Home / မီဒီယာ / သတင်းမှတ်တမ်းများ

သတင်းမှတ်တမ်းများ

ပဲခူးမြစ်ဝှမ်းဒေသ ရေကြီးနစ်မြှုပ်မှု လျော့နည်းစေရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ဂျပန်ပညာရှင်များ လာရောက်တွေ့ဆုံ

FI

မတ် ၂၂ (ပဲခူး) ================== မတ်လ (၂၂)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမသို့ ပဲခူးမြစ်ဝှမ်းဒေ ရေကြီးနစ်မြှုပ်မှု လျော့နည်းစေရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ဂျပန်ပညာရှင်များ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဂျပန်တက္ကသိုလ် ပါမောက္ခ Dr. Kawasakiနှင့် Mr. Hayato NAKAMURA တို့က ပဲခူးမြို့အား ဖြတ်သန်းလျက် ရန်ကုန်-မန္တလေးမီးရထားလမ်းအား ဂျပန်နိုင်ငံ JICA ဖြင့် အဆင့်မြှင့်တင်လျက်ရှိခြင်း၊ သီလဝါ-ရန်ကုန်-ပဲခူး စီးပွားစင်္ကြန်လမ်းကွန်ယက်များ ဖောက်လုပ်ရန် ကိုရီးယားနိုင်ငံ KOICAမှ စီစဉ်လျက်ရှိခြင်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေခြင်းတို့ကြောင့် ပဲခူးဒေသသည် စီးပွားရေးဗဟိုချက်မကြီးတစ်ခု ဖြစ်လာနိုင်ပါကြောင်း၊ ဒါကြောင့် မိမိတို့အဖွဲ့မှ ပဲခူးမြစ်ဝှမ်းဒေ ရေကြီးနစ်မြှုပ်မှု လျော့နည်းစေရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအား ၂၀၁၂ ခုနှစ်ကတည်းက ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ပူးပေါင်းလေ့လော၍ အချက်အလက်များ သုတေသနပြုလျက်ရှိပါကြောင်း၊ ပဲခူးဒေသ ရေကြီးခြင်းသည် ပဲခူးမြစ်၊ …

Read More »

တိုင်းဒေသကြီးအတွင်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ စနစ်တကျအသုံချနိုင်ရေး ဟောပြောပွဲ ကျင်းပပြုလုပ်

FI

ပဲခူး မတ် ၂၂ ================== ပဲခူးမြို့ မြို့တော်ခန်းမ၌ မတ်လ(၂၂)ရက်နေ့ နံနက်(၁၀)နာရီက ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် MCPA တို့ပူးပေါင်းကျင်းပသော e-Government အထောက်အကူပြု နည်းပညာဟောပြောပွဲသို့ ပဲခူးတိုင်းဝန်ကြီးချုပ်တက်ရောက်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းက “e-Government စနစ်ကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့ ICT လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရည်အသွေးပြည့်ဝတဲ့ ICT ကျွမ်းကျင်ဝန်ထမ်းများဟာ မဖြစ်မနေ လိုအပ်လာမှာဖြစ်ပါတယ်။ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့်အတိုင်း ဝန်ထမ်းများအဖက်ဖက်မှ အရည်အချင်းတိုးတက်လာမှသာ နိုင်ငံတော်အတွက်အားထားရသည့်  ဝန်ထမ်းကောင်းများ မွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ၎င်းတို့ကိုယ်တိုင် Digital Awareness ပိုမိုအားကောင်းလာပြီး ICT Competency ပိုမိုတိုးတက်မှုကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ် e-Government လုပ်ငန်းများ အကောင်အထည်ဖော်ချိန်တွင်လည်း နိုင်ငံ့ဝန်ထမ်းများမှတဆင့် ဒေသခံပြည်သူများထံ ဆင့်ပွားအသိပေးနိုင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ” အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံကွန်ပျူ တာပညာရှင်အသင်း၏ အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက …

Read More »

ကျေးလက်ဒေသ အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ်(၃/၂၀၁၉) သင်တန်းဆင်းပွဲကျင်းပ

