Home / Bago Manager ZWL

Bago Manager ZWL

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)ဆက်ကပ်လှူဒါန်းပူဇော်

ပဲခူး အောက်တိုဘာ ၂၇           ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ယမန်နေ့ညပိုင်း၊ သီတင်းကျွတ်လ ပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆီမီး (၁၀၀၀၀) ဆက်ကပ်လှူဒါန်းပူဇော်ပွဲအား ရွှေမော်ဓောဘုရားရင်ပြင်တော်ပေါ်၌ ပြည်သူများနှင့်အတူ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဇနီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး အား ဗုဒ္ဓဂုဏ်တော်များကို ရည်မှန်း၍ နမောတဿသုံးကြိမ်ရွတ်ဆို ကန်တော့ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် စေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)အား စတင်မီးထွန်း ညှိပူဇော်ခဲ့ကြသည်။           ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ …

Read More »

ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော်ကြည်ညို

ပဲခူး အောက်တိုဘာ ၂၇ ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရား တောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်၊ ကြခတ်ဝိုင်းကျောင်းတိုက်သိမ်တော်၊ မဟာ ကလျာဏီသိမ်တော်နှင့် ကမ္မဌာန်းကျောင်းတိုက်သိမ်တော် စသည့်နေရာများတွင် သံဃဂိုဏ်းအလိုက် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော် ကြည်ညိုခဲ့ကြသည်။ သံဃမဟာပဝါရဏာပွဲတော်အား ရွှေမော်ဓောဘုရားတောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်ကြီး၌ ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဆောင်၍ သုဓမ္မာဂိုဏ်းဝင်ကျောင်းပေါင်း(၃၇၃)ကျောင်းမှ သံဃာ တော် (၂၉၁၄)ပါးတို့မှ (၁၀၃၅)ကြိမ်မြောက်ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကြခတ်ဝိုင်းကျောင်းတိုက် သိမ်တော်ကြီးတွင် ကြခတ်ဝိုင်းကျောင်းတိုက် ဆရာတော်ကြီးမှဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်း ပေါင်း(၂၄၂) သံဃာတော်အပါး(၁၉၀၉)ပါးမှ (၁၆၃)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ မဟာ ကလျာဏီသိမ်တော်ကြီးတွင် သာသနာ့မဏ္ဍိုင်ပါဌိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ကြီးမှ ဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၃၇)ကျောင်းမှ သံဃာတော်(၄၃၃)ပါးတို့မှ (၁၄၅)ကြိမ်မြောက် ပဝါရဏာ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာနှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၆           ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ယာဉ်ရပ်နားဝင်းအတွင်း၌ အောက်တိုဘာလ ၂၆ ရက်နေ့၊ ညပိုင်းအချိန်က လယ်ယာသုံး စက်ကိရိယာ နှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ  ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လယ်ယာသုံး စက်ကိရိယာနှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော် ဖွင့်ပွဲအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွဋ်၊ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်ကျော်လင်းနှင့် တိုင်းဒေသကြီးလယ်ယာသုံးစက်မှုထုတ်ကုန်အသင်း ဥက္ကဋ္ဌ ဦးငယ်လေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး တိုင်းဒေသကြီတရားလွှတ်တော် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တတိယအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ် မီးမျှောပူဇော်ပွဲတော်အား အောက်တိုဘာလ ၂၅ ရက်နေ့၊ ညပိုင်းက ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်း ရပ်ကွက်၊ ပဲခူးမြစ်၌ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ် မီးမျှောပူဇော်ပွဲတော်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် မြို့မိ/မြို့ဖ(၁)ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများမှ မြတ်ဗုဒ္ဓထံရည်မှန်း၍ မီးကြာခွက် (၂၀၀၀)အား စုပေါင်းမီးမျှောပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် စတုဒီသာကျွေးမွေး လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် စတုဒီသာကျွေးမွေးခြင်း အခမ်းအနားအား ယမန်နေ့  ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ သတင်းကျွတ်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊  တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် မြို့မိ/မြို့ဖ(၂)ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး တိုင်းဒေသကြီတရားလွှတ်တော် တရားသူကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများတို့သည် သီတင်းကျွတ် မီးထွန်းပွဲတော်ကျင်းပရာ မီးထွန်းပွဲတော်ကျင်းပရာ ရွှေမော်ဓောဘုရားလမ်းတစ်လျှောက်ရှိ မီးအလှဆင်ရုပ်ပုံများ၊ ရောင်စုံမီးပုံးများ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်ရှိ မိုးယွန်းကြီးအင်းအတွင်းသို့ တိုင်းရင်းငါးမျိုး များ စိုက်ထည့်ပေး

