Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ၂၀၂၄ခုနှစ်၊ စာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီး ၂၀၂၄ခုနှစ်၊ စာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မေ ၁၇

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ၂၀၂၄ခုနှစ်၊ စာတတ် မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်ဇနီးတို့ တက်ရောက် ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ များ က “ဒို့အင်အား”သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာမတတ်သူ ဦးရေလျော့ချသွား နိုင်မှာသာ အကောင်းအဆိုး အကြောင်းအကျိုး ခွဲခြားနိုင်ပြီး နှစ်အလိုက် စာတတ်မြောက်လာ စေရေးကို နှစ်အလိုက် စီမံချက်ချ ဆောင်ရွက်သွားရမှာဖြစ်ပြီး စာတတ်မြောက်ပြီးသူများအား စာဖတ်ချိန်မြှင့်တင်ခြင်း၊ ဝင်ငွေတိုးပွားအောင် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ကျန်းမာလုံခြုံသော ဘဝများပိုင်ဆိုင်ဖို့  “စဉ်ဆက်ပညာရေး”ကို ဆက်လက်ဆောင်ရွက်သွားကြရန်၊ အခြေခံစာတတ် မြောက်ရေးတွင် သင်ကြားပေးခဲ့သည့် သင်္ချာဘာသာရပ်၊ အရေးအဖတ်ဘာသာရပ်နှင့် သက်မွေး ပညာဘာသာရပ်များအား စဉ်ဆက်မပြတ် ဆက်လက်လေ့လာ ဆည်းပူးသွားရန် လိုအပ်မှာ ဖြစ်ကြောင်း၊ အခြေခံစာတတ်မြောက်ရေးသင်တန်းတွင် စေတနာဖြင့်  အသိပညာ၊ အတတ်ပညာ များ သင်ကြားပေးခဲ့သည့် သင်တန်းနည်းပြများ၊ ကြီးကြပ်ဆရာ/ဆရာမများအား အထူးပင်ကျေးဇူး တင်ရှိကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာတတ်မြောက်ရေး အကောင်အထည် ဖော်ဆောင်ရွက်ရေးဦးစီးကော်မတီ၏ မှတ်တမ်းတင်ဂုဏ်ပြုသည့် ဂုဏ်ပြု မှတ်တမ်းလွှာအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးပညာရေးမှူး တို့အားလည်းကောင်း၊ အခြေခံပညာ စာတတ်မြောက်ရေးလုပ်ငန်းတွင် နည်းပြ/ကြီးကြပ်များအဖြစ် ဆောင်ရွက်ခဲ့သူများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဂုဏ်ပြုထောက်ပံ့သည့် အင်္ကျီ၊ ဦးထုပ်နှင့်အိတ်များလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က နည်းပြ/ကြီးကြပ်များအား ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က သင်တန်းသားများအား သင်ယူပြီးမြောက်ကြောင်း လက်မှတ်များကို လည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ကြသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ပဲခူးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု Video Clip အား ကြည့်ရှုခဲ့ကြပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/ ကျောင်းသူလေးများက “စေတနာပန်းတို့လန်းရာမြေ” သီချင်းဖြင့် သီဆို ဖျော်ဖြေကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဇနီးတို့က အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

            ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားသူများ အခြေခံစာတတ် မြောက်စေရေးအတွက် စာသင်သား(၉၅၆၃)ဦးအား စာသင်ဝိုင်း(၇၁၁)ဝိုင်း၊ စေတနာလုပ်အားပေး နည်းပြ/ ကြီးကြပ်(၇၈၈)ဦးဖြင့် ဧပြီလ(၆)ရက်နေ့မှစ၍ ရက်ပေါင်း(၄၀)ကြာ သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။