FI

မတ် ၂၂ (ဘုရားကြီး) =–================== ပဲခူးမြို့နယ် ဘုရာကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်းတွင် မတ်လ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က စက်မှုဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီးဖွင့်လှစ်ခဲ့သော ကျေးလက်ဒေသ အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ်(၃/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထိုက်တို့က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယထူးချွန်ဆုရရှိသူများနှင့် အဖွဲ့လိုက် ထူးချွန်ဆုရရှိသူများအား ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းလျှပ်စစ်အင်ဂျင်နီယာမှူးတို့က ဆုများချီးမြှင့်ပေးအပ်ပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထိုက်က သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ မှတ်တမ်းဓာတ်ပုံရိုက်ကူးကြပြီး သင်တန်းသားများ၏လက်တွေ့လေ့ကျင့်ထားမှုများကို လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါသင်တန်းအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လူငယ်များ လျှပ်စစ်နှင့်ပတ်သက်သော အသိပညာများ၊ အတတ်ပညာများ ဖွံဖြိုးတိုးတက်လာစေရန်၊ လျှပ်စစ်အသုံးပြုစက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ၌ လုပ်ငန်းခွင်အတွင်း လျှစ်စစ်ဘေးအန္တရာယ်ကင်းရှင်းရန်၊ လျှပ်စစ်ကြောင့် …

Read More »

(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ပေါင်းတည်မြို့၌ဖွင့်လှစ်

FI

မတ် ၂၁ (ပေါင်းတည်) ================ ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့ အုတ်ဖို(၁)ရပ်ကွက်၊ ရှမ်းစုလမ်းတွင် မတ်လ(၂၁)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းအောင်၊ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဦးစီးမှူးဦးစိုးမိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့် မြို့မိမြို့ဖ ဦးမြတ်ထွန်း(ရွှေမန်း ပဲဆန်စပါးရောင်းဝယ်ရေး)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းရင်းဆေးရုံ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းကာ တိုင်းရင်းဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက တိုင်းရင်းဆေးရုံများဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း၌ တိုင်းရင်းဆေးပညာဖြင့် ပြည်သူလူထုအားကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် တိုင်းရင်းဆေးရုံ(၆)ရုံ၊ ခရိုင်အဆင့် တိုင်းရင်းဆေးကုဌာန(၄)ဌာန၊ မြို့နယ်အဆင့် တိုင်းရင်းဆေးကုဌာန(၂၂)ဌာနတို့ဖွင့်လှစ်ထားရှိပြီး အတွင်းလူနာပေါင်း(၆၉၅)ဦး၊ ပြင်ပလူနာပေါင်း(၅၇၄၄၇)ဦးတို့အား …

Read More »

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ပတ်လမ်းအတွင်း ကျူးကျော်စိုက်ပျိုးသူများအား သီးနှံနစ်နာကြေး ပေးလျော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

FI

မတ်လ ၂၁ (ပဲခူး) ====================== မတ်လ (၂၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ပတ်လမ်းအတွင်း ကျူးကျော်စိုက်ပျိုးသူများအား သီးနှံနစ်နာကြေး ပေးလျော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လျော်ကြေးငွေပေးလျော်နိုင်ရေး လေကြောင်းဦးစီးဌာနမှ ဘဏ္ဍာနှစ် (၂)နှစ်အတွင်း ကျပ်သန်း(၉၉၅.၇၀)သန်း လွှဲပြောင်းပေးအပ်ထားကြောင်း၊ လေဆိပ်ဧရိယာအတွင်း ပါဝင်ပတ်သက်နေသည့် အိမ်ယာ၊ ဘုန်းတော်ကြီးကျောင်းများနှင့် နှစ်ရှည်သီးနှံစိုက်ပျိုးထားသူများအား မြန်မြန်ဆန်ဆန် သီးနှံနစ်နာကြေးပေးခြင်း၊ ရွှေ့ပြောင်းခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်း၊ မြေယာသည် နိုင်ငံတော်ပိုင်ဆိုင်ခြင်းဖြစ်ပြီး ယခုလိုလျော်ကြေးငွေပေးရန် စီစဉ်ခြင်းသည် စိုက်ပျိုးသီးနှံများအတွက်သာ နစ်နာကြေးပေးခြင်းကို သိရှိစေရန်လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံကိန်းအရ လိုအပ်ချက်အလို့ငှာ သိမ်းယူမည်ဆိုပါက သိမ်းယူနိုင်ကြောင်း ဥပဒေအရ ဖော်ပြထားပြီးလည်းဖြစ်ကြောင်း၊ ယခင်အစိုးရအဆက်ဆက် ပြည်သူများနစ်နာမှုမရှိစေရန် ၁၉၉၄ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် လျော်ကြေးငွေနှင့် အိမ်ခြံမြေများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းကိုလည်း သိရှိထားရကြောင်း၊ ယခုကျူးကျော်နေထိုင် စိုက်ပျိုးလုပ်ကိုင်မှုများသည် ထပ်မံ၍ ကျူးကျော်နေထိုင် …

