Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တည်ဆောက်ရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဆက်လက် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

တည်ဆောက်ရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဆက်လက် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၀

===============

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းဦးဆောင်၍ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ပဲခူးတိုင်းဒေသကြီး၏ တည်ဆောက်ရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဆက်လက် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ဥပဒေနှင့်အညီသာ ဝင်ရောက် ထိန်းသိမ်းပေးခြင်းဖြစ်ကြောင်း၊ အရေးပေါ်ကာလ စတင်ကြေညာသည့် အချိန်မှစ၍ စီမံအုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့်ကို ဖွဲ့စည်းပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဒီမိုကရေစီ လမ်းစဉ်အတိုင်း စုပေါင်းဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏ တိုင်းဒေသကြီး အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အရေးပေါ်ကာလ တစ်နှစ်အတွင်း အရှိန်အဟုန်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအလိုက် တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆောက်လုပ်ဆဲလုပ်ငန်းများ လုပ်ဆောင်နေသည်များရှိပြီး ဆက်လက်၍ စည်းကမ်းနှင့်အညီသာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဆောင်ရွက်ဆဲ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီဝင် ဗိုလ်မှူးကြီးလှမျိုးရွှေ၊ အတွင်းရေးမှူး ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။