Home / ပဲခူးမြို့နယ်

ပဲခူးမြို့နယ်

ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အတည်ပြုမိန့်များ တင်ပြလျှောက်ထားနိုင်ပါပြီဖြစ်

25508104_404648509955394_4435308571887710957_n

၁။      ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းအသစ်များကိုသာမက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအဟောင်းများကိုလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏အမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၇)အရ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်(MIC)နှင့် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(BRIC)တို့တွင် အတည်ပြုမိန့် တင်ပြလျှောက်ထားနိုင်ပါသည်။ ၂။      ထိုသို့တင်ပြလျှောက်ထားခြင်းဖြင့် ဝင်ငွေခွန်ကင်းလွတ်ခွင့် ခံစားနိုင်မည်မဟုတ်သော်လည်း အဆိုပါလုပ်ငန်းဟောင်းများအား ထပ်မံတိုးချဲ့ဆောင်ရွက်ပါက ယင်းတိုးချဲ့မှုအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၇ (ဃ) အရ ထပ်မံတင်သွင်းလာမည့် စက်ပစ္စည်းများနှင့် ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့်ပတ်သက်၍ အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ ၃။      ထို့အပြင် အတည်ပြုမိန့်ရရှိထားခြင်းအားဖြင့် မိမိတို့၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခိုင်မာစေခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အကာအကွယ်များရရှိမည်ဖြစ်ခြင်း၊ မိမိတို့၏ကုန်ပစ္စည်းများကို စျေးကွက်ရှာဖွေချဲ့ထွင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။ ၄။      သို့ဖြစ်ပါ၍ မိမိတို့လက်ရှိဆောင်ရွက်နေသော လုပ်ငန်းအဟောင်းများကို အတည်ပြုမိန့်တင်ပြ လျှောက်ထားလိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဖုန်းနံပါတ်- …

Read More »