ပဲခူး အောက်တိုဘာ ၂၅           စားရေရိက္ခာဖူလုံရေးနှင့် ငါးသယံဇာတ စဉ်ဆက်မပြတ်ပေါများစေရန် ရည်ရွယ်၍ သဘာဝ ရေပြင်အတွင်းသို့ သဘာဝတိုင်းရင်းငါးများ စိုက်ထည့်ခြင်းအခမ်းအနားအား အောက်တိုဘာလ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မိုးယွန်းကြီးအင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက မိုးယွန်းကြီး အင်း(ဘေးမဲ့တော) သဘာဝရေပြင်အတွင်းသို့ ဒေသ ငါးမျိုးများဖြစ်သော ငါးမြစ်ချင်းကောင်ရေ(၄၅၀၀၀)၊ ငါးခုံးမကြီးကောင်ရေ(၂၀၀၀၀)၊ ငါးဖမ်းမ ကောင်ရေ (၅၀၀၀၀)၊ ငါးခူကောင်ရေ(၁၀၀၀၀)၊ ငါးရံ့ကောင် ရေ(၁၀၀၀၀)၊ ငါးပြေမကောင်ရေ(၁၀၀၀၀) ငါးကျဉ်းကောင်ရေ(၅၀၀၀) စုစုပေါင်း သဘာဝငါးကောင်ရေ …

Read More »

အောင်ပွဲရ ပဲခူးတိုင်းဒေသကြီးလက်ဝှေ့အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၂၄ ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ၌ အမျိုးသား တံခွန်စိုက်ဖလားနှင့် စုပေါင်းတံခွန်စိုက်ဖလား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ပဲခူးတိုင်း ဒေသကြီးလက်ဝှေ့အသင်းအား ဂုဏ်ပြုခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လက်ဝှေ့အသင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများက တစ်ဦးချင်း ဂါရဝပြု မိတ်ဆက်ခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲတွင် အနိုင်မခံ အရှုံးမပေးစိတ်ဖြင့် ရိုးသားကြိုးစားစွာ ဝင်ရောက် ယှဉ်နိုင်ခဲ့ပြီး ဆုတံဆိပ်များ၊ စုပေါင်းတံခွန်စိုက်ဆုဖလားနှင့် တံခွန်စိုက်ဆုဖလားများရရှိအောင် စွမ်းဆောင် နိုင်ခဲ့ကာ ပဲခူးတိုင်းဒေသကြီး၏ဂုဏ်ကို လက်ဝှေ့အားကစားနည်းဖြင့် မြှင့်တင်ပေးနိုင်ခဲ့ကြသည့် တိုင်း ဒေသကြီးလက်ဝှေ့အားကစားသမားများကို …

Read More »

ပဲခူးမြို့၌ ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး အောက်တိုဘာ ၂၄        ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ အောက်တိုဘာ လ(၂၃)ရက်နေ့၊ ညနေပိုင်းက  ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌတို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ လက်ဝှေ့ဝါသနာရှင်များက အမျိုးသား၊ အမျိုးသမီး ဝိတ်တန်းအလိုက် ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးခဲ့ကြသည်။         ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ရွှေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၄)ခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသော ပဲခူးတိုင်း ဒေသကြီးအသင်းအား …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကလေးအလုပ်သမားလျော့နည်း ပပျောက်စေရေး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှု မြင့်မား စေရေး ဆက်လက်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ အသက်(၁၄)နှစ်မှ အသက်(၁၆)နှစ်ကြား လုပ်ငန်းခွင် သို့ ရောက်ရှိနေသော ကလေးအလုပ်သမားများအား ဥပဒေအရ သတ်မှတ်ထားသည့် အလုပ်လုပ်ချိန်(၄) နာရီသာလုပ်စေပြီး ကျန်သည့်အချိန်တွင် ကျောင်းပြင်ပပညာရေးတွင် တက်ရောက်သင်ကြားစေခြင်းနှင့် အသက်မွေးပညာသင်တန်းတစ်ခုခု တက်ရောက်သင်ကြားနိုင်စေရေး ဖန်တီးပေးသွားရန်ဖြစ်ကြောင်း၊ ကလေးငယ်များနှင့် တိုက်ရိုက်ဆက်စပ်ပတ်သက်လျက်ရှိသည့် မိဘများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်ဖြစ်ကြောင်း၊ ကလေးအလုပ်သမား ပပျောက်စေရေးအတွက် မြို့ပြတွင် သာမက ကျေးလက်ဒေသအထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ဥပဒေပါပြဌာန်းချက်များကို လိုက်နာ စေရေး အသိပညာပေးခြင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကလေးအလုပ်သမား …

Read More »

ရဲတပ်ဖွဲ့ဝင် မိသားစုများ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်စေရေး စက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး အောက်တိုဘာ ၂၃           ပဲခူးမြို့၊ လူငယ်စင်တာခန်းမ၌ အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင် မိသားစုများ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်စေရေး စက်ချုပ်နည်းပညာ သင်တန်း ဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ နည်းလမ်း ပေါင်းစုံဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက် စေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးတက်လာစေရေး၊ တစ်ပိုင်တစ်နိုင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့ အတွက် အသက်မွေးနည်းပညာသင်တန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ယခုသင်တန်းသည် မိမိတို့၏အိမ်၌ ဝင်ငွေရရှိသည့် …

Read More »