှိစွာ ပါဝင်ဆောင်ခွင့်ရသည့် မြန်မာ့လူ့အဖွဲ့အစည်း ဖြစ်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း” ပြောကြားသည်။ ထို့နောက် လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက အဘိုးအဘွားများအား ကန်တော့ကြိုးဖြင့် ကန်တော့ပြီး အခမ်းအနားတက်ရောက်လာသော …

Read More »

လုပ်ပိုင်ခွင့်များနှင့် ဥပဒေကိုအသုံးပြုရာမှာ ပွင့်လင်းမြင်သာစွာဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သော ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် ဆောင်ရွက်ရန် ဝန်ကြီးချုပ်ပြောကြား

အောက်တိုဘာ ၁ (ပဲခူး) ==================================== ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပဲခူးမြို့၊မြို့တော်ခန်းမတွင် အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်က (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ရဲ့လုပ်ပိုင်ခွင့်များနဲ့ ဥပဒေကိုအသုံးပြုရာမှာ ပွင့်လင်းမြင်သာစွာနဲ့ တာဝန်ယူမှု၊တာဝန်ခံမှု ပြုနိုင်သော ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် ဆောင်ရွက်ကြရန်၊ ရဲတပ်ဖွဲ့၏ သမာဓိဂုဏ်သိက္ခာ၊ ပြည်သူလူထု၏ ယုံကြည်မှု၊ ဥပဒေနှင့် ညီညွတ်မှုစသည့် အချက်သုံးချက်ကို ခိုင်မာအောင် တည်ဆောက်ပြီး နိုင်ငံတော်နှင့် ပြည်သူကိုအကျိုးပြုသော မိမိတို့ရဲ့အလုပ်ကို တန်ဖိုးထား ဂုဏ်ယူစွာဖြင့် အစဉ်ကြိုးပမ်း လုပ်ဆောင်သွားကြရန်၊ ဒီမိုကရေစီ ထူထောင်သည့် ယနေ့ကာလတွင် ဒီမိုကရေစီကျင့်စဉ်နှင့် ကိုက်ညီသည့် ရဲလုပ်ငန်းကို ထိထိရောက်ရောက် အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု တည်ဆောက်ခြင်းသည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်အားလုံး၏ အရေးအကြီးဆုံးနှင့် ပထမဆုံးဆောင်ရွက်ရမည့် အချက်မှာ ပြည်သူအပေါ် ပြုကျင့်ဆက်ဆံသည့် …

Read More »

နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ ထပ်မံဆောင်ရွက်နိုင်ရန် ရပ်ဆိုင်းထားရှိသော အေးသုခ ဝက်မွေးမြူရေးခြံနှင့် အစာစပ်စက်ရုံအား သွားရောက်ကြည့်ရှု့စစ်ဆေး

စက်တင်ဘာ ၂၉ (ဒိုက်ဦး) =================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပဲခူးခရိုင် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ စက်တင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်၊ အေးသုခကျေးရွာရှိ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားရှိသော ဝက်မွေးမြူရေးခြံနှင့် အစာစပ်စက်ရုံ၊ သဘာဝမြေသြဇာစက်ရုံနှင့် ကြက်/ ဝက်/ ဘဲမွေးမြူရေးခြံများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဝက်မွေးမြူရေးခြံနှင့် အစာစပ်စက်ရုံ ရှင်းလင်းဆောင်၌ စက်ရုံးမှုးဦးမြင့်လွင်က အေးသုခကျေးရွာ ပရဝဏ်အတွင်းရှိ မြေသြဇာစက်ရုံ၊ အစာစပ်စက်ရုံနှင့် ကြက်/ဝက်မွေးမြူရေးခြံများ၏ နောက်ခံသမိုင်းကြောင်း၊ လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က စက်ရုံပရဝဏ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဝက်မွေးမြူရေးခြံနှင့် အစာစပ်စက်ရုံသည် ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာ(အနောက်အုပ်စု)အတွင်း၊ ရန်ကုန်-မန္တလေးကားလမ်း ဟောင်း မိုင်တိုင်(၇၂) အနောက်ဘက်(၃)မိုင်အကွာတွင် တည်ရှိပြီး ခြံမြေအကျယ်အဝန်း (၁၀၉.၂၂)ဧကရှိသည်။ အဆိုပါစက်ရုံ၏ လက်အောက်တွင် လုပ်ကိုင်နေသော သဘာဝမြေသြဇာစက်ရုံနှင့် ဝက်မွေးမြူရေးလုပ်ငန်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီး မဏ္ဍိုင်(၄)ရပ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

စက်တင်ဘာ ၂၈ (ပဲခူး) ========================== ပဲခူးမြို့၊ ရွှေဝါထွန်းဟိုတယ်၌ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဦးဆောင်၍ စက်တင်ဘာလ (၂၈)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး မဏ္ဍိုင်(၄)ရပ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာမြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (ဥက္ကဌကိုယ်စား) ဒုတိယဥက္ကဌ(၁) ဦးအောင်လှထွန်းက ဒီမိုကရေစီလူ့ဘောင်သစ်တစ်ခုမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တို့၏ လုပ်ဆောင်မှုများကို ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိစေရန် စတုတ္တမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာသည် အမှန်တကယ် လိုအပ်ကြောင်း၊ သတင်းတစ်ပုဒ်တွင် မှန်ကန်ခြင်း၊ မြန်ဆန်ခြင်း၊ တိကျခြင်း၊ ဘက်လိုက်မှုမရှိခြင်း၊ ပြည်သူ့ကိုမျက်နှာမူခြင်း၊ တာဝန်ယူ၊တာဝန်ခံမှုစသည့် အချက်အလက်များ ပြည့်စုံရန်လိုအပ်ကြောင်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက သတင်းမီဒီယာသည် ဒီမိုကရက်တစ်နိုင်ငံအတွက် အလွန်ရေးပါသည့် ကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ ဒီမိုကရက်တစ်လူ့အသိုင်းအဝန်းတစ်ခု အသွင်ကူးပြောင်းနေစဉ်  သတင်းမီဒီယာလွတ်လပ်ခွင့်လည်း လိုအပ်မည်ဖြစ် ကြောင်း၊ ဘယ်အစိုးရတက်တက် မီဒီယာသည် ပြည်သူ့ကိုဗဟိုပြုပြီး မှန်ကန်သော သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ …

Read More »