Read More »

UNDP အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားအမြင်အား လာရောက်ဆွေးနွေး

IMG_8592

မတ် ၂၁ (ပဲခူး) ========================= မတ်လ (၂၁)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ UNDP အဖွဲ့၏  လုပ်ငန်းဆောင်ရွက်မှုများများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားအမြင်အား လာရောက်ဆွေးနွေးခဲ့သည်။ ရှေးဦးစွာ UNDP ကိုယ်စားလှယ် Mr. Simon Hale က မြို့နယ်(၅)မြို့နယ်တွင် UNDP မှ ဒေသလိုအပ်ချက်များအပေါ် ဦးစားပေးအစီအစဉ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုနှင့် ပတ်သက်၍ အစိုးရအဖွဲ့၏ သဘောထားအမြင်၊ ပဲခူးတိုင်းဒေသကြီးအတွင်း တည်ရှိသော မြို့နယ်စုစုပေါင်းနှင့် အနာဂတ်မျှော်မှန်းချက်တို့အား သိရှိလိုပါကြောင်း မေးမြန်းဆွေးနွေး တင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက UNDP ၏ မြို့နယ်အဆင့် ဒေသလိုအပ်ချက်များအပေါ် ဦးစားပေးအစီအစဉ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုကို အသိအမှတ်ပြုကြောင်း၊ UNDP ၏ ဒေသဖွံ့ဖြိုးရေးအစီအစဉ်သည် ပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင်၍ မိမိတို့ဒေသလိုအပ်ချက်များကို  ဆောင်ရွက်ရခြင်းသည် ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ် အောင်မြင်ရန်တွန်းအားတစ်ခုဖြစ်စေကြောင်း၊ …

Read More »

ကျန်းမာရေးဟောပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစား စုပေါင်းပြုလုပ်ခြင်း အခမ်းအနားကျင်းပ

FI

မတ် ၁၉ (ပဲခူး) ======================== ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ မတ်လ(၁၉)ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျန်းမာရေးဟောပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစား စုပေါင်းပြုလုပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက ယနေ့အခမ်းအနားတွင် ပါဝင်လှုပ်ရှားတက်ရောက်လာကြသူများအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များကို သိရှိခွင့်ရရှိကြမည်ဖြစ်ပြီး လူသားတိုင်းရဲ့ လူမှုဘဝအစဉ်လှပစေဖို့ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားအား လေ့လာလိုက်စားကြရန်၊ ကိုယ်လက်လှုပ်ရှားခြင်းကြောင့် ရောဂါဘယများကို ကာကွယ်နိုင်မည်ဖြစ်ပြီး အားကစားလေ့လာလိုက်စားခြင်းဖြင့်လည်း မလိုလားအပ်သော ကင်ဆာရောဂါဖြစ်ပွားမည့် ဆဲလ်တိုးပွားခြင်းကို လျော့နည်းစေးပြီး လူအကျိုးပြုဆဲလ်များ တိုးပွားလာစေမှာဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစားသည် ရောဂါအမျိုးမျိုးအပေါ် ကောင်းကျိုးသက်ရောက်မှုရှိသည် ဆိုသည့်အချက်အား ပြည်သူလူထုတစ်ရပ်လုံး သိရှိနားလည်းအောင် လှုပ်ရှားဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပဲခူးမြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရန်မောင်နှင့် Megaဆေးကုမ္ပဏီမှ တာဝန်ရှိသူတို့က …

