ပြည် နိုဝင်ဘာ ၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ ညနေပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ဝန်ဆင်ဆိပ်ကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း မိုးနှောင်းချည်မျှင်ရှည်ဝါ ဧက(၂၀၀) အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံဝါစိုက်တောင်သူများနှင့်တွေ့ဆုံခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု၌ ဆောင်းဟင်းသီးဟင်းရွက်အထူးဇုန် တစ်ကွင်းတစ်ဆက်တည်း ဧက(၃၀၀)စိုက်ပျိုး အောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဟင်းသီးဟင်းရွက်အထူးဇုန်မှ ထွက်ရှိသည့် စားဖို ဆောင်သီးနှံများအား ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများအရောင်းဆိုင်၌ တိုက်ရိုက်ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တစ်ကွင်း တစ်ဆက်တည်း ဆီထွက်ပဲပုတ်စိုက်ခင်း ဧက(၁၅၀) …
Read More »Monthly Archives: November 2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပြည် အောက်တိုဘာ ၃၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အောက်တိုဘာလ ၃၁ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး သက်ဆိုင်ရာ မိမိတို့အုပ်ချုပ်မှုနယ်မြေများအလိုက် ပြည်သူပါဝင်သည့် ရဲလုပ်ငန်းစနစ်ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် သမားရိုးသမားစဉ် ရဲလုပ်ငန်းများအား ဆောင်ရွက်၍ မိမိအပိုင် နယ်မြေအတွင်း ရပ်ကွက်/ကျေးရွာ များသို့ ရွာစင်ကျယ်လှည့်ကင်းစနစ်ဖြင့် ပုံမှန်လှည့်လည် ကြပ်မတ်စစ်ဆေးခြင်းကို ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)မှ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးများက ရပ်ကွက်/ကျေးရွာများအလိုက် ဆောင်ရွက်ပေးလျက်ရှိသည့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website