နောက်ဆုံးရသတင်းများ

သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရန် (ကျားမင်းကြီးကုမ္ပဏီလီမိတက်) မိသားစုမှ အလှူငွေ လာရောက်လှူဒါန်းခြင်း

IMG_2422

သြဂုတ် ၁၉ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပေါ်လာပါက ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် သြဂုတ်လ(၁၉)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်တွင် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ (ကျားမင်းကြီး ကုမ္ပဏီလီမိတက်)မိသားစုမှ အလှူငွေကျပ်(၂၅)သိန်းကို စေတနာထက်သန်စွာ ပေးအပ်လှူဒါန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရန် ဦးခင်မောင်ဝင်း+ဒေါ်သန်းသန်းနွဲ့ (အုတ်တွင်းကြယ်နီဆေးပေါ့လိပ်)မိသားစုမှ အလှူငွေ လာရောက်လှူဒါန်းခြင်း

IMG_2416

သြဂုတ် ၁၉ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပေါ်လာပါက ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် သြဂုတ်လ(၁၉)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်တွင် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ ဦးခင်မောင်ဝင်း+ဒေါ်သန်းသန်းနွဲ့(အုတ်တွင်းကြယ်နီဆေးပေါ့လိပ်)မိသားစုမှ အလှူငွေကျပ်(၅၀)သိန်းကို စေတနာထက်သန်စွာ ပေးအပ်လှူဒါန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။  

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်အား ပဲခူးမြို့အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် Global Technology Co., Ltd မှ လာရောက်တွေ့ဆုံ

IMG_20160819_095055

သြဂုတ် ၁၉ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၁၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ Global Technology Co., Ltd မှ တာဝန်ရှိသူများက ပဲခူးမြို့အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် Fiber Broadband Network သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်မည့်ကိစ္စအား

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဝေါမြို့နယ် လေဘေးသင့်နေရာများသို့သွားရောက်ကြည့်ရှုစစ်ဆေး

13934635_1649320822049183_3442406589528612581_n

(၁၈-၈-၂၀၁၆) ရက်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့သည် ဝေါမြို့နယ် လေဘေးသင့်နေရာများသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဝေါမြို့နယ်၊ လေးအိမ်စုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စာသင် ကျောင်း၌ လေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားအား ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနား တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ အဖွင့်အမှာ စကားပြော ကြားပြီး၊ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်မှ ဌာန၏ ရည်ရွယ်ချက်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကယ်ဆယ်ရေးပစ္စည်များ အချိန်မီထောက်ပံ့ပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။  

Read More »

ပဲခူးမြို့၌ စက်ဘီးလှည့်ကင်းဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်အား ဓားဖြင့်ထိုးသူအား ဖမ်းဆီးအရေးယူမှု

14022199_658097791005058_181783550230195021_n

(၁) ၁၇.၈.၂၀၁၆ ရက်နေ့ ညနေ ၆နာရီခန့်တွင် ပဲခူးမြို့ ရဲအကူတပ်ခွဲမှ တပ်ဖွဲ့ဝင်(၃၀)ဦး စက်ဘီးဖြင့် လှည့်ကင်းဆောင်ရွက်စဉ် ရဲတပ်သား ကျော်သန်းဝင်းမှာ စက်ဘီးလှည့်ကင်းအဖွဲ့နှင့် အနည်းငယ် နောက်ကျကျန်နေခဲ့ပြီး စိန်ဟင်းလျှပ်စစ်ပစ္စည်းဆိုင်ရှေ့အရောက် အရက်သောက်စားမူးယစ်နေသော အမည်မသိအမျိုးသား (၂)ဦးမောင်းနှင်လာသည့် ဆိုင်ကယ်မှ စက်ဘီးအားကျော်တက်ပြီး ရှေ့မှပိတ် ရပ်၍ ၄င်းတို့အနက်တစ်ဦးမှ အရိုးအသွား (၁၆)လက်မခန့်ရှိ ဓါးဦးချွန်ဓါးရှည်နှင့် ရဲတပ်သား ကျော်သန်းဝင်း၏ လည်ပင်းဝဲဘက်အပေါ် ဓါးတင်ကာရန်စရာမှ လည်ပင်းဝဲဘက်(၃)လက်မခန့် ပြတ်ရှဒဏ်ရာရှိခဲ့ပါသည်။ (၂) ပဲခူးမြို့မရဲစခန်းမှူး ဒုရဲမှူးစိုးပိုင်နှင့်အဖွဲ့မှ အခင်းဖြစ်ရပ်သို့သွားရောက်ပြီး ၄င်းအမျိုးသား(၂)ဦး အား ရဲစခန်းသို့ခေါ်ယူစိစစ်ခဲ့ရာ ငလက်မ(ခ)ဝမ်ချိုင်း ၂၁နှစ်(ဘ)ဦးမောင်စိုး ဗမာ/ဗုဒ္ဓ ကျဘမ်း မ-၄၀၇ နတ်သျှင်နောင်လမ်း ဥသာမြို့သစ် (၂)ရပ်ကွက် ပဲခူးမြို့နေသူနှင့် အောင်သူဖြိုး ၁၈နှစ်(ဘ) ဦးအေးသိန်း ဗမာ/ဗုဒ္ဓ ကျောင်းသား (ပနှစ် သင်္ချာ) ပဲခူးတက္ကသိုလ် အင်းကျိုက်ကျေးရွာ ညောင်လေး ပင်မြို့နယ်(ယခုဘုရားလမ်း …

Read More »