Read More »

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းနှင့် ရေးဆွဲထားသောစီမံကိန်းများအား မြို့နယ်အဆင့်တွင်စုစည်းခြင်း လုပ်ငန်းစဉ်အတွေ့အကြုံ ရှင်းလင်းပွဲကျင်းပ

FI

မတ် ၁၈ (ပဲခူး) ================ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မတ်လ(၁၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Livelihood and Security Trust Fund(LIFT) တို့ပူးပေါင်းပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲခြင်းနှင့် ရေးဆွဲထားသောစီမံကိန်းများအား မြို့နယ်အဆင့်တွင်စုစည်းခြင်း လုပ်ငန်းစဉ်အတွေ့အကြုံရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် နိုင်ငံတော်ကမျှော်မှန်းထားသည့် ရည်မှန်းချက်များ အပြည့်အဝဖြည့်ဆည်းပေးနိုင်ရန်အတွက် သက်ဆိုင်သူအားလုံး၏ စုပေါင်းအင်အားကို ထိထိရောက်ရောက် အသုံးပြုကာပြည်သူနှင့်အတူ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်ဒေါ်ညိုညိုဝင်းက အတွေ့အကြုံရှင်းလင်းပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နည်းပညာအကြံပေးအဖွဲ့မှ တာဝန်ရှိသူတို့က ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲနည်းမူသစ်(VDP model) ပြုစုဖေါ်ထုတ်ခဲ့ပုံနှင့် နိုင်ငံတော်အတွက် ၎င်း(VDP …

Read More »

ပြည်သူများ၏အခက်အခဲပြဿနာများ ဖြေရှင်းပေးနိုင်ရန် လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်

FI

မတ် ၁၇ (ညောင်လေးပင်) ============== ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်၊ တပ်ဦးအောင်ချမ်းသာဘုန်းတော်ကြီးကျောင်းတွင် မတ်လ(၁၇)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြည်သူများ၏အခက်အခဲပြဿ နာများဖြေရှင်းပေးနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က လူထုနှင့်ပတ်သက်သောပြဿနာများ၊ ဌာနဆိုင်ရာများနှင့် ပတ်သက်သောပြဿနာများ၊ နိုင်ငံတော်နှင့်သက်ဆိုင်သောပြဿနာများကို မြန်မြန်ဆန်ဆန် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းနိုင်ရေးအတွက် လူထုတွေ့ဆုံပွဲများ ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်သူများကလည်း မိမိတို့ဒေသအတွက်ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ပြည်သူများ၏ တွေ့ကြုံနေရသည့် အခက်အခဲပြဿနာများကို ပွင့်လင်းစွာတင်ပြပေးရန်၊ ဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်ပေးရန်အတွက်လည်း ပြည်သူများက ကျသင့်သောအခွန်အခများကို မှန်ကန်စွာပေးဆောင်ကြရန် အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသောစည်ပင်ကျေးရွာ၊ဇီးကုန်းကြီးကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ မုက္ခမူကျေးရွာ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများက ကမ်းပါးပြိုကြခြင်း ဒဏ်ကာကွယ်ထိန်းသိမ်းပေးရန်ကိစ္စ၊ ကျေးရွာအသီးသီးရှိပြည်သူများက သိမ်းဆည်းခံလယ်ယာမြေများကိစ္စ၊ လျှပ်စစ်မီးလင်းရေးဆိုင်ရာကိစ္စ၊ လမ်းများအဆင့်မြှင့်တင်ရေးကိစ္စ၊ ပုံစံ(၇)ထုတ်ယူရာတွင် ကွင်းအမှတ်မှားယွင်းစွာထုတ်ယူခြင်းကိစ္စ၊ အထွက်တိုးစခန်းကိစ္စ၊ တိုက်နယ်ဆေးရုံခွင့်ပြုပေးရေးကိစ္စ၊ စားကျက်မြေပယ်ဖျက်ပေးရေးကိစ္စ၊ သဘာဝဘေးဒဏ်ခံ လယ်မြေယာအတွက် ထောက်ပံ့မှုပေးဆောင်သည့်ကိစ္စ စသည့်ကိစ္စရပ်များကို တင်ပြရာ ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် …

Read More »