သာယာဝတီ စက်တင်ဘာ ၂၁
သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား ယမန်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား အောင်ရတနာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ်(၂)အခြေခံပညာအထက်တန်းမှာ ကျောင်းသား /ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြသည်”သီချင်း ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို အခြေခံပညာကျောင်း များကို အခြေ ပြုပြီး နိုင်ငံ့အနာဂတ်စွမ်းအား အရင်းအမြစ်ပြုစု ပျိုးထောင်မှုများ အရှိန်အဟုန် မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက် များသို့ ဝင်/ထွက် သွားလာသည့် အလေ့အကျင့်များ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာ အတွေးအခေါ်မြင့်မားရေး ဗဟုသုတပြည့်စုံကြွယ်ဝရေးအတွက် စာတတ်သူတိုင်း စာဖတ်ကြ ရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများဖြစ်လာစေရန် ရည်ရွယ်ကျင်းပေပးလျက်ရှိရာ ၂၀၂၄ ခုနှစ်တွင် (၁၄)ကြိမ် ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို (၁၀)ကြိမ် ကျင်းပပေးသွားမှာဖြစ်ပြီး ယနေ့စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သည် (၅)ကြိမ်မြှောက် ကျင်းပပေးခြင်းဖြစ်ကာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ပူးပေါင်းဆောင်ရွက်မှုကော်မတီတို့ ပူးပေါင်း၍ ကျောင်းသား/သူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ အသိပညာ အတတ်ပညာများ အလွယ်တကူ ဆည်းအူးလေ့လာနိုင်စေရန်နှင့် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာများကို ကြိုးစား လေ့လာသင်ယူရင်း ဗဟုသုတရဖို့ စာပေများကို ဖတ်ရှု့လေ့လာကြစေလိုကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် သုတ/ရသ စာအုပ်စာစောင်များကိုလည်းကောင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနား၌ အသိပညာဗဟုသုတများရရှိစေရေး ဟောပြောပေးမည့် စာရေးဆရာကြီးများ ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဇာတိမာန်” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က စာကြည့်တိုက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ် ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်လျက်ရှိသော သုတ/ရသ စာအုပ်အရောင်းဆိုင်များ၊ ဉာဏ်စမ်းပြိင်ပွဲများ၊ ဘက်စုံအားကစားပြိုင်ပွဲများ၊ အဆို၊ အတီးစွမ်းရည်ပြပွဲများ၊ ပညာရေးဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။