ပဲခူး မတ် ၁၁

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၁၁) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆို နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး မေးခွန်းနှင့် အဖြေလွှာလုံခြုံရေး အထူးဂရုစိုက်ရန်နှင့် ကျောင်း ကျန်းမာရေး ဆိုင်ရာလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန(၉၁)ခုရှိပြီး အတွင်းဖြေကျောင်းသား/သူ(၂၂၆၉၂)ဦး၊ အပြင်ဖြေ ကျောင်းသား/သူ(၅၃၇၄)ဦးနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၄၃၈)ဦး စုစုပေါင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူကျောင်းသား/သူ(၂၈၅၀၄)ဦး မတ်လ(၁၁)ရက်နေ့မှစ၍ စိတ်အေး ချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြို့နယ်(၂၈)မြို့နယ်ရှိ စာစစ်ဌာန(၉၁)ခု၌ စာမေးပွဲဖြေဆိုပြီးချိန်တွင် ကျောင်းသား/သူများအား ဌာနဆိုင်ရာ များ၊ မြို့မိ/မြို့ဖများက အအေးဘူးများ၊ မုန့်များ ပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website