ပဲခူးသားဖွားသင်တန်းကျောင်း ပဉ္စမအကြိမ်မြောက် သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၁၁ (ပဲခူး) ================================== ဇန်နဝါရီလ(၁၁)ရက်နေ့ နံနက်(၉)နာရီအချိန်ကပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ပဲခူးသားဖွားသင်တန်းကျောင်း၏ ပဉ္စမအကြိမ်မြောက် သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက သားဖွားဆရာမအလုပ်သည် ဆယ်ကျော်သက်အရွယ်မှစတင်ပြီး ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်၊ မွေးဖွားပြီးချိန်နှင့် မွေးကင်းစကလေးငယ်မှအစ လူနာရဲ့မိဘဆွေမျိုးအားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ခံစားနေကြရမည့် ဝေဒနာမဖြစ်ခင် ကြိုတင်ကာကွယ်ဆောင်ရွက်ရသည့် မွန်မြတ်သော အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ကာကွယ်ပြုစုစောင့်ရှောက်ပေးရာမှာ သူနာပြုစုမှု့ပညာ၊ သားဖွားအတတ်ပညာတတ်ကျွမ်းမှု တစ်ခုတည်းနဲ့တင်မရဘဲ သူနာပြုသားဖွားများ၏ ကျင့်ဝတ်သိက္ခာတွေနဲ့အညီ လိုက်နာဆောင်ရွက်နိုင်ဖို့အပြင် လူအများနဲ့ပြောဆိုဆက်ဆံရာမှာ ချိုသာယဉ်ကျေးစွာ ပြုမူပြောဆိုဆက်ဆံနိုင်ဖို့ အရေးကြီးကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် သူနာပြုသားဖွားဒီပလိုမာ အောင်လက်မှတ်ရသင်တန်းသူများက သားဖွားဆရာမများ၏ သစ္စာဓိဌာန်ကိုရွတ်ဆိုပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြစန်းက သင်တန်းသူ(၃၈)ဦးအား သားဖွားဒီပလိုမာအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။ ပဲခူးသားဖွားသင်တန်းကျောင်းကို ၁၉၆၀ခုနှစ်ကဖွင့်လှစ်ခဲ့ပြီး လက်မှတ်ရ သားဖွားဆရာမပေါင်း(၉၀၉)ဦး၊ ယခင်သားဖွားဒီပလိုမာ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဘုရားကြီးမြို့ စက်မှုလယ်ယာဦးစီးဌာန သင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီ ၉ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးမြို့နယ် ဘုရားကြီးမြို့ အမှတ်(၃၁)စက်မှုလယ်ယာစခန်းအတွင်းရှိ စက်မှုလယ်ယာဦးစီးဌာန ဗဟိုသင်တန်းကျောင်း(အောက်မြန်မာပြည်)သို့ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်မှုလယ်ယာဦးစီးဌာန ဗဟိုသင်တန်းကျောင်း(အောက်မြန်မာပြည်)ရှိ သင်ကြားရေးနှင့် အထောက်အကူပြု စက်ကိရိယာများအား လိုက်လံကြည့်ရှုစစ်ဆေးရာ ဘုရားကြီးမြို့ စက်မှုလယ်ယာဦးစီးဌာန ဗဟိုသင်တန်းကျောင်း(အောက်မြန်မာပြည်) ခေတ္တကျောင်းအုပ်ကြီး ပဲခူးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သိန်းက ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ သင်တန်းကျောင်း၏ရည်မှန်းချက်၊ စက်မှုလယ်ယာဦးစီးဌာန၏ရည်မှန်းချက်များအတိုင်း အရည်အသွေး၊ အရည်အချင်းပြည့်ဝသော သင်တန်းသားဝန်ထမ်းကောင်း၊ လုပ်သားကောင်းများ စဉ်ဆက်မပြတ်မွေးထုတ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါသင်တန်းကျောင်းအား ၂၀၀၁ခုနှစ် သြဂုတ်လ(၂၄)ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး စိတ်ဓာတ်ကောင်းမွန်၍ စည်းကမ်းကျနပြီး အရည်အသွေးပြည့်ဝသော စက်မှုလယ်ယာ လုပ်သားကောင်းများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးအတွက် ကြံသီးနှံထွန်ယက်ရေးကြီးကြပ်ဝန်ထမ်းသင်တန်း၊ ထွန်စက်မောင်းသင်တန်း၊ ထွန်စက်မောင်းမွမ်းမံသင်တန်း၊ ထွန်စက်စခန်းကြီးကြပ်မှုသင်တန်း၊ လယ်ယာသုံးကိရိယာ ကိုင်တွယ်အသုံးချမှုနည်းပြသင်တန်း၊ ထွန်စက်မောင်း/ စက်မောင်းကျွမ်းကျင်မှု …

Read More »

ဝိသာခါကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်လှူဒါန်းပွဲကျင်းပ

FI

ဇန်နဝါရီ ၉ (ပဲခူး) ====================== ပဲခူးမြို့နယ် ဘုရားကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရွှေမင်းဂံ၌ ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၈)နာရီအချိန်က ဝိသာခါကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဝင်းသိန်း၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မေသက်နွယ်နှင့် မတည်အလှူရှင် ဒေါ်ထိုက်ထိုက်ဟန်တို့က ဝိသာခါကျောင်းဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းကျောက်စာကို အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။ ထို့နောက် အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်က အနာဂတ်နိုင်ငံတော်ကို ပုံဖော်ပေးမည့် မျိုးဆက်သစ်လူငယ်များအတွက် အေးချမ်းသာယာပြီး လုံခြုံချောမွေ့စွာ ပညာသင်ယူနိုင်ရန်အတွက် ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းပေးခြင်းသည် ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကိုချစ်သည့် ကိုယ့်အမျိုးကိုထောက်ပံ့မည်ဆိုသည့် ဝံသာနုစိတ်ဓာတ်၊ အမျိုးကိုချစ်သည့် လူတွေရဲ့လုပ်ရပ်ဖြစ်သည့်အတွက် မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဝိသာခါကျောင်းဆောင် မတည်အလှူရှင် ဒေါ်ထိုက်ထိုက်ဟန်က ကျောင်းဆောင်သစ် ဆောက်လုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့်စာရွက်စာတမ်းများအား မတည်အလှူရှင်က …

