နောက်ဆုံးရသတင်းများ

ဝန်ကြီးချုပ်ထံသို့ မလေးရှားနိုင်ငံ၊ Madan Rachel ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

နိုဝင်ဘာလ  ၄ (ပဲခူး) ————————-               (၄.၁၁.၂၀၁၆)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ မလေးရှားနိုင်ငံ၊ Madan Rachel ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။           အဆိုပါ တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ စက်မှု၊လျှပ်စစ်နှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် သက်ဆိုင်ရာ ပဲခူးတိုင်းဒေသကြီးဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။           တွေ့ဆုံပွဲ၌ Madan Rachel က ပဲခူးမြို့နယ်အတွင်း စီးပွားရေးဆိုင်ရာ ပညာရေးသင်တန်းများ၊ အဆင့်မြင့် စက်မှုနယ်မြေများ၊ အနာဂတ်မြို့ပြစီမံကိန်းရေးဆွဲထားမှု အခြေအနေများအား မေးမြန်းခဲ့ပါသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သည် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် အကောင်အထည်ဖော်ဆောင်ရွက် တော့မည်ဖြစ်၍ …

Read More »

ဝန်ကြီးချုပ်ထံသို့ Korea International Cooperation Agency(KOICA) မှကိုယ်စားလှယ်အဖွဲ့များ လာရောက်တွေ့ဆုံ

နိုဝင်ဘာလ  ၃ (ပဲခူး) ————————-           (၃.၁၁.၂၀၁၆)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ထံသို့ ကိုရီးယားနိုင်ငံ၊ Korea International Cooperation Agency(KOICA) မှကိုယ်စားလှယ် အဖွဲ့များ လာရောက်တွေ့ဆုံခဲ့သည်။           အဆိုပါ တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ဌေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ စက်မှု၊လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်း၊ ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းမြင့်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် သက်ဆိုင်ရာ ပဲခူးတိုင်းဒေသကြီးဌာနဆိုင်ရာများ တက်ရောက် ခဲ့သည်။           တွေ့ဆုံပွဲ၌ Korea International Cooperation Agency(KOICA)မှ  ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် KOICA တို့ ပူးပေါင်း၍ ရန်ကုန်-ဟံသာဝတီ- ပဲခူးစင်္ကြံနှင့် ရန်ကုန်အနောက်တောင်ပိုင်း …

Read More »

ဝန်ကြီးချုပ်ထံသို့ Mr. Joseph White ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

နိုဝင်ဘာလ  ၂ (ပဲခူး) ————————-           (၂.၁၁.၂၀၁၆)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ထံသို့ ကိုရီးယားနိုင်ငံ၊ Greenmotors Myanmar Co., Ltd ၏ မန်နေဂျင်းဒါရိုက်တာ Mr. Joseph White ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။           အဆိုပါ တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ တက်ရောက်ခဲ့သည်။           တွေ့ဆုံပွဲ၌ Greenmotors Myanmar Co., Ltd ၏ မန်နေဂျင်းဒါရိုက်တာ Mr. Joseph White က မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ စက်မှုလယ်ယာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပထမဆုံးအနေဖြင့် စတင်ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ မိမိတို့ကုမ္ပဏီမှ ထုတ်လုပ်သော အသေးစား၊ အလတ်စား၊ …

Read More »

ဒုက္ခသည်(၄)ဦးအား ကြိုဆိုခြင်း ထောက်ပံ့ငွေနှင့် ပစ္စည်းများ​ပေးအပ်ခြင်းအခမ်းအနား

အောက်တိုဘာလ  ၂၈ (ပဲခူး) ————————-          (၂၈.၁၀.၂၀၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ထိုင်းနိုင်ငံဒုက္ခသည် စခန်းရှိ မိမိဆန္ဒအလျှောက် နေရပ်ပြန်လာသော မြန်မာနိုင်ငံသားများအနက် ပဲခူးတိုင်းဒေသကြီးမှ ဒုက္ခသည်(၄)ဦးအား ကြိုဆိုခြင်း ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။           အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဦးရဲနိုင်ပါဒုက္ခသည်(၄)ဦးတို့ တက်ရောက်ခဲ့သည်။           အခမ်းအနား၌ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအတွင်းမှ အခြားပြည်ပနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်အလုပ်လုပ်ကိုင် နေကြသူများလည်းရှိကြောင်း၊ တစ်ချို့ကြတော့ တရားဝင် မဟုတ်တဲ့အတွက် ထိန်းသိမ်းရေးစခန်းများ၊ ဒုက္ခသည် စခန်းများတွင် နေထိုင်နေရကြောင်း၊ ဒါကလည်း ရေရှည်တွင် ဒုက္ခသည်စခန်းများ ဖွင့်လှစ်ပေးခြင်းသည်လည်း …

Read More »

လမ်းညွှန်မှုခံယူခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကျင်းပ

အောက်တိုဘာလ ၂၈ (ပဲခူး) ————————- (၂၈.၁၀.၂၀၁၆)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ တက်ရောက်မည့် သင်တန်းသား/သင်တန်းသူများအား ကြိုဆိုဂုဏ်ပြုသော အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်နှင့် သက်ဆိုင်ရာ ဆရာ/ဆရာမများ၊ သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနား၌ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံဟာ လူမျိုးပေါင်း(၁၀၀)ကျော် ပေါင်းစည်းဖြစ်တည်နေတဲ့ ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်ပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တစ်ရပ် တည်ဆောက်နေတဲ့ ကာလဖြစ်ကြောင်း၊ ဒါကြောင့် တိုင်းရင်းသားအားလုံးဟာ တစ်စိတ်တည်း တစ်ဝမ်းတည်း နှလုံးစိတ်ဝမ်းညီမျှစွာ စိတ်တူကိုယ်မျှ ရှိစေဖို့၊ တစ်ဦးနှင့်တစ်ဦး နားလည်စာနာမှု၊ သည်းခံခွင့်လွှတ်မှု၊ အပြန်အလှန် ရိုင်းပင်းကူညီဖေးမမှု၊ အပြန်အလှန် …

Read More »