ပဲခူး ဩဂုတ် ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဩဂုတ်လ(၂၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ ၌ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူတို့က ကရင် ဖားစည်အား (၉)ချက်တီး၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်က ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်း ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းဖတ်ကြားသည်။ ယင်းနောက် လက်ပံတန်းမြို့နယ် ကရင်တိုင်းရင်းသား/သူများနှင့် ဘုရားသုံးဆူ ကရင်တိုင်းသား/ သူများက ကရင်ရိုးရာအကဖြင့်လည်းကောင်း၊ ပျဉ်းမငူကရင်တိုင်းရင်းသား/သူများက ကရင်ရိုးရာဝါးညှပ် အကဖြင့်လည်းကောင်း၊ သရက်ကုန်းကရင်တိုင်းရင်းသား/သူများက ကရင်တိုင်းရင်းသားရိုးရာကြိုးကျစ် …
Read More »Bago Manager ZWL
ကျေးလက်နေပြည်သူများ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်များ စတင်ထူထောင်နိုင်ရေး ရဲတပ်ဖွဲ့ဝင် မိသားစုများအတွက် “စက်ချုပ်နည်းပညာ သင်တန်းများ” ဖွင့်ပွဲနှင့် ဖွင့်လှစ်ပြီးသင်တန်းများမှ ကျေးလက်နေပြည်သူ များအတွက် “ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ” အခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဩဂုတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ရဲတပ်ဖွဲ့ဝင် မိသားစုများအတွက် “စက်ချုပ်နည်းပညာသင်တန်းများ”ဖွင့်ပွဲနှင့် ဖွင့်လှစ်ပြီးသင်တန်းများမှ ကျေးလက်နေပြည်သူများအတွက် “ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ” အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံ အကောင်အထည် ဖော်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ကျေးလက်နှင့်မြိုပြ လူမှုစီးပွားဖွံ့ဖြိုးမှု ကွာဟချက်မရှိစေရေး၊ အလုပ်အကိုင် အခွင့်အလမ်း များရရှိရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွားရရှိရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုး ပမ်းဆောင်ရွက်ပေးလျက်ရှိသလို …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၆) ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၆) ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုတို့ကြောင့် မိုးသီးနှံများ ထိခိုက်ပျက်စီးမှုမရှိစေရေး ကွင်းဆင်းစိစစ်၍ ဖာထေး စိုက်ပျိုးခြင်းများ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်၍ ရိတ်သိမ်းပြီး မိုးစပါးများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိစေရေး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန်ဖြစ် ကြောင်း၊ ဌာနဆိုင်ရာရုံးလုပ်ငန်းများနှင့်ပတ်သက်၍ တိကျမှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ရန်နှင့် ပြည်သူ့ ဝန်ဆောင်မှုပေးသည့် ဌာနဆိုင်ရာများအားလုံး မြို့ပြသန့်ရှင်းသာယာလှပေစေရေးနှင့် လမ်းပိုင်းများအလိုက် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်း အနားကျင်းပ
ပဲခူး ဩဂုတ် ၂၆ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဩဂုတ်လ(၂၆)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို ပူဇော် ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပဲခူးမြို့ ကြခတ်ဝိုင်းစာသင်တိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာ ပဏ္ဍိတ) ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်မြတ် ကို ရိုသေစွာ နာယူကြည်ညိုကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဆရာတော်သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်း တန်ဖိုးမြင့် ဒေသမျိုးရင်း စပါးမျိုးများ ပြန်လည်ဖော်ထုတ်
ပဲခူး ဩဂုတ် ၂၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း တန်ဖိုးမြင့် ဒေသမျိုးရင်း စပါးမျိုးများ ပြန်လည်ဖော်ထုတ်၍ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီးကျေးရွာ၌ တန်ဖိုးမြင့် ဒေသမျိုးရင်း စပါးဖြစ်သည့် တောင်ပျံမွှေး မျိုးစေ့ထုတ်စိုက်ခင်း ဧက(၅၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် စုပေါင်းမြေဩဇာကြဲပတ် နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက် တန်ဖိုးမြင့်စပါးမျိုးများသည် ပြည်တွင်းစားသုံးမှု အတွက် ဈေးကွက်ရရှိထားပြီး ပြည်ပပို့ကုန်အထိ တိုးမြှင့် တင်ပို့နိုင်ရေးအတွက် မျိုးစေ့ထုတ်စိုက်ခင်းများတွင် ခေါင်နှံစနစ်ဖြင့် မျိုးသန့်ခြင်း၊ မျိုးပွားခြင်းများကို ဆောင်ရွက်သွားရန်နှင့် တစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ်ဧကကွက်များဖြင့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပြည် ဩဂုတ် ၂၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေတောင်မြို့၊ ကြာနီကန် ရပ်ကွက်ရှိ MSME