Read More »

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်ရန် တွန်းအားတစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဝင်းသိန်းပြောကြား

FI

ဇန်နဝါရီ ၇ (ပဲခူး) ======================== ဇန်ဝါရီလ (၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီး အတွင်း တာဝန်ယူမှုရှိသော အုပ်ချုပ်ရေး၊ စီးပွားရေးလုပ်ငန်းလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနား ကျင်းပနိုင်ရန် အကြိုညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နိမ့်ကျခဲ့မှုကြောင့် အဂတိလိုက်စားမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် မိမိတို့အစိုးရ၏ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် အလွန်ရေးပါသည့် တွန်းအားတစ်ခုဖြစ်၍ ကြိုဆိုကြောင်း၊ အဂတိတရား ကင်းရှင်းမှသာ ပြည်သူများ ယုံကြည်လေးစားသော အစိုးရ၊ ဌာနဆိုင်ရာ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ဖြစ်လာနိုင်ကြောင်း၊ အဂတိလိုက်စားမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တိုက်ဖျက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ အဖွဲ့ဝင် ရဲချုပ်ဇော်ဝင်း(ငြိမ်း)မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ခေတ်အဆက်ဆက် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဘုရားကြီးမြို့ ဆင်ကန်လမ်း အဆင့်မြင့်တင်ဖောက်လုပ်ရန် သွားရောက်ကြည့်ရှု

FI

ဇန်နဝါရီ ၅ (ပဲခူး) ========================= ဇန်နဝါရီလ(၅)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပဲခူးခရိုင်အုပ်ချူပ်ရေးမှူး ဦးရဲထွဋ်၊ ပဲခူးမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ ဘုရာကြီးမြို့အုပ်ချုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘုရာကြီးမြို့ ဆင်ကန်လမ်း အဆင့်မြှင့်တိုးချဲ့ဖောက်လုပ်ရန်အတွက် မြေပြင်သို့သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါလမ်းသည် ဘုရားကြီးမြို့အတွက် အရေးပါသော လမ်းတစ်လမ်းဖြစ်ပြီး အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ဆက်သွယ်နိုင်သည့် လမ်းဖြစ်သည့်အပြင် ဘုရားကလေး၊ သမန်းကုန်းရွာ၊ ပဲသီးကုန်း၊ သပြေရိုးစသည့် ကျေးရွာများကိုလည်း ဆက်သွယ်ထားသော လမ်းဖြစ်သည်။ ဆင်ကန်လမ်း အဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်နိုင်ပါက ဘုရားကြီးမြို့အတွက် ယာဉ်ကြောရှုပ်ထွေးကြပ်တည်းမှုကို ဖြေရှင်းနိုင်ပြီး မြို့ရှောင်လမ်းသဖွယ် အသုံးပြုသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read More »

အိမ်တွင်းလျှပ်စစ် ဝါယာသွယ်တန်းခြင်းနှင့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းမှု သင်တန်းဖွင့်လှစ်

FI

ဇန်နဝါရီ ၅ (ပဲခူး) ====================== ပညာရေးဝန်ကြီးဌာန၊ နည်းပညာ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးမြို့နယ် မိုးယွန်းကြီးအင်းဒေသ ပျဉ်ပုံကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဇန်နဝါရီလ(၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ကာလတိုသက်မွေးပညာ သင်တန်းများဖြစ်သည့် အိမ်တွင်းလျှပ်စစ် ဝါယာသွယ်တန်းခြင်းသင်တန်းနှင့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းမှုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာမိုးကျော်သူတို့က အဖွင့်အမှာစကားပြောကြားပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ငူ) ကျောင်းအုပ်ဆရာကြီး ဦးကျော်မင်းလတ်က သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကိုရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းတွင်သင်ကြားမည့်သင်ထောက်ကူပစ္စည်းများ ပြသထားမှုအား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါသင်တန်းအား ဇန်နဝါရီလ(၅)ရက်နေ့ (၃၁)ရက်နေ့အထိဖွင့်လှစ်မည်ဖြစ်ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ငူ)မှ နည်းပြဆရာ/မများက သင်ကြားပို့ချပေးမည်ဖြစ်ရာ အိမ်တွင်းလျှပ်စစ် ဝါယာသွယ်တန်းခြင်းသင်တန်း၌ သင်တန်းသား(၁၆)ဦး တက်ရောက်ကာ လျှပ်စစ်လုပ်ငန်းဆောင်ရွက်ရာတွင် ဂရုပြုရမည့်အချက်များ၊ ထိုအခြေခံလျှပ်စစ်၊ Electric …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့်ဂုဏ်ပြုဆုပေးအပ်ပွဲကျင်းပ

FI

ဇန်နဝါရီ ၄ (ပဲခူး) ======================= ဇန်နဝါရီလ (၄)ရက်နေ့၊ ည(၆)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ (၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လွတ်လပ်ရေးရရှိခဲ့ခြင်းသည် တိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်မှုကြောင့်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိမှသာ လွတ်လပ်ရေး၏ အနှစ်သာရကို ခံစားနိုင်မည်ဖြစ်ကြောင်းနှင့် လူမျိုးတစ်မျိုးနှင့်တစ်မျိုး ယုံကြည်မှုရှိရန် လိုအပ်ပါကြောင်း နှုတ်ခွန်းဆက် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပညာရေးဌာနမှ ဗဟိုအဆင့်ဆုရရှိသူ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၂၂)ဦး၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရသူ(၃)ဦး၊ နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲတွင် ဆုရရှိသူ (၇)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှစွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သူ(၁၁)ဦး၊ ဆွာဆည် ရေပိုလွှဲ ကျိုးပေါက်မှုဖြစ်စဉ်တွင် အသက်ကိုပဓာနမထားပဲ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော ဗိုလ်မှူးမြတ်စံ(ကွယ်လွန်)၊ လွတ်လပ်ရေးမော်ကွန်းဝင်၊ ရဲဘော်သုံးကျိပ်ဝင် (၂)ဦးတို့အတွက် ဂုဏ်ြပုမှတ်တမ်းများအား ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကဂုဏ်ပြုဆုချီးမြှင့်သည်။ ယင်းနောက် တက်ရောက်လာကြသော ဧည့်သည်တော်များက လွတ်လပ်ရေးနေ့ညစာသုံးဆောင်ပြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက …

Read More »

(၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၄ (ပဲခူး) ===================== ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီးအားကစားခန်းမ၌ (၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ (၇၁)နှစ်မြောက်လွှတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင်းပြိုင်ပွဲ၊ ဘိလိယက်/စနုကာပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးမီနီမာရသွန်ပြိုင်ပွဲ၊ ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ၊ တင်းနစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးဇွန်းကိုက်ပြိုင်ပွဲ၊ အမျိုးသားအိတ်စွပ်ပြိုင်ပွဲများကို ဇန်နဝါရီ(၁)ရက်နေ့မှ (၄)ရက်နေ့အထိ သတ်မှတ်နေရာများတွင်အသီးသီးပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်အသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အခြားဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေး၊ ဥပဒေချုပ်ဦးအုန်းမြင့်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့တွင်(၇၁)ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၄ (ပဲခူး) ======================== ဇန်နဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားအနောက်မုခ်ယာဉ်ရပ်နားကွင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၁)ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နံနက်(၄:၂၀)နာရီအချိန်တွင် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မှ စစ်တီးဝိုင်းအဖွဲ့နှင့် အလံတင်တပ်ဖွဲ့တို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား စင်မြင့်ပေါ်ရှိတိုင်ထိပ်တွင်လွှင့်တင်ကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် နံနက်(၇:၃၀)နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ လွှတ်တော်ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်အရာရှိများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားများ၊ ကျောင်းသား/သူများနှင့် ပြည်သူများတက်ရောက်ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုကြသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ …

Read More »