လုပ်ငန်းရှင် ဒေါ်ချိုချိုဝင်း၏ “ချိုချိုစံ” ယက္ကန်းအလုပ်ရုံနှင့် စည်းလုံချည်အမျိုးမျိုး ထုတ်လုပ်ရောင်းချနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရွှေတောင်ဒေသသည် အထည်အလိပ် လုပ်ငန်းများ ရေခံမြေခံကောင်းမွန်ခဲ့သော ဒေသဖြစ်၍ ဒေသထွက်ဝါကုန်ကြမ်းများဖြင့် ကုန်ချောအဆင့်ထိ နိုင်ငံတကာအဆင့်မီ ဒီဇိုင်းဆန်းများရေး ထုတ်လုပ်ရောင်းချရန်နှင့် ချည်ထည်များအား သေသပ်လှပသော နိုင်ငံတကာအဆင့်မီ ထုတ်ပိုးမှုပုံစံများဖြင့် ရောင်းချနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေတောင်မြို့၊ တည်ကုန်း …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်သို့ ရာနှုန်းပြည့် ကူးပြောင်းနိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်
ပြည် ဩဂုတ် ၂၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်သို့ ရာနှုန်းပြည့် ကူးပြောင်းနိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ ကြို့ရသာကျေးရွာ၌ ဦးအောင်ဇင်မင်း၏ “A One” လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်၍ Mobile ပဲအမျိုးမျိုးခြွေလှေ့စက်နှင့် ပဲရိတ်သိမ်းစက် ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ ပြီး တောင်သူများတစ်ပိုင်တစ်နိုင် ဝယ်ယူအသုံးပြုနိုင်သည့် ဘက်စုံသုံးလယ်ယာသုံးစက်ကိရိယာများ ဆက်လက်ထုတ်လုပ်ရန်နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးမှ မှာယူထားသည့် လယ်ယာသုံးစက် ကိရိယာများ အချိန်မီထုတ်လုပ်ပေးနိုင်ရေးအတွက် ကုန်ကြမ်းပစ္စည်းများလွယ်ကူစွာရရှိရေး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် စက်သုံးဆီလျော့ချသုံးစွဲနိုင်ရန် ပြည်မြို့၊ ရွှေဝါထွန်း လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးထွန်းထွန်းဦးမှ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပြည် ဩဂုတ် ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့၊ မွေးမြူရေးဇုံသို့ သွားရောက်ခဲ့ရာ ရှင်းလင်းဆောင်၌ တိရစ္ဆာန်မွေးမြူမှုထားရှိမှု အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စဉ်ဆက်မပြတ် မွေးမြူထုတ်လုပ်နိုင်ရေး၊ တိရစ္ဆာန်အစာအား ဒေသထွက်အစာများဖြင့် မွေးမြူနိုင်ရေး၊ သောက်သုံးရေပြည့်ဝစွာရရှိရေး၊ စိမ်းလန်းစိုပြေစေရေး သစ်ပင်များစိုက်ပျိုးသွားရန်နှင့် ဝင်/ထွက်လမ်းများ ကောင်းမွန်စေရေး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မွေးမြူရေးဇုံအတွင်း၌ မွေးမြူထား ရှိသည့် ဒေသနွား၊ ဒေသကြက်၊ ဒေသဆိတ်နှင့် အသားစားကြက် မွေးမြူထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ ပြီး …
Read More »ပြည်ခရိုင်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေး
ပြည် ဩဂုတ် ၂၁ ပြည်မြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းက MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေး ပဲခူးတိုင်းဒေသကြီး MSME အေဂျင်စီနှင့် ပြည်ခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ခရိုင်သည် MSME လုပ်ငန်းများ အားကောင်းသည့် ခရိုင်တစ်ခုဖြစ်သလို လယ်ယာသုံးစက်ကိရိယာ၊ ဒေသထွက် လူသုံးကုန်နှင့် စားသုံးကုန် အမယ်မျိုးစုံထွက်ရှိပြီး ခရီးသွားလုပ်ငန်း အလာအလာရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအနေဖြင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုကို အားပေးမြှင့်တင်ခြင်း၊ သွင်းကုန်အစားထိုး ထုတ်လုပ်ခြင်း နှင့် ပို့ကုန်တိုးမြှင့် ပေးနိုင်ရေးတို့အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို ဒေသထွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်ရရှိ ရေးတို့ကို နည်းလမ်းပေါင်းစုံဖြင့် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
ပြည် ဩဂုတ် ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းက ပြည်မြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ ၆ထပ် ဆေးကုသဆောင်သစ်၌ ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများသည် ပြည်မြို့၊ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ လစဉ်ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူနေကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကဏ္ဍအလိုက် အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစစ်ဆေးပေး ခြင်း၊ ကုသပေးခြင်း၊ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းတို့ ဆောင်ရွက်ပေးနေမှုတို့အား လှည့်လည် ကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး လိုက်လံအားပေးစကား ပြောကြားခဲ့သည်။ ထိုနောက် ